ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၃၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၉၊ ၁၁၊ ၂၀၂၂

နိုဝင်ဘာလ (၉) ရက် (ဗုဒ္ဓဟူးနေ့)

 ဒီယနေ့ ကျွန်ုပ်တို့ကျင်းပနေတဲ့ပွဲနေ့ဟာ လူပုဂ္ဂိုလ် ရဟန္တာရဲ့ ပွဲနေ့မဟုတ်ဘဲနဲ့ ဘုရားကျောင်းတော်ကြီးရဲ့ ပွဲနေ့ကို

ကျင်းပနေခြင်းဖြစ်ပါတယ်။ လက်သရမ်း ဘာစီလိကား ကျောင်းတော်ကြီးကို အပ်နှံပူဇော်ထားတဲ့ပွဲနေ့ကို ကျွန်ုပ်တို့

ကျင်းပ တဲ့ပွဲနေ့ဖြစ်ပါတယ်။ ဘာကြောင့် ကျင်းပရလဲဆိုတဲ့အကြောင်းရင်းလည်းရှိပါတယ်။ ဘုရားရှိခိုးကျောင်းတွေ

ဆိုတာ ဘာသာတိုင်းရဲ့ အထွတ်အမြတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆို ပိုလို

တောင် အရေးကြီးသေးတယ်။ လူတွေစုဝေးပြိး ဘုရားရှိခိုးကြတယ်။ ဆုတောင်းကြတယ်။ မစ္ဆားတရားပူဇော်ကြ

တယ်။ ဒီလို ဝတ်ပြုဆုတောင်းတာတွေ လုပ်နိုင်ဖို့အတွက် ဘုရားရှိခိုးကျောင်းတွေဆိုတာ လိုအပ်လာပါတယ်။ ရှေးဦး

ခရစ်ယာန်တွေ ဆို ပုန်းလျိုးကွယ်လျိုးနဲ့ အစကနဦးမှာ စုဝေးပြိး ဘုရားရှိခိုးခဲ့ရတယ်။ တဖြေးဖြေးနဲ့ နေအိမ်တွေမှ

ာ စုကြတယ်။ အေဒီ ၃၀၀ နောက်ပိုင်းကျမှ ဘုရားရှိခိုးဖို့ ကျောင်းတော်ကြီးတွေ တည်ဆောက်လာခဲ့ကြတယ်။ ပထမ

ဆုံး တည်ဆောက်ခဲ့တဲ့ ဘုရား ကျောင်းဗိမ္မာန်တော်ကြီးက ဒီနေ့ကျင်းပနေတဲ့ ရောမမြို့ရှိ စိန်ဂျွန်း လာတာရန် ဘုရား

ကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ဒီဘုရားရှိခိုးကျောင်းကြီးက ဘုရားကျောင်းတွေအားလုံးရဲ့ အစ၊ မူလ

ပထမ မိခင်ကျောင်းတော်ကြီးလို့ ဂုဏ်ပြု ခေါ်ဆိုကြပါတယ်။ 

 ဒီနေ့ဖတ်တဲ့ ကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးဘုရားရှင်က ဂျေရုဆလင်မြို့က ဗိမ္မာန်တော်ထဲမှာ ရှိတဲ့ ဈေးရောင်း

ဈေးဝယ်လုပ်နေတဲ့ လူတွေကို မောင်းထုတ်ပြီး သန့်စင်တာကို ကြားနာရပါတယ်။ ဗိမ္မာန်တော်ဆိုတာ ဂျေရုဆလင်မြို့က

အီစရာအဲလ် လူမျိုးတွေ အသုံးပြုတဲ့ ဝတ်ပြုရာ အိမ်တော်ကို ရည်ညွှန်းတယ်။ ဘုရားနဲ့ လူ ဆုံတွေ့ရာ သန့်ရှင်းမြင့်မြတ်တဲ့

နေရာတစ်ခုဖြစ်တယ်။ သန့်ရှင်းမွန်မြတ်တဲ့ ဗိမ္မာန်တော်ကို ဈေးတစ်ခုလို ညစ်နွမ်းစေအောင် လုပ်ခဲ့ကြတာမို့ ယေဇူးဘုရား

က ပြန်လည် သန့်စင်စေဖို့ လုပ်ခဲ့တယ်။ ဘုရားရှိတဲ့ နေရာ၊ ကျေးဇူးတော်တွေ ပေးဝေနေတဲ့ နေရာကို သပ္ပါယ်အောင် တန်

ဖိုးထား ကာကွယ်ရမယ့်တာဝန်ရှိပါတယ်။ 

 ဒုတိယအချက်နေနဲ့ ဗိမ္မာန်တော်ဆိုတာ သခင်ယေဇူးက သူ့ရဲ့ ကိုယ်ခန္ဓာကို ပြောခြင်းဖြစ်တယ်။ သုံးရက်အတွင်း ပြန်တည်

ဆောက်မယ်လို့ ပြောတာဟာ နှစ်ပေါင်း ၄၀ ကျော် တည်ဆောက်ခဲ့ရတဲ့ ဗိမ္မာန်တော်ကြီးကို ပြောတာ မဟုတ်ပါဘူး။

ကိုယ်တော့်ရဲ့ ခန္ဓာကိုယ်ဟာ ဘုရားရဲ့ဗိမ္မာန်တော်ပါလို့ ပြောခဲ့တယ်။ ဒုက္ခခံ၊ အသေခံပြီး သုံးရက်မြောက်မှာ ဒီခန္ဓာကိုယ်ကြီး

နဲ့အတူ ကိုယ်တော်က ရှင်ပြန်တော်မူမယ်ဆိုတာကို ကြိုတင်မိန့်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဗိမ္မာန်တော်ဆိုတာ အ

သင်းတော်ကြီးကို ညွှန်းဆိုခြင်းပဲဖြစ်ပါတယ်။ ဘုရားရဲ့ အိမ်တော်ဟာ ယုံကြည်သူ သားသမီးတွေ အတူစုဝေးတည်ရှိနေတဲ့

အသင်းတော်ကြီးပဲ။ အသင်းတော်ဆိုတာ ဘုရားရဲ့ လူမျိုးတော်တွေကိုခေါ်တာ။ ဒါကြောင့် ဘုရားရဲ့သားသမီးတွေရှိတဲ့

ဘုရားရဲ့ အိမ်တော် အသင်းတော်ကို လေးစားကြရမယ်။ နားထောင်ကြရမယ်။ မိခင်သဖွယ် ချစ်မြတ်နိုးရမယ်။ ရိုသေလေး

စား မြတ်နိုးခြင်းတွေနဲ့ ဒီအသင်းတော်ကို ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။  နောက်ဆုံး အနေနဲ့ တို့အားလုံးဟာ ဘုရား

ရဲ့ ဗိမ္မာန်တော်လေးတွေဖြစ်ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ယူတိုင်း ဘုရား သခင်ကို တို့ရဲ့ ဗိမ္မာန်တော်ထဲမှာ

ဖိတ်ခေါ်ကြတယ်။ သန့်ရှင်းတဲ့ ဘုရား ကိန်းဝပ်တာမို့ တို့နှလုံးသားဗိမ္မာန်လေးတွေ သန့်ရှင်းဖို့လိုတယ်။ မိခင်ကျောင်းတော်

ကြီးဖြစ်တဲ့ စိန့်ဂျွန် လာတာရန် ဘုရားရှိခိုးကျောင်းတော်ကြီးကို အပ်နှံတဲ့ ပွဲကျင်း ပနေကြတဲ့အလျောက် ကျွန်ုပ်တို့တွေလည်း

ဘုရားဗိမ္မာန်တော်ဖြစ်တဲ့ တကယ့် ဘုရားကျောင်းတွေ၊ သာသနာတော်ကြီးနှင့် လူအယောက်စီတိုင်းကို ဗိမ္မာန်တော်အဖြစ်

တန်ဖိုးထားရင်း ဘဝတန်ဖိုးတွေ ပိုမိုမြင့်မြတ်လာသူများဖြစ်လာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Add new comment

8 + 2 =