ဖာသာရ် Paul သက်ခိုင်(မန္တလေး) သာမန်ကာလ (၂၃) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၅၊ ၉၊ ၂၀၂၂

သာမန်ကာလ (၂၃) ကြိမ်မြောက် တနင်္လာနေ့ (ရှင်လုကာ ၆း၆-၁၁)

 မိခင်တွေကသူတိုရဲ့ရင်သွေးငယ်လေးရဲ့လက်ကိုဆုပ်လိုက်ဖြန်လိုက်နဲ့လုပ်နေတဲ့ချိုတိန်တိန်ဆိုတဲ့

အရာလေးကိုကမ္ဘာကျော်ကချေသည်တို့ရဲ့အကထက်ပိုပြီးကြည်ကောင်းတယ်လို့ခံစားတက်ကြပါ

တယ်။ မိခင်တွေကသူတို့ရင်သွေးငယ်လေးများရဲ့ပါစပ်ကနေပူးပူးနဲ့မုတ်နေတဲ့အသံကိုလည်းကမ္ဘာ

ကျော်တေးသံရှင်များရဲ့အသံထက်ပိုပြီးနားထောင်ကောင်းတယါလို့မှတ်ယူတက်ကြပါတယ်။

ဘာဖြစ်လိုအဲဒီလို့ဖြစ်ရလည်းဆို့တော့မိခင်ကသူရင်သွေးကိုသူကိုယ်ပွားလေးအဖြစ်မြင်ပြီးအရမ်း

ချစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာကအကောင်းမြင်ခံစားစေပါတယ်၊ချစ်ခြင်း

မေတ္တာကအားနည်းချက်ကိုတောင်ဖုံးကွယ်ပေးပြီးကောင်းကွက်နှင့်ဖြည့်ပြီးကြည့်တတ်ပါတယ်။

ဘုရားဖြစ်တဲ့သခင်ခရစ်တော်ကလူသားတွေကိုကြည့်တဲ့အခါထိုအကြည့်နဲ့ကြည့်ပြီချစ်ပေးတယ်။

ကျွန်ုတို့လူသားတွေဆိုတာကဘုရားသခင်ကသူရဲ့ရွှေပုံသဏ္ဍာန်တော်အတိုင်ဖန်ဆင်းခဲ့တဲ့သူချစ်တဲ့

သူရဲ့ကိုယ်ပွားတွေပါပဲ။ဒါကြောင့်ဘုရားသခင်ကဆင်ရဲတဲ့သူတွေကိုလည်းသနားတယ်။အနာရေားဂါ

သည်တွေကိုလည်းသနာပြီးကုသပေးလေ့ရှိတယ်။ဤယနေဖတ်ရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာ

ထိုအဖြစ်အဖြစ်ပျက်မျိုးကိုတွေ့ရှိရပါတယ်။ဥပုသ်နေ့တစ်နေ့မှာလက်ယာလက်သေနေတဲ့သူတစ်

ယောက်ကိုတွေရပြီးသူပေါ်သနားခြင်းသက်ရောက်ကကုသပေးချင်ခဲ့တယ်။ဘုရားကထို့သို့ချစ်ခြင်း

မေတ္တာထားပေမဲ့လူသားဖြစ်တဲ့ဖရီရှဲလ်တွေကဥပုသ်နေ့မှာကုသပေးရကောင်းလားဆိုပြီးနှောက်ယှက်

တားဆီးလိုစိတ်ရှိခဲ့ကြပါတယ်။ထိုသို့စိတ်ထားရှိကြသည်ကိုသခင်ယေဇူးသိတော်မူလျက်သူတို့အား

“သင်တို့အားငါမေးမြန်လို့၏ဥပုသ်နေ့၌ကောင်းမှုကိုပြုအပ်သလောသို့မဟုတ်မကောင်းမှုပြုအပ်

သလော့။လူအသက်ကိုကယ်တင်အပ်သလော့သို့မဟုတ်ဖျက်စီးအပ်သလော့”။ဆိုပြီးသူတို့ကိုမေးခဲ့

ပါတယ်။ထို့သိုမိန်တော်မူပြီးနောက်လက်ယာလက်သေနေသောသူကို “သင်၏လက်ယာလက်ကိုဆန့်

လော့”ဟုမိန်တော်မူပြီးကုသပေးခြင်းကြောင့်အကောင်းပကတိဖြစ်သွားပါတယ်။ဤအချင်းအရာကို

ကြည့်ခြင်းအားဖြင့်ဘုရားသခင်မှာလူသားတွေအပေါ်အစဉ်မေတ္တာပေးနေသော်လည်း၊လူသားတို့ဘက်

မှာဘုရားသခင်အပေါ်ယုတ်ညံ့သောစိတ်ထားဖြင့်တုံ့ပြန်သည်ကိုလည်းကောင်း၊လူသာအချင်းချင်းအပေါ်

မနာလိုခြင်းကိုလည်းကောင်းတွေရှိရပါတယ်။ဒါအပြင်သခင်ခရစ်တော်ဘုရားကမိမိလုပ်နေသောလုပ်ရပ်

မှာမှန်ကန်ကောင်းမွန်သည်ဖြစ်၍သူတပါးတိုမှနှောက်ယှက်တာဆီးသော်လည်းအလျော့ပေးရပ်တန့်ခြင်း

မရှိဘဲဆက်လက်လုပ်ဆောင်နေသည်ကိုတွေ့ရှိရပါတယ်။

 မိတ်ဆွေတို့အချို့သောသူတွေကအကောင်းမြင်တတ်သလို၊အချို့ကဆိုးမြင်တတ်တာလည်းရှိပါတယ်။

မိမိကကောင်းတာကိုပြုလုပ်ရန်အားယူကြိုးစာနေတဲ့အချိန်မနာလိုသူတွေကပြစ်တင်ရှတ်ချတာတွေလည်း

ရှိတတ်ပါတယ်။မိတ်ဆွေတို့ထိုအချိန်မျိုးတွေမှာမိမိလုပ်ဆောင်နေသောလုပ်ရပ်သည်မှန်ကန်ကောင်မွန်နေ

ပါကသခင်ခရစ်တော်၏လုပ်ရပ်ကိုအတုယူပြီးပြီမြောက်အောင်ဆက်လက်လုပ်ဆောင်သင်ပါတယ်။

ဒါကြောင့်ညီအစ်ကိုမောင်နှမအပေါင်းတို့သင်တို့ကျွန်ုတို့လည်းသခင်ယေဇူးကိုအတုယူပြီးမိမိနှင်နီးစပ်သော

သူမျာအပေါ်မေတ္တာရှေ့ထားကူညီစောင့်ရှောက်နိုင်ရန်နှင့်အတူဖရီဇေဦးတို့၏မနာလိုခြင်းမျိုးတို့ကိုရှောင်ရှာ

သွားနိုင်ရန်ကြိုးစာရင်နှင်အတူလိုအပ်သောကျေးဇူးတော်များဆက်လက်တောင်းခံသွားကြပါစို့။

Add new comment

11 + 7 =