ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ သောကြာနေ့ သြဝါဒ ၉၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၉) ရက်၊ သောကြာနေ့

  ဒီယနေ့ကျမ်းစာကို ရှင်မာတေဦး ဧဝံဂေလိကျမ်း ၁၁း ၁၆-၁၉ ထိ ကောက်နုတ်ထားပါတယ်။ ဒီနေ့ကျမ်းစာထဲမှာ

ခရစ်တော်ဘုရားက စိတ်ပျက် လက်လျော့ချင်ပုံရတယ်။ တရားဒေသနာတွေ အမျိုးမျိုးဟောပြောတယ်။ ဥပမာတွေ၊

သာဓကတွေနှင့်အတူ လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို သုံးပြီး လူတွေနားလည်အောင် အမျိုးမျိုး ရှင်း

ပြပါ တယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ တုန့်ပြန်မှုက သွေးအေး ငြိမ်သက်လွန်းလှတယ်။ ကိုရင်ဘဝတုန်းက စာသင်ကျောင်

းမှာ ကလေးတွေကို စာသင်ခဲ့ရဖူးတယ်။ လူမျိုးမတူ စကားမတူတော့ ကလေးတွေအတွက် နားလည်ရခက်တယ်။

ဒီအခါမှာ ကလေးတွေကို ဖာသာကိုပဲ ကြောင်ကြည့်နေကြတယ်။ တချို့ကလေးတွေဆို ပေကပ်ကပ်နဲ့ အတော်ပြောရ

ခက်တာလေး တွေရှိတယ်။ စာမေးရင်လည်း မဖြေဘူး။ စည်းကမ်းလည်းမလိုက်နာဘူး။ စိတ်မဝင်စားဘူးလာားဆို

တော့ မဟုတ်ဘူး။ စိတ်အားထက်သန်မှုကလည်းမရှိ။ ကြားလာတော့ ဆရာဖြစ်တဲ့သူက စိတ်မရှည်တော့ဘူး။ မနည်း

ကို ဆွဲဆန့်ထားရတယ်။ ကိုယ့်တူတွေ၊ တူမတွေကို စာသင်ရင် အဲ့လို ပြန်မပြောနားမထောင် ပေကပ်ကပ်လုပ်နေလို့က

တော့ တီးပြီပဲ။ တပည့်ကလေးတွေက အဲ့လိုလုပ်နေရင် ကြာလာတော့ စိတ်မရှည်နိုင်တော့ဘူး။ စိတ်ပျက်လာတယ်။

ဒီလို ကိုယ်တိုင်ကြုံ ခဲ့ရတဲ့ အဖြစ်ပျက်လေးနဲ့ ချိန်ထိုးပြီး ဒီနေ့ကျမ်းစာကို ထောက်ရှုဆင်ခြင်မိတဲ့အခါ သြော် ဟုတ်မှာပဲ

ကိုယ်တော်လည်း စိတ်ပျက်ရှာမှာပဲ လို့တွေးမိတယ်။ ချော့ပြောလည်းမရ၊ ခြောက်ပြောလည်း မကြောက်၊ ဒီထက်ပိုဆိုး

တာက ခံစားချက်တွေ ကို မဲ့ကုန်တာ။ လူဆိုတာ ခံစားချက်ရှိကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့အကြောင်းအရာ ကြား

ရရင် ဝမ်းနည်းတတ်တယ်။ တခါတလေ ကိုယ်ပါ လိုက်ငိုမိပြီး မျက်ရည်ကျမိတယ်။ ရည်စရာတွေပြောရင်လည်း အားရ

ပါးရ တဟားဟားနဲ့ တစ်ရွာလုံး ကြားအောင် အော်ရည်ပစ်တာမျိုးတွေရှိတယ်။ ရည်စရာပျော်လည်း မရယ်တတ်၊ ငိုစရာ

ပြောလည်း ဝမ်းမနည်းတတ်၊ တီးမှုတ်ပေးလည်း မကခုန်ချင်၊ ခံစားချက်တွေ သေကုန်တာများလား။ နှလုံးသားက ပဲ

အသက်မဝင်တော့တာလား။ ဒီလိုဆိုရင် လူဟာ ထုံသွားတာနဲ့တူတယ်။ ခံစားမှုတွေ ဘာမှ မရှိဘူးဆိုရင် ဘုရားရဲ့စကား

ကို နားထောင်ဖို့ လိုက်ကျင့်ဖို့ ခက်ပါလိမ့်မယ်။ ဘုရားရဲ့စကားက ဦးနှောက်ကနေ နှလုံးသားကို သွားတယ်။ နှလုံးသား

ကနေ လက်တွေ့ကျင့်ကြံခြင်းကို ဦးတည်တယ်။ ဦးနှောက်ကနေ လက်တွေ့ တမ်းလုပ်တယ်၊ နှလုံးသားမပါဘူးဆိုရင်

အပြုအမှုတိုင်းဟာ မလေးနက်ဘူး။ အသက်မဝင်ပါဘူး။ ကျွနု်ပ်တို့တွေရော ဘုရားရဲ့ အသံကို ကြားတဲ့အခါ ဘာတွေ

ခံစားရလဲ။ ဘုရားက မိမိရဲ့ နှလုံးသားကို ဘယ်လိုထိတွေ့နေလဲ။ ခံစားတတ်ဖို့လိုတယ်နော်။ ဒါမှသာ လိုအပ်တဲ့ ပြုပြင်

ပြောင်းလဲခြင်းတွေ၊ ဘုရားရဲ့စကားကို နားထောင်ခြင်းတွေဆိုတာ ရှိလာမှာပါ။ မျက်စိရှိရင် မြင်တတ်ရတယ်။ နှာခေါင်း

ရှိရင် အသက်ရှုတတ်ရတယ်။ နားရှိရင် ကြားတတ်ရတယ်။ နှလုံးသားရှိရင် ခံစားတတ်ရတယ်။ ဒီလိုမဟုတ်ရင်တော့

ရှင်လျှက်နဲ့သေ ဘုရားသခင် စိတ်ပျက်တဲ့သူ များဖြစ်နေပါလိမ့်မယ်။ ရှင်သန်တတ်ကြွစွာဖြင့် ဘုရားရဲ့စကားကို နား

ထောင်လိုက်ကျင့်နိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကျင့်ကြံကြပါစို့။

Add new comment

10 + 2 =