ဖာသာရ် Paul သက်ခိုင်(မန္တလေး)သာမန်ကာလ (၁၈) ကြိမ်မြောက် စနေနေ့ သြဝါဒ ၆၊ ၈၊ ၂၀၂၂

              သခင်ယေဇူးအဆင်းသဏ္ဍာန်ပြောင်းလဲခြင်း
    ဤယနေ့ဟာသခင်ယေဇူးအဆင်းသဏ္ဍာန်ပြောင်းလဲခြင်းပြြတော်နေ့ကြီးဖြစ်ပါတယ်။  အနောက်တိုင်းခရစ်ယာန်

များအနေနဲ့ဤပြွတော်ကို(၁၁)ရာစုကတည်းကကျင်းပလာခဲ့ကျတာဖြစ်ပါတယ်။ သခင်ယေဇူးအဆင်းသဏ္ဍာန်ပြောင်းလဲ

ခြင်ရဲရည်ရွယ်ချက်ကတော့ မိမိဟာအများမျှော်လင့်တောင်းတနေသောကယ်တင်ရှင်မက်ဆီးယားနှင့် ဘုရားရဲသာတော်ဖြစ်

တယ်ဆိုတဲ့အကြောင်းသက်သေပြရန်နှင့်ဒုက္ခစရိယာမကျင့်ခံမှီတပည့်တော်များရဲယုံကြည်ခြင်း ပိုမိုခုင်မာစေရန်သူမှာရှိသေ

ာတန်ခိုးတော်ကိုထုတ်ပေါ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ထိုရည်ရွယ်ချက်‌တွေကြောင့်ပဲ သူဒုက္ခစရိယာမကျင့်ခံထမ်းမှိရက်ပိုင်း

အလိုလေးမှာယာကုဒ်၊ ယောဟန်၊ ပေတရူးတိုကိုတာဘောတောင်ပေါ်သို့ခေါသွားပြီးဆုတောင်းပဥနာပြုပါတယ်။  ထိုသုံးဦး

ကိုလက်ရွေးစင်အဖြစ်ရွေ ပြီးခေါ်သွားရခြင်ကလည်း လူအများရှေ့မှာသက်သေဖြစ်စေရန်အတွက်ဖြစ်ပါတယ်။ ထိုတာဘော

တောင်ပေါ် ဆုတောင်းနေစဉ်အခိုက်မှာပဲသခင်ယေဇူးရဲမျက်နှာတော်နဲ့ဝတ်ရုံတို့ဟာဘုန်တန်ခိုးတော်ကြောင့်ဖြူဖွေးတောက်

ပသွားခဲ့ပါတယ်။ ဒါတင်မကဘူးသခင်ယေဇူးရဲအနားမှာပဲမိုးဇက်နှင်ဧလိယထင်ရှားပေါ်လာပြီးသခင်ယေဇူးနဲ့စကားပြောနေ

ခဲကြပါတယ်။ သူတို့ပြောသောစကားများကတော့ထွက်မြောက်ရာကျမ်းမှာပါရှိသောသခင်ယေဇူးဒုက္ခစရိယာခဲထမ်းခြင်းနှင့်

ရှင်ပြန်ထမြောက်မယ့်အကြောင်းတို့ဖြစ်ပါတယ်။ ဒီနေ့ရာမှာမိုးဇက်က တရားဥပဒေပညတ်ချက်တွေကိုကိုယ်စားပြုသလို၊

ဧလိယကပရောဖတ်များကိုကိုယ်စားပြုပါတယ်။ ဒါအပြင်မိုးဇက်ကသေပြီးသောသူတို့ရှင်ပြန်ထမြောက်မယ့်အကြောင်းကိုယ်

စားပြုသလို၊ ဧလိယကတော့အရှင်လတ် လတ်ရထားလုံးနဲ့ကောင်းကင်သို့ပင်ဆောင်ခြင်းခံခဲ့ရတဲ့အတွက်နောက်ဆုံးသေ

တရားစီရင်ခြင်းနေ့မှာအသက်ရှင်လျက်ရှိနေမယ့်သူများလည်းရှိနေအုံးမယ်ဆိုတာကိုယ်စားပြုပါတယ်။အဆင်းသဏ္ဍာန်

ပြောင်းလြခြင်းမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုယ်တော်အဖို့တည်းတစ်ဆောင်၊ မိုးဇက်ဖို့တည်းတစ်ဆောင်၊ ဧလိယအဖို့

တည်းတစ်ဆောင်ကိုယ်တော်အလိုရှိပါလျှင်ဆောက်လုပ်ပါမည်လို့သံပေတရူးဂရောင်ခြောက်ခြားနဲ့ပြောထွက်မိလောက်အောင်

ထိသာယာနေချင်စဖွယ်ဖြစ်နေခြင်းကဒီကမ္ဘာလောကရဲ့အလွန်မှာရှိတဲ့ကောင်းကင်နိုင်ငံတော်ကအရမ်းသာယာပြီးနေချင်စရာ

ကောင်းသောအဖရဲ့အိမ်တော်ရှိတယ်ဆိုတာအရိပ်မြွက်ဖေါ်ပြလိုက်ခြင်ပါ။
   သခင်ယေဇူးကဖန်ဆင်ရှင်ဖြစ်တဲ့အတွက်သူတန်ခိုးသုံးပြီးသူမျက်နှာနဲ့ဝတ်ရုံကိုမိုးပွင့်ကဲ့သို့ဖြူဖွေးတောက်ပပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ကဖန်ဆင်းခံတွေမို့တန်ခိုးမရှိတော့ထိုသို့အဆင်းသဏ္ဍာန်မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ Godis image ဆိုတဲ့တို

ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ရုပ်အသွင်ဖြစ်သောဝိညာဉ်ဆိုတာရှိနေတဲ့အတွက်ထို့ဝိညာဉ်ကို နှလုံးသာထဲ့မှာချစ်ခြင်းမေတ္တာများနှင်း

ရိုးသာဖြောက်မတ်ခြင်း၊ သနားကြင်နာများ၊ ကိုယ်ချင်းစာတရားထားရှိခြင်းများ၊ အမှန်တရားဘက်မှာရပ်တည်ခြင်းများ၊ အနစ်နာ

ခံပေးဆပ်အစေခံခြင်းများနှင့်အတူဘုရားအပေါ်ထားရှိသောယုံကြည်ခြင်းတို့ပေါင်းစပ်ပြီးကျွန်ုပ်တိုရဲ့ ဝိညာဉ်ရေးဘဝအသက်တာ

ကို‌ပြောင်းလဲကာနေကဲ့သို့ထွန်းတောက်နိုင်တယ်ဆိုတာကိုစင်ချင်အောင်မေ့ပြီးသင်တိုကျွန်ုပ်တို့တစ်ဦးခြင်းစီဘဝကိုစီကိုအကောင်

ဘက်သို့ပေါင်းလြနိုင်ရအောင်ကြိုးစားရင်းလိုအပ်သောကျေးဇူးတော်မျာတောင်းခံသွားကြပါစို့။

Add new comment

9 + 9 =