ဖာသာရ် Paul သက်ခိုင်(မန္တလေး) သာမန်ကာလ (၂၇) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၅၊ ၁၀၊ ၂၀၂၂

သာမန်ကာလ (၂၇)ကြိမ်မြောက်ဗုဒ္ဓဟူးနေ့ ရှင်လုကာ၁၁◌း၁-၄

ဖာရီဇေဦးတွေနဲ့ကျမ်းတက်ဆရာတွေကဆုတောင်းတဲ့အခါတွေမှာရှည်လျှားတဲ့စကားလုံးတွေသုံးပြီး

သူတစ်ပါးအထင်ကြီးစေရန်နှင်သူတို့ကိုယ်ကြိုးရှိစေမယ်စကားလုံးတွေကိုသုံးခဲ့ပြီးဆုတောင်း

လေ့ရှိခဲ့ပါတယ်။ ထိုအရာကိုသခင်ခရစ်တော်ဘုရားကမနှစ်မြို့ခဲ့တဲ့အတွက်ဖာရီဇေဦးတွေကိုပြစ်

တင်ထောက်ပြတာတွေလည်းရှိခဲ့ပါတယ်။ သခင်ခရစ်တော်ဘုရားကသူတစ်ယောက်ထည်းမကြ

ာခဏဆုတောင်းတာကိုမြင့်တွေနေကြရတဲ့တပည့်တော်ကြီးများကလည်းဘယ်လိုဆုတောင်းရ

မလည်းဆိုတာသင်ကြာပေးရန်တောင်းဆိုကြတဲ့အတွက်ဆရာမပြနည်းလမ်းမကျဆိုသလိုမဖြစ်ရ

လေအောင်သခင်ခရစ်တော်ဘုရားကလည်းသူတို့ရဲ့ တောင်းဆိုမှုကိုလိုက်လျောသောအားဖြင့်ဘယ်

လိုဆုတောင်းရမည်ဆိုတာကိုအာရမိုက်ဘာသာစကားနဲ့နှုတ်တိုက်သင်ပေးခဲ့ပါတယ်။ နောက်မှာတ

ဖြည်းဖြည်းနဲ့စာပေအက္ခရာအဖြစ်ရေးသာလာခဲ့ကြတာဖြစ်ပါတယ်။ ထိုဆုတောင်းမေတ္တာကကျွန်

တော်တိုတတွေနေ့စဉ်ရွက်ဆိုဆုတောင်းနေကြတဲ့ကောင်းကင်ဘုံ၌မေတ္တာပဲ့ဖြစ်ပါတယ်။ ကောင်းကင်

ဘုံ၌မေတ္တာကဘုရားကိုယ်တိုင်သင်ပေးခဲတဲ့တခုတည်းသောမေတ္တာဖြစ်ပါတယ်။ ဆုတောင်မေတ္တာများ

အားလုံးရဲ့စံပြနဲ့အထွဠ်အမြတ်ဆုံးသော်မေတ္တာတစ်ပုဒ်လည်းဖြစ်ပါတယ်။ ကောင်းကင်ဘုံ၌မေတ္တ

ာမှာဆုတောင်းချက်၇ချက်ရှိပါတယ်။ (၁) ကောင်းကင်းဘုံ၌ကိန်းဝတ်တော် မူသောကျွန်ုပ်တို၏

အဖကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော (၂) ကိုယ်တော်၏နိုင်ငံတော်သည်

ရောက်ပါစေ (၃) ကောင်းကင်ဘုံ၌ဖြစ်သကဲ့သို့မြေကြီးပေါ်၌လည်းကိုယ်တော်၏အလိုတော်သည်ပြည်စုံ

ပါစေသော် (၄) နေ့စဉ်မပြက်အလိုရှိအပ်သောအရာအစားကိုကျွန်ုပ်ကို့အားယနေ့၌ပင်ပေသနားတော်မူပါ

(၅) ကျွန်ုပ်တို့ကိုထိခိုက်ကြူလွန်သောသူတို့အားကျွန်ုပ်တိုခွင့်လွှတ်သကဲ့သို့ကျွန်ုပ်တို့၏အပြစ်မျာကို

လွှတ်တော်မူပါ။ (၆) နှောက်ရှက်ခြင်းအမှုတို့၌ကျွန်ုပ်တို့ကိုပါဝင်ခြင်းမရှိစေပဲလျာက် (၇) မကောင်းဟူ

သမျှမှကင်းလွှတ်စေတော်မှူပါဆိုပြီးတော်ဖြစ်ကြပါတယ်။ ကျွန်တော်တတွေပုတီးစိတ်တဲ့အခါတွေမှ

ာကောင်းကင်ဘုံ၌မေတ္တာကိုအပိုင်းနှစ်ပိုင်အနေနဲ့လည်းခွဲပြီးဆိုလေရှိကြပါတယ်။ ပထမအပိုင်းကတော့

ကောင်းကင်ဘုံမှာရှိတော်မူတဲ့ဘုရားသခင်ကိုချီမွန်းဂုဏ်ပြုခြင်းဖြစ်ပြီး ဒုတိယအပိုင်းကတော့ကျွန်တို့ရဲ့

ဘဝအသက်တာရှင်သန်မှုအတွက်အရေးကြီးလိုအပ်သောအစားအစာများကိုတောင်းခံခြင်း၊ မိမိကနေမှသူ

တစ်ပါးကိုခွင်လွှတ်ပေးခြင်းနှင်ခွင့်လွှတ်ခြင်းကိုတောင်းခံခြင်း၊ အပြစ်ထဲ့သိုမကျရောက်စေရန်ခွန်အား

တောင်းခံခြင်းတို့ဖြစ်ပါတယ်။ သားတော်ယေဇူးဘုရာကသူရဲ့ခမည်းတော်ဘုရားကိုကျွန်ုပ်တို့ရဲ့အဖအဖြစ်

ခေါ်ခွင်ပေးထားခြင်းကသာတော်ယေဇူးဘုရားရဲ့ရက်ရောသောမေတ္တာတရားလို့လည်းဆိုနိုင်သလိုဖန်ဆင်

ခံလူသာကျွန်ုပ်တိုတတွေကကိုယ့်ကိုဖန်ဆင်တဲ့ဖန်ဆင်ရှင်ကိုအဖအဖေလိုဖခါ်ခွပ်ရခြင်းကအင်မတန်ကြီး

မာသောအခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။ စားဝတ်နေရေးအတွက်တောင်းခံတဲံအခါမှာတနေ့တာချင်း

စီအတွက်လိုအပ်သလောက်သာတောင်းခံစေခြင်းဖြင့်လောဘမောဟမထားကြရန်အစကတည်းကသွန်သင်

ရာရောက်ပါတယ်။ ခွင့်လွှတ်ခြင်းကိုခံယူဖို့ရန်အတွက်မိမိကအရင်ခွင့်လွှတ်ပေးရန်ပါရှိတဲ့အတွက်သူတစ်ပါး

ကိုခွင့်မလွှတ်နိုင်ပဲကောင်းကင်ဘုံ၌မေတ္တာဆိုနေခြင်းဟာလိမ်ညာနေရာလည်းရောက်ပါတယ်။ အပြစ်သို့ပို

သောလမ်းများကိုရှောင်ရှာတက်ရန်သတိပေးနေရာလည်းရောက်ပါတယ်။ ကျွန်ုပ်တို့ဆုတောင်းခြင်းဆိုတာ

ဘုရားနှင့်ကျွန်ုပ်တို့အကြားနီးစပ်စေဘိုဆက်သွယ်မူဖြစ်တယ်။ ဆုတောင်းခြင်းမရှိတော့ရင်ဘုရားသခင်နဲ့

ဆက်သွယ်မူလည်းတဖြည့်ဖြည့်နည်းသွာစေပြီးနောက်ဆုံမှာဆက်သွယ်မူပြတ်တောက်သွားနိုင်ပါတယ်။

ထိုရည်ရွယ်ချက်များဖြင့်သခင်ယေဇူးကဒီမေတ္တာကိုသင်ပေးခဲ့တယ်ဆိုတာဆင်ခြင်သုံးသပ်လှျက်သခင်

ယေဇူးသင်ကြားပေတဲ့အတိုင်နေ့စဉ်ဆုတောင်းနိုင်ရန်ကြိုးစားသွားကြပါစို။

Add new comment

11 + 1 =