Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Paschal သီကိုရှင်း (SDB) ဝါတွင်းတတိယသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၁၄၊ ၃၊ ၂၀၂၃
မတ်လ (၁၄)ရက်၊ အင်္ဂါနေ့
ဘဝမှာ အပြောလွယ်သလောက် လက်တွေ့ခက်တာတွေအများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ ခွင့်လွတ်ပေးရတာ လည်
း တစ်ခုအပါဝင်ဖြစ်ပါတယ်။ နာကျင်မှုပမာဏက ကြီးလေလေ ခွင့်လွှတ်ပေးဖို့ကလည်း ပိုခက်လေလေပဲ။ တကယ်
တော့ ခွင့်လွှတ်ပေးခြင်းဆိုတာ ဆက်ဆံရေးတစ်ခုကို တည်မြဲစေတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ဘယ်လို ဆက်ဆံရေ
းပဲ ကြည့်ကြည့်ပါ။ ညီအစ်ကိုမောင်နှမ၊ သားအမိ၊ လင်မယား၊ မိတ်ဆွေ အချင်းချင်းကြားမှာ တစ်ယောက်ကိုတစ်
ယောက် ထိခိုက်နာကျင်စေတဲ့အခိုက်အတန့်တွေဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုအဆင်မပြေတဲ့အခိုက်အတန့်တွေမှ
ာ နားလည်ပေး ခြင်း၊ သီးခံခွင့်လွှတ်ပေးခြင်းတွေသာ မရှိရင် ရေရှည်တည်တန့်နိုင်ဖို့မလွယ်ပါဘူး။ ဘုရားနဲ့လူနဲ့ကြာ
း ဆက်နွယ်ပတ်သက်မှု မှာလည်း လူက အမှားပြုတဲ့အခါ ဘုရားကိုတောင်းပန်၊ ဘုရားက ပြန်ခွင့်လွှတ်နဲ့ ဘဝကို
ရှင်သန်ကြရတာပါ။ ဘုရားက လူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးသလို လူ့ဖက်ကလည်း ခွင့်လွှတ်ခြင်းပြဖို့လိုလာတယ်။
ဘုရားကိုတော့မဟုတ်ဘူး။ ကိုယ့် အပေါ်ထိခိုက်နာကျင်စေတဲ့ သူ ဘယ်သူ့ကိုမဆို ခွင့်လွှတ်ပေးဖို့ လိုအပ်လာပါတယ်။
ဒီယနေ့ကျမ်းစာထဲမှာ ပေတရုက ကိုယ့်အပေါ်ထိခိုက်ပြစ်မှားတဲ့သူက ဘယ်နှစ်ကြိမ်ခွင့်လွှတ်ပေးရမလဲလို့ ခရစ်တော်
ဘုရားထံ မေးလျှောက်ပါတယ်။ ဒီအခါမှာ ကိုယ်တော်က ဥပမာလေးတစ်ခုနဲ့ ပြန်လည်သွန်သင်ပေးပါတယ်။
ကောင်းကင်နိုင်ငံတော်ကို မိမိအစေခံများနဲ့ စာရင်းရှင်လိုတဲ့ ဘုရင်တစ်ပါးနဲ့ ဥပမာပေးပါတယ်။ တာလင်တစ်သောင်း
အကြွေးပေးစရာရှိတဲ့သူက မပေးနိုင်တဲ့အခါ ဘုရားကိုတောင်းပန်တယ်။ သနားစိတ်ပွားပြီး ဘုရင်က သူ့ကို ဖြေလွတ်ပေး
လိုက်တယ်။ အဲ့ဒီအစေခံက သူ့အပေါ်မှာ ဒေနာရီတစ်ရာအကြွေးပေးစရာရှိတဲ့သူကိုကျ လည်ပင်းညစ်ပြီးမရမက တောင်း
တယ်။ ဒီနေရာမှာ ငွေပမာဏကို ကြည့်ရအောင်။ သခင်ယေဇူးအချိန်မှာ တစ်တာလင်ရဖို့အတွက်အတွက် ၁၅ နှစ် လောက်
အလုပ်လုပ်ရတယ်။ နားလည်လွယ်အောင် မြန်မာငွေနဲ့အနီးစပ်ဆုံးတွက်ပြရရင် အခြေခံလုပ်အားခ တစ်ရက် ငါးထောင်ဆို
ရင် တစ်လတစ်သိန်းခွဲ တစ်နှစ်မှာ ၁၈သိန်း၊ ၁၅နှစ်မှာ ၂၇သိန်းရှိတယ်။ တစ်တာလင်ကို ၂၇ သိန်းနဲ့ ညီနေပြီ။ တာလင်ပေါင်
း တစ်သောင်းအကြွေးတင်တယ်ဆိုတော့ သိန်းပေါင်း ၂သိန်း၇သောင်းဝန်ကျင်၊ လုပ်အားခက ၁တာလင်ကို ၁၅ နှစ်ဆိုတော့
နှစ်ပေါင်း ၁၅၀၀၀ လောက်မှ အကြွေးကျေမှာ။ နေရတာမှာ နှစ်တစ်ရာမရှိဘူး။ ၁၅သက်လောက်အသက် ရှင်ပြီး လုပ်မှကျေ
မယ့်အကြွေး ပမာဏက နည်းနည်းနောနောမဟုတ်ဘူး။ သူလည်ပင်းညစ်ပြီးတောင်းတဲ့ အစေခံရဲ့ အကြွေးက ဒေနာရီတစ်ရာ
ဒါက ရက်တစ်ရာ လုပ်အားခ ၃လစာ ပဲရှိတယ်။ ဒါကို သူက ခွင့်မလွှတ်ပေးဘူး။ ၁၅သက်စာ တင်တဲ့အကြွေးကို ဖြေလွှတ်ခံခဲ့
ရပေမဲ့ ၃ လစာတင်တဲ့အကြွေးကို သေမတတ်လည်ပင်းညစ်တောင်းတဲ့ လူ့သဘာ၀ တော် တော်တရားကျဖို့ကောင်းတယ်နော်။
ဘုရားသခင်အပေါ်မှာ တင်တဲ့ ကျွန်ုပ်တို့ရဲ့အပြစ်ကြွေးက ဒီတစ်သက်မပြောနဲ့ ၁၅ သက်တောင် မကြေနိုင်ဘူး။ ဒါကြောင့်
ခရစ်တော်ကိုယ်တိုင်ဆင်းပြီး အပြစ်ကြွေးတွေအားလုံးဖြေရှင်းပေးတယ်။ ဘုရားက ကျွန်ုပ်တို့ကို ပြန်တောင်းဆိုတာက ၃ လ
စာလောက်ရှိတဲ့ အပြစ်ကြွေးပမာဏလေးကိုပဲ ခွင့်လွှတ်ပေးခိုင်းနေတာပါ။ ဘုရားက အရင် ဦးစွာခွင့်လွှတ်ပေးတာမို့ ကျွန်ုပ်တို့
လူသားအချင်းချင်းကလည်း တစ်ယောက်နဲ့တစ်ယောက် တင်နေတဲ့ အပြစ်လေးတွေ၊ နာကျင်မှုလေးတွေကို ခွင့်လွှတ်ပေးရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းမှာ အရေအတွက်မရှိဘူး။ အကြိမ် ၇ ဆယ် ၇နှစ်လီခွင့်လွှတ်ရမယ်ဆိုတဲ့အဓိပ္ပါယ်က
အကြိမ်ပေါင်း ၄၉၀ ပဲ ခွင့်လွှတ်ပါလို့ပြောတာမဟုတ်ဘူး။ အကန့် အသတ်မရှိခွင့်လွှတ်ပေးဖို့ သွန်သင်နေခြင်းဖြစ်ပါတယ်။
ကောင်းကင်ဘုံ၌ မေတ္တာမှာ ကျွနု်ပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား ကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့အပြစ်
များကိုလည်း ခွင့်လွှတ်တော်မူပါလို့ သခင်ယေဇူးက သွန်သင်ထား တာကို ကြည့်ရင် သူများရဲ့ အပြစ်ကို ခွင့်လွှတ်ပေးနိုင်မှ
ဘုရားဆီကနေလည်း ကိုယ့်ရဲ့အပြစ်အတွက် ခွင့်လွှတ်ခြင်းကို တောင်းခံဖို့လိုတယ်။ သူများကို ခွင့်မလွှတ်နိုင်ဘဲ ဘုရားဆီကျ
ကိုယ်တော်သနားပါလို့ ဟစ်အော်နေလို့ကတော့ ခရစ်တော် မကြားပါဘူး။ ခွင့်လွှတ်ခြင်းက နာကျင်ရပေမဲ့ ကြင်နာတတ်တဲ့သူ
တွေရဲ့ အဆင့်မြင့်လက်နက်တစ်ခုပါ။ ကိုယ့်ကဘဝကို ပြိုလဲအောင် ထိုးနှက်သူတွေကို ပြန်ထိုးနှက်ရမှာမဟုတ်ဘဲ ဘဝကို
မယိုင်လဲအောင် ခိုင်မာစွာ တည်ဆောက်နေထိုင်ခြင်း အားဖြင့် သူတစ်ပါးကို ချိုမြိန်စွာ လက်စားချေပြလိုက်တာပါပဲ။ ခရစ်ယာန်
တို့အတွက် ခွင့်လွှတ်ခြင်းဆိုတာ ဒီလို ချိုမြိန်သော လက်စာချေခြင်းပဲဖြစ်ပါတယ်။
Add new comment