ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ ဗုဒ္ဓဟူးနေ့ သြဝါဒ ၇၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၇) ရက် ၊ ဗုဒ္ဓဟူးနေ့

 လတ်တလော ကြုံတွေ့နေရတဲ့ ကပ်ဆိုးတွေ၊ နိုင်ငံရေးအဆင်မပြေမှုတွေကြောင့် လူတွေလည်း ပင်ပမ်း နွမ်းနယ်လွန်း

လှပါပြီ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီအတွက် ရုန်းကန်ရင်း ပေးဆပ်လိုက်ရတဲ့ အပြစ်မဲ့တဲ့ ဘဝတွေကိုကြည့်ပြီး ရင်ထဲ

မချိဆန့် မအောင်ပါပဲ။ ဘ၀ ဘ၀ ရှင်သန်နေရတာ ပင်ပမ်းလိုက်တာပါလားလို့ တွေးမိရင်း နွမ်းနယ်နေတဲ့ ဘဝတွေကို

ကိုယ်ချင်းစာမိပါတယ်။ နေ့စဉ်ဘဝမှာ ထမ်းနေရတဲ့ ဘဝရဲ့ ဝန်ထုပ်က တကယ်ပဲ လေးလံစေပါတယ်။ နိုင်ရာဝန် ကို

ထမ်းရုံတင်မက မနိုင်တဲ့ ဝန်တွေကပါ ပိပိလာတော့ ပိုပြီး ပင်ပမ်းတာပေါ့။ တစ်နေ့လုပ်တစ်နေ့စားတွေ ဘ၀ မှာလည်း

စားဖို့ သောက်ဖို့အတွက် ပူပန်ရတယ်။ ချမ်းသာတဲ့ လူတန်းစားကျပြန်တော့လည်း အပူမကင်းပြန်ဘူး။ သူ့အထွာနဲ့ သူ

ပူကြရတာချည်းပဲ။ အစားအသောက်၊ နေထိုင်သွားလာ၊ အလုပ်အကိုင်၊ ကျန်းမာရေးက အစ ပူရတယ်။ အစစအရာအရာ

အဆင်ပြေရင်လည်း သားသမီးအတွက် ပူရတာနဲ့ နောင်ရေး အတွက် ကြောင့်ကြရတာနဲ့ သောကအပူ က မကင်းပြန်ဘူး။

သြော် . . ဘဝရဲ့ ဝန်က လေးလှချည်လား ။ 

 "ဝန်လေး၍ ပင်ပမ်းသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့ကို နှစ်သိမ့်ပေးမည်" ဒီနေ့ကြားရတဲ့ ဘုရားရှင်

ရဲ့ အားပေးစကားပါ။ ဘယ်လောက်တောင် ခွန်အားရစရာ ကောင်းလိုက်လဲ။ လူတွေရဲ့ ပင်ပမ်းမှုကို ဘုရားရှင် သိတယ်။

ပင်ပမ်းနေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်တွေကို ခွန်အားပေးချင်လို့ ဖိတ်ခေါ် လိုက်တဲ့ အားပေးစကား ဖြစ်ပါတယ်။ သခင်

ခရစ်တော်က ဘ၀ ဆိုတဲ့လမ်းကို အားရပါးရ လျှောက်စေချင်တယ်။ ပင်ပမ်းတဲ့အခါ သူ့ဆီမှာ လာ အနားယူပါ ဆိုပြီး ဖိတ်

ထားတယ်။ ပင်ပမ်းတဲ့ အခါ သူက နှစ်သိမ့်မှုကို ပေးမယ်လို့ ပြောတာ။ အသက်ရှည် အနာမဲ့ စေမယ်လို့ ကတိပေးတာ

မဟုတ်ဘူး။ ချမ်းသာကြွယ်၀ အေးဆေးနေရတဲ့ဘဝကို အာမခံထားတာ မဟုတ်ဘူး။ ကိုယ့်ထမ်းပိုးကို ထမ်းပြီး လျှောက်ရ

မှာပဲ။ ဒါပေမဲ့ ခရစ်တော်ပြောတာက ငါ၏ ထမ်းပိုးသည် ထမ်းလွယ်၏ လို့ ပြောထားတာ။ ကိုယ်တော်ရဲ့ ထမ်းပိုးကို ထမ်း

ခိုင်းတာ။ လောကရဲ့ ထမ်းပိုးကို ထမ်းခိုင်းတာမဟုတ်ဘူး။ သူပြတဲ့ လမ်းအတိုင်း လျှောက်စေချင်တာ။ ကိုယ့်သဘောအတိုင်း

ထင်ရာစိုင်းပြီး လျှောက်ဖို့ မဟုတ်ဘူး။ တချို့သောသူတွေ အထင်လွဲမှားကြတာရှိတယ်။ ဘုရားကို ယုံကြည်တာနဲ့ ဒုက္ခ အခက်

ခဲတွေ မရှိ တော့ဘူးလို့ ထင်ကြတယ်။ မှားတယ်။ အဓိပ္ပါယ်မရှိဘူး။ ခရစ်ယာန်ဘဝက နာကျင်မှုမရှိတဲ့ သက်တောင့် သက်သာ

ဘဝမျိုး မဟုတ်ဘူး။ ကိုယ့်လက်ဝါးကားတိုင်ကို ထမ်းပြီး လျှောက်ရတဲ့ဘဝ။ လူတိုင်းမှာ ကားတိုင် ကိုယ်စီရှိတယ်။ ကိုယ့်ဒုက္

ခနဲ့ကိုယ်။ ကိုယ့်ဘဝနဲ့ကိုယ် လျှောက်လှမ်းကြရမှာ။ ဟုတ်တယ်။ ကိုယ့်ကားတိုင်နဲ့ ကိုယ် တစ်ယောက်ထဲထမ်းတော့ ပင်ပမ်းရ

တယ်။ ကြာလာတော့ ခြေမခိုင် ယိမ်းယိုင်လာတော့ တယ်။ ဒါကြောင့် ခရစ်တော်က သူ့ရဲ့ ထမ်းပိုး (ကားတိုင်) ကို ထမ်းခိုင်း

တယ်။ ထမ်းပိုးဆိုတာ နှစ်ယောက် ထမ်းရတာ။ တစ်ယောက်ထဲ မဟုတ်ဘူး။ ဘုရားက သူ ပေးတဲ့ ထမ်းပိုးကို ကျွန်တော်တို့

ထမ်းရင် ကျွန်တော်တို့ကို မုချ သူ ကူပေးမှာပါ။ သေချာတာတစ်ခုက ခရစ်တော်ဘုရားက တို့အတွက် ပြသနာတိုင်းကို ဖြေရှင်း

ပေးမှာ မဟုတ်ဘူး။ တို့နဲ့ အတူ ဖြေရှင်းပေးမှာဖြစ်ပါတယ်။ လူ့ရဲ့ ရုန်းကန်မှုနဲ့ ဘုရားရဲ့ စောင်မမှု ပေါင်းစပ်လိုက်တဲ့ အခါမှာ

ကိစ္စတော်တော်များများ ပြေလည်သွားပါလိမ့်မယ်။ ဒါကြောင့် ဘုရားရှင်နဲ့ အတူ လျှောက်လှမ်းနိုင်ဖို့ ခရစ်တော်ဆီကနေ သင်

ယူလေ့လာရမှာ ဖြစ်တယ်။ သူဟာ စိတ်နှလုံး နှိမ့်ချပြီး နူးညံ့တဲ့အရှင်၊ နှစ်သိမ့် အားပေးတဲ့ အရှင် ဖြစ်ပါတယ်။ ဘဝရဲ့ ခရီးရှည်

ကြီးကို လှမ်းလျှောက်ရင်း လိုအပ်တဲ့ စိတ်နေသဘောထားတွေ၊ ဒုက္ခအပေါ် ရှုမြင်ပုံတွေ၊ ဘဝနေထိုင်နည်းတွေ၊ ဘုရားတရား

ပါရမီတွေကို အကောင်းဆုံး ဆရာသမားဖြစ်တဲ့ ခရစ်တော်ဘုရား ရှင်ဆီကနေ လေ့လာသင်ယူကြရအောင်။ ဘုရားရှင်ပေးတဲ့

ထမ်းပိုးကိုထမ်းရင်း နွမ်းနယ် ပင်ပမ်းနေတဲ့ ပူပင်သောက စိတ်တွေကိုလည်း ဘုရားဆီမှာ အပ်နှံပြီး စိတ်နှလုံး အေးချမ်းစွာနဲ့

ရှေ့ဆက် အသက်ရှင်ဖို့ ခွန်အားယူကြပါစို့။ ဝန်လေးပင်ပမ်းနေသော နှလုံးသားများ ဘုရားရှင်၌ နှစ်သိမ့်ချမ်းသာ ရရှိကြပါစေ။

ကိုယ် ၊ စိတ် ၊ ဝိဉာဉ် ကျန်းမာ ချမ်းသာကြပါစေ ။

Add new comment

9 + 11 =