ဖာသာရ် Paul သက်ခိုင်(မန္တလေး) သာမန်ကာလ (၂၇) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၄၊ ၁၀၊ ၂၀၂၂

သာမန်ကာလ (၂၇)ကြိမ်မြောက်အင်္ဂါနေ့ ရှင်လုကာ၁၀◌း၃၈-၄၂

ဤယနေ့ဖတ်ရှတ်ရတဲ့ဧဝ့ဂေလိကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်ဘုရားရှင်ကလာဇရူးရဲ့အစ်မနှစ်ဦး

ဖြစ်တဲ့မာသားနဲ့မေရီတို့ရှိနေတဲ့အိမ်ကိုအလည်ကြွလာတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်တို့တတွေလည်း

မိမိတိုခင်မင်သူတွေဆီအလည်အပတ်သွားတာရှိကြပါတယ်။ ဤအရာကိုကြည့်ခြင်းအားဖြင့်လည်းသခင်

ခရစ်တော်ဘုရားကကျွန်တော်တို့လိုလူမှုရေးရှိတယ်ဆိုတာထောက်ရှုမိပါတယ်။ သူဟာတရားဒေသနာတွေ

ဆက်တိုက်ဟောကြားနေရတော့ပင်ပန်နေ့မှာပါ။ ဒါကြောင့်သူခင်တဲ့အိမ်ကိုလာလည်ပြီးအနားယူတာဖြစ်နိုင်

သလို၊ မကြာမီအဲ့ဒီအိမ်ကလာဇရူသေရမယ်ဆိုတာကိုသခင်ယေဇူးကကြိုတင်သိတဲ့အတွက်သူတို့မိသားစုဝင်များ

ကိုကြိုတင်နှစ်သိမ့်ပေးဖို့လာတာလည်းဖြစ်နိုင်ပါတယ်။ သခင်ယေဇူကြွလာတဲ့အခါမှာ မာသားကသခင်ယေဇူး

ကိုထွက်ကြိုခဲ့တယ်။ မေရီကတော့အိမ်ထဲ့မှာပဲရှိနေခဲ့တယ်။ သခင်ယေဇူအိမ်ထဲ့သို့ရောက်ရှိလာချိန်မှာတော့

မေရီကသခင်ယေဇူးရဲ့ခြေတော်ရင်းမှာထိုင်ပြီးသခင်ယေဇူးသွန်သင်သမျှကိုနာထောင်နေခဲ့ပါတယ်။

အဲဒီအချိန်မှာမာသားကတော့ဧည်သည်ဖြစ်သူသခင်ယေဇူးကိုဧည်ခံကျွေးမွေဖို့ပြင်ဆင်ရင်အလုပ်တွေရှုပ်နေ

ခဲ့ပါတယ်။ မေရီကဝိုင်းမကူပဲသခင်ယေဇူးရဲ့ခြေတော်ရင်းမှာပဲ့ထိုင်နားထောင်နေတဲ့အတွက်ဝိုင်ကူညီလုပ်

ဆောင်ပေရန်ပြောပေးပါလို့မာသားကသခင်ယေဇူးထံတိုင်ကြားခဲ့ပါတယ်။ ဒီအချိန်မှာသခင်ယေဇူးက

“မာသားမာသားသင်သည်များစွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန်ခြင်းရှိ၏။ လိုအပ်သောအရာသည်တစ်

ခုတည်းသာဖြစ်၏မာရီယာသည်ထိုကောင်းမြတ်သောအရာတို့ကိုရွေးချယ်လေပြီထို့အရာတို့ကိုသူမထံမှဖယ်

ရှား၍ရလိပ်မည်မဟုတ်” ဆိုပြီးမိန်ကြာခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးမှာသူတို့နှစ်ားရဲ့လုပ်ဆောင်ခြင်တွေ

မှာအကောင်းတွေချည်းဖြစ်ပါတဘ်။ ဧည်သည်ကိုဧည်ခံကျွေးမွေးဖို့ဆိုတာအရေးကြီးသလို့ဧည် သည်ကိုစကား

ပြောဧည်ခံပေးခြင်းဧည်ပြောတဲ့စကားကိုနားထောင်ပေခြင်းကလည်းအရေးကြီးပါတယ်။ တကယ်တော့ဒီနေ

ရာလေးမှာသူတိုနှစ်ဦးစလုံးကသခင်ယေဇူရဲ့ခြေတော်ရင်းမှာအတူထိုင်ပြီးသွန်သင်တဲ့အရာတွေကိုနားထောင်

ပြီးတော့မှနှစ်ဦးစလုံးကဧည်ခံရေးအတွက်ချက်ပြုတ်ကြမယ်ဆိုရင်ပိုကောင်းပါလိပ်မယ်။ မာသာကသူဟာနဲ့

သူလုပ်ငန်းတွေလုပ်နေတုံကအပြစ်မဖြစ်သေးပါဘူး။ တရားကိုနားထောင်နေတဲ့သူကိုအလုပ်မလုပ်ရကောင်း

လာဆိုပြီးအပြစ်တင်လာချိန်မှာသူအပြစ်ဖြစ်သွားစေတာကိုထောက်ရှု့နိုင်ပါတယ်။ နားထောင်ခြင်းကအရေး

ကြီးပါတယ်နားထောင်ခြင်းဆိုတာပါရမီတစ်ပါအနုပညာတရပ်လိုတောင်ဆိုနိုင်ပါတယ်။ ကျွန်တော်တို့တတွေ

တော်တော်များများကနားနဲ့ပဲ့နားထောင်ပြီးနှလုံးသားနဲ့နားထောင်ပေးတာနည်းကြပါတယ်။ နားနဲ့နားထောင်

ရင်အသံလောက်ပဲ့ကြာရပြီးနှလုံးသာနဲ့နားထောင်ရင်တဖတ်လူရဲ့နှလုံးသာထဲ့မှာရှိတဲ့ရင်ထဲ့ကစကားတွေကို

တောင်ကြားလည်းကြာနိုင်ပါတယ်။ လူတွေစကားများရန်ဖြစ်ကြတဲ့အခါတွေမှာအသံကိုလိုတာထက်ပိုပြီးအ

ကျယ်ကြီးပြောတက်ကြတယ်။ ဒါပေမဲ့တဖတ်လူကလည်းအကျယ်ကြီပြန်အော်ပြောပြီးတစ်ဦးရဲ့စကားကိုတစ်

ဦးကမကြားကြတော့ပါဘူး။ အရမ်ချစ်နေကြတဲ့အခါတွေမှာကြတော့တိုးတိုးလေးပြောလည်းကြားရတယ်။

နားနဲ့နားထောင်တာနဲ့နှလုံးသားနဲ့နားထောင်တာကကွာခြာခြင်းပါ။ ဘုရာအမှုတော်ထမ်းဆောင်ဖို့အတွက်

နားထော်ခြင်းအရင်ပြုရမှာဖြစ်ပါတယ်။ မယ်တော်သခင်မကသားတော်ယေဇူးကိုပဠိသန္ဓေမစွဲ့မှိအမိန်တော်

ပြန်ခြင်းကိုအရင်နားထောင်ခဲ့တာဖြစ်ပါတယ်။ သားတော်ယေဇူးဘုရားကယ်တင်ခြင်အတွက်အသေမခံမှီခမည်း

တော်ဘုရားရဲ့အလိုတော်ကိုအရင်နာထောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေလည်း ကာယရေးနဲ့ ဝိညာဉ်

ရေးအတွက်အတူယှဉ်တွဲလုပ်နေရတာတွေရှိပါတယ်။ တာဝန်နှရပ်စလုံးကိုလစ်ဟင်းမှုတွေမရှိရလေအောင်မှန်

ကန်တဲ့အချိန်အခါအခြေအနေတွေကိုရွေးချယ်ပြီးလုပ်ဆောင်နိုင်အောင်ကြိုးစာရပါမယ်။ ငြိမ်းချမ်ခြင်းနှင်လွတ်

လပ်ခြင်းရရှိအောင်မြင်စေချင်တယ်ဆိုရင်ဆုတောင်းရုံနဲ့မပြီး ဘုရားကိုအားကိုးဆုတောင်းရင်လုပ်ဆောင်ရမယ်

အရာတွေကိုလည်းပါဝင်လုပ်ဆောင်ဖို့လိုပါတယ်။နေစဉ်လိုအပ်တဲ့အစားအစာကိုဘုရားထံတောင်းလျှောက်ပြီးလို့

ဆန်ရလာပြီးလျှင်ဆန်ကနေထမင်းဖြစ်အောင််တော့ကိုယ်တိုင်ချက်ရပါလိပ်မယ်။ ဘုရာ’ကတော့ထမင်းကိုလာ

ထည့်ပေမှာမဟုတ်ပါဘူး။ ဒါကြောင့်ညီအစ်ကိုမောင်နှမအပေါင်းတို့ကျွန်တိုလည်းမာသားနဲ့မေရီရဲ့အဖြစ်အပျက်

မျိုးနေစဉ်ကြုံတွေနေပါလိပ်မယ်။ မာသားကဲ့သိုအလုပ်လုပ်ရမဲ့အချိန်မှာအလုပ်လုပ်ဆောင်ပြီးမေရီကဲ့သို့ဘုရားနဲ့

စကားပြေားပြီးနား‌ထောင်ရမဲ့အချိန်အတွက်အချိန်ပေးနိုင်အောင်ကြိုးစာသွားကြပါစို။

Add new comment

1 + 0 =