ဖာသာရ် Paul သက်ခိုင်း (မန္တလေး) သာမန်ကာလ (၁၄) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၄၊ ၇၊ ၂၀၂၂

 ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ဤယနေ့ဟာ ၁၄ကြိမ်မြောက်သာမန်သီတင်းပတိရဲ့တနင်္လာနေ့ဖြစ်ပါတယ်။

မိတ်ဆွေအယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးတာ်မူပါစေ။ 

    ညီအစ်ကိုမောင်နှမအပေါင်းတို့ကျွန်ုပ်တို့တတွေအကြိမ်ပေါင်းများစွာ၊ အကြောင်းအရာများစွာအတွက်ဘုရားသခင်ထံမှာဆု

တောင်းခဲ့ဘူပါလိပ်မယ်။ ဘယ်လိုအနေအထားတွေနဲ့ဆုတောင်းခဲ့ကြသလည်းပြန်သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကဘယ်လိုအ

ခြေအနေတွေမှာဆုတောင်းခြင်းတွေကိုပိုမိုဖြည်ဆည်းပေးပါသလဲဆိုတာကိုဧဝံဂေလိကျမ်းစာနေရာတော်တော်များများမှာတွေ့

ရှိနိုင်ပါတယ်။ ဤယနေဖတ်ရှု့ရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာ အရာရှိတစ်ယောက်ကနေသခင်ယေဇူးထံချဉ်းကပ်ပြီးနှိမ့်

ချပျပ်ဝပ်ကာသေသွားတဲ့သူသမီးလေးအပေါ်လက်တင်ကုသပေးပြီးအသက်ပြန်ရှင်လာနိုင်စေရန်တောင်းဆလျှာက်ခြင်းအကြောင်း

နှင့် တစ်ဆယ်နှစ်ပတ်လုံးသွေးသွန်နာစွဲ့နေတဲ့အမျိုးသမီးတစ်ဦးကသခင်ယေဇူးရဲ့ဝတ်ရုံတော်အနားစကိုတို့ထိတာနဲ့သူမရဲ့ရောဂါ

ဝေဒနာတွေသက်သာပျောက်ကင်းလိမ်မယ်လို့ယုံကြည်ချက်နဲ့သခင်ယဇူရဲ့နောက်တော်ကနေတိတ်တိတ်းလေချဉ်းကပ်ပြီး

သခင်ယေဇူးရဲ့ဝတ်ရုံတော်အနာစကိုတို့ထိကြောင်းတွေ့ရှိရပါတယ်။ ဒီအဖြစ်အပျက်နှစ်ခုမှာကြည့်မယ်ဆိုလျှင်အရာရှိတစ်ဦးဆို

သူဟာ အရာရှိဆိုကတည်းက သူရဲ့အနီးအနာမှာအခြွေအရံများစွာ၊ အစေခံများစွာ၊ မိတ်ဆွေများစွာရှိါလိပ်မယ်။ သူသမီးသေ

သွားတာသတင်းကြားရတာနဲ့သူတို့တတွေကအရာရှိထံသူထက်ငါအလုအယက်ရောက်လာကြပြီးနှစ်သိပ်မှုတွေတော့ပေးကြပါလိပ့်

မယ်။ ဒါပေမဲ့ထိုအရာရှိကသူလိုခြင်တာကလူတွေရဲ့နှစ်သိမ့်အာပေးခြင်းကိုလိုခြင်တာမဟုတ်ပါဘူး။ သူအရမ်းချစ်တဲ့သမီးလေး

အသက်ပြန်ရှင်တာကိုလိုချင်ခဲ့တာပါ။ ဒါ‌‌‌ကြောင့်သူကိုနှစ်သိမ့်အားပေးသူတွေကိုစွန့်ခွာချန်ခဲ့ပြီးမှ အသက်ကိုပြန်ပေနိုင်မယ်လို့သူ

ယုံကြည့်မိတဲ့ခသင်ယေဇူးထံကိုယုံကြည်ချက်အပြည့်ဖြင့် နှိမ်ချစွာချဉ်းကပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့သို့ချဉ်းကပ်ခဲ့ရခြင်းအတွက်သူ

သမီးလေးရှိရာသို့ကြွရောက်ပြီးသခင်ယေဇူးကသူလက်ကိုသမီးငယ်ထံဆန့်တန်းကာထူမပေးပြီး အသက်ပြန်ရှင်စေခဲ့ပါတယ်။

ထိုနည်းတူစွာပဲတစ်ဆယ်နှစ်ပတ်လုံးသွေးသွန်နာစွဲ့နေသူအမျိုးသမီးဟာ သွေးသွန်နာရောဂါကြောင့်လူတွေကြာကိုသွားလာဖို

ရှက်ကြောက်ခြင်းတွေခံစာရပါလိုက်မယ်။ သခင်ယေဇူးထံပါစပ်ကနေပြောပြပြီးကုသပေးဖို့တောင်းဖို့ရန်လည်းခက်ခဲ့ပါလိပ်မယ်။

ဒါကြောင့်သူမဟာယုံကြည်ခြင်းနှိမ့်ချခြင်းကိုသာရှေ့ရှုံပြီး အရှက်ကြောက်တွေကိုဘေးဖယ်က သခင်ယေဇူးရဲ့ဝတ်ရုံတော်အနာ'

စကိုအနောက်ကွယ်ရာကနေတို့ထွခဲ့တယ်။ ထိုယုံကြည့်ခြင်ကပဲ သူမရဲ့သွေးသွန်နာကိုချက်ချင်းသက်သာပျောက်ကင်းစေခဲ့ပါတယ်။

အရာရှိသမီးကသေသွားပြီးသာဖြစ်တဲ့အတွက် သွေးသွန်နာစွဲ့နေတဲ့အမျိုးသမီးထက်ပိုပြီးတော်အလျှင်စလိုအရေးကြီးလိပ်မယ်လို့

လူအမြင်နဲ့မြင်ပါလိပ်မယ်။ ဒါပေမဲနှစ်ဦးစလုံးကိုသူသာပေးခြင်းအားဖြင့်ဘုရားသခင်ရဲ့ရှေ့မျက်မှောက်မှာတစ်ဦးချင်စီကညီတူညီမျှ

တန်ဖိုးထာခံရကြောင်းကိုလည်းသိရှိရန်သတင်းပေးနေသလို အရာရှိနဲ့ထိုအမျိုသမီးတို့ကဲ့သို့ယုံကြည်နှိမ့်ချစွာချဉ်းကပ်တက်ကြရန်

သခင်ခရစ်တော်ကသွန်သင်နေရာလည်းရောက်ပါတယ်။ ဒါကြောင်ကျွန်ုပ်တို့ရဲ့အစွမ်းအစတွေ့၊ ရာထူတွေ၊ အာဏာဝွေ၊ ငွေကြေးတွေထို့အ

ရာတွေအပေါ်မှာထားတဲ့ယုံကြည့်အားကိုးမှုတွေကိုစွဲ့ပြီးဘုရားသခင်အပေါ်အပြည့်အဝပုံဪယုံကြည်အားကိုးမယ်ဆိုရင်ကျွန်ုပ်တို

လို့အပ်နေတဲ့ဆုကျေးဇူးမျာအလျင်အမြန်ပြည့်ဝစေနိုင်တယ်ဆိုတာကိုထောက်ရှု့ရင်လိုအပ်နေတဲံဆုကျေးဇူများကိုဆက်လက်

တောင်းခံသွာကြပါစို့

 

Add new comment

8 + 4 =