ဖာသာရ် Paschal သီကိုရှင် (SDB) ဝါတွင်းတတိယသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၅၊ ၃၊ ၂၀၂၃

မတ်လ (၁၅) ရက် ၊ ဗုဒ္ဓဟူးနေ့

ဒီယနေ့ ကြားနာရတဲ့ ကျမ်းစာတော်မြတ်က ဘုရားသခင်ရဲ့ ပညတ်ဥပဒေကျမ်းတွေရဲ့ အရေးကြီးပုံကို ထောက်ပြ နေပါတယ်။

ဓမ္မဟောင်းကာလမှာတုန်းက ပေးခဲ့တဲ့ တရားကျမ်းတွေကို ဖျက်သိမ်းဖို့အတွက် ခရစ်တော်က ဆင်းကြွလာခဲ့ တာ မဟုတ်ပါ

ဘူး။ တရားကျမ်းတွေကို ပိုပြီး ပြည့်စုံဖို့အတွက် လာခဲ့တာပါ။ သခင်ခရစ်တော်ရဲ့ အချိန်အခါတုန်းက လူတွေကလည်းထင်

ချင်ထင်ကြမှာပါ။ ခရစ်တော်ဟာ ဥပဒေကျမ်းတွေကို အစားထိုးဖို့ ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ ထင်ကြတယ်။ ပညတ်ကျမ်း

တွေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ ပြောင်းလဲဖို့လည်းမဟုတ်ဘူး။ ပညတ်ကျမ်းတွေကို မိမိကိုယ်တိုင် လိုက်ကျင့်ကြဖို့၊

သူများကိုလည်း လိုက်ကျင့်ကြအောင် ဦးဆောင်လမ်းညွှန်မှုတွေပေးကြဖို့ ထပ်ပြီး ဖိတ်ခေါ် လိုက်ပါတယ်။ 

 ကျွန်ုပ်တို့ ခရစ်ယာန်တွေအနေနဲ့ ပညတ်ဥပဒေတွေကို ဘယ်လို စိတ်နေစိတ်ထားမျိုးတွေနဲ့ လိုက်ကျင့်နေကြလဲ။ မစ္ဆားတရား

ကို ဝတ္တရားရှိလို့ နာယူတာလား။ ဆုတောင်းမေတ္တာတွေကို စိတ်မပါဘဲ တာဝန်အရ ရွတ်ဆိုနေကြတာလား။ ပညတ်ကို ဥပဒေ

သကြီးတစ်ခုလို့ မသတ်မှတ်ဘဲ ကိုယ့်ဘဝကို တည့်မတ်စေတဲ့ လမ်းညွှန်အဖြစ် ခံယူကြရပါမယ်။ လိုလို လားလားနဲ့ လိုက်နာ

စောင့်ထိန်း ကြဖို့ လိုပါတယ်။ တချို့လူတွေက မိမိကိုယ်တိုင်လည်း လိုက်နာတယ်။ သူတစ်ပါး ကိုလည်း လိုက်နာဖို့ တိုက်တွန်း

တယ်။ တချို့ကျတော့ သူများကိုပဲ တိုက်တွန်းတာ မိမိကိုယ်တိုင်က လိုက်နာဖို့ ပျက်ကွက်တတ်ကြပါတယ်။

  တစ်ခါမှာ ဘုန်းတော်ကြီးတစ်ပါးက သာသနာအုပ်စုတစ်ခုကို တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့လာရပါတယ်။ ဘုန်းတော်ကြီး

ရောက်တဲ့နေ့မှာ ဘာသာဝင်တစ်ဦးက '' အို ဘုန်းကြီးအသစ်ရောက်ပြီလာ။ အေး ဒီကိုယ်တော်ကတော့ အရင် ကိုယ်တော်လိုတော့

မဟုတ်လောက်ဘူးထင်ပါရဲ့" လို့ ဘုန်းကြီးရှေ့မှာပဲ ပြောချပစ်လိုက်တယ်။ ဘုန်းကြီးကလည်း အားနာနာနဲ့ အရင်ဘုန်းကြီးက

ဘာများဖြစ်လို့လဲ လို့ ပြန်မေးပါတယ်။ "ဘာဖြစ်ရမှာလဲ ကိုယ်တော်ရဲ့၊ တပည့်တော်တို့ကို ဘုရားကျောင်းမလာရင် ကောင်းကင်

မရောက်ဘူးလို့ ပြောတယ်လေ။ ကောင်းကင်နိုင်ငံတော်ကို သူပိုင်တာကျနေတာပဲ။ သူကျတော့ နေချင်သလို နေပြီးတော့" ဆိုပြီး

အားရပါးရ ပြန်ဖြေလိုက်ပါတယ်။ သူတစ်ပါးကို ပညတ်ချက်တွေ လိုက်နာစေချင်တယ်ဆိုရင် မိမိကိုယ်တိုင်က ဦးစွာစောင့်ထိန်းဖို့

လိုပါတယ်။ ဘုရားရဲ့ ပညတ်တော်ကို အသေးအမွှားလေးက အစ ကိုယ်တိုင်လိုက်ကျင့်တယ်။ သူများကိုလည်း လိုက်နာအောင်

လမ်းပြနိုင်တယ်ဆိုရင်တော့ ဒီလိုမျိုးလူပုဂ္ဂိုလ်ဟာ ကောင်းကင်နိုင်ငံတော်မှာ ကြီးမြတ်တဲ့သူ ဖြစ်ပါလိမ့်မယ်။ ဘုရားရှင်ရဲ့

ပညတ်တော်တွေကို မိမိကိုယ် တိုင် စိတ်ပါကိုယ်ပါ လိုက်နာကြစို့။ ဒါမှသာလျှင် တစ်ပါးသူကိုလည်း လမ်းပြခေါ်ဆောင်နိုင်ပါ

လိမ့်မယ်။

Add new comment

2 + 2 =