ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၃၂) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၇၊ ၁၁၊ ၂၀၂၂

နိုဝင်ဘာလ (၇) ရက် (တနင်္လာနေ့)

ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ ယေဇူးခရစ်တော်ဘုရားရှင်က မကောင်းလမ်းပြတဲ့ သူဟာ

ကြိတ်ဆုံကျောက်ကို လည်ပင်းမှာဆွဲပြီး ပင်လယ်ထဲမှာ ပစ်ချခံလိုက်တာက ပိုကောင်းဦးမယ်လို့ မိန့်တော်မူပါ

တယ်။ အင်္ဂလိပ်လိုဆိုရင်မကောင်းလမ်းပြခြင်းကို Scandal လို့ ပြောတယ်။ အဓိပ္ပါယ်ကသူများကိုအပြစ်ရောက်

အောင် ဖြစ်စေတဲ့ မကောင်းလမ်းပြခြင်းလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဘယ်သူမှ ကိုယ့်အတွက်ကို ရှင်သန်ကြ

တဲ့သူတစ်ယောက်မှမရှိပါဘူး။ ကိုယ့်ရဲ့ ရှင်သန် ခြင်းက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိပါးသက်ရောက်မှုရှိ

ပါတယ်။ ကိုယ်ကသာ ကိုယ် ဘယ်လိုနေလဲ ဆိုတာကို သတိမထားမိတာပါ။ ဘေးနား ပတ်ဝန်းကျင်က လူတွေက

ကိုယ့်ကို အမြဲကြည့်နေကြတယ်။ သူများကြည့်မနေပါဘူး အထင်နဲ့ လုပ်လိုက်တဲ့ အပြုမှုတိုင်းက သူများအတွက်

သက်ရောက်မှု တစ်ခုဖြစ်စေ တယ်ဆိုတာ တခါတလေ သတိတောင်မိကြဘူး။ ကိုယ်ကောင်းအောင် နေခြင်းဖြင့်

သူများရဲ့ ဘဝကို ပိုပြီး ကောင်းသွားစေနိုင်သလို ကိုယ်ကိုတိုင်က မကောင်းလမ်းပြ ဖြစ်အောင်နေတယ်ဆိုရင် သူများ

တွေကိုလည်း မကောင်းတာလုပ်ဖို့ စေ့ဆော်ခံရနိုင်ပါတယ်။ မဟဓမ္မဂန္ဒီက “ခရစ်တော်ကိုတော့ ကြည်ညိုလေးစား

နှစ်သက်ပါတယ်။ ဒါပေမဲ့ ခရစ်တွေကိုတော့ ကျွန်ုပ်သဘောမကျပါဘူး”လို့ ဆိုခဲ့ဖူးပါတယ်။ ဒီစကားက သူ့ဘဝနဲ့ရင်း

ပြီး ကြုံတွေ့ခဲ့တာကို အခြေခံပြီး ပြောထွက်လာခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီလို စကားမျိုး မကြာခဏဆိုသလို ကြား

ရဖူးပါတယ်။ “ဘုရားကိုတော့ ယုံပါတယ်။ ဒါပေမဲ့ တလွဲစီလုပ်တတ်တဲ့ ခရစ်ယာန်တွေကိုတော့ မယုံဘူး” ဆိုတဲ့

စကားမျိုး။ သူ မကောင်းတာ သူ့ကို ဘုရားစီရင်လိမ့်မယ်။ ဘုရားကို အယုံကြည်မပျက်ဖို့က ကိုယ့်ကိစ္စပဲလို့ ဆိုတာ

မှန်ပေမဲ့လည်း ဘဝပုံသက်သေကလည်း သူများအပေါ်မှာ လွှမ်းမိုး မှုရှိတာကို ငြင်းလို့မရပါဘူး။ ရဟန်းတွေမှ မဟုတ်

ပါဘူး။ ဘယ်သူမဆို မကောင်းလမ်းပြ ဖြစ်အောင်နေရင် သူတစ်ပါးအတွက်လည်း နဲနဲလေးပဲဖြစ်ဖြစ် သက်ရောက်မှု

ဆိုတာ ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ခရစ်တော်က မကောင်း လမ်းပြခြင်းကို မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန် ဆုံးမခဲ့ခြင်း

ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ကျနော်တို့က သူများအတွက် မကောင်းလမ်းပြတဲ့သူများဖြစ်သွားစေပါလဲ။  “ခရစ်ယာန်

ဘဝကို မှန်မှန်ကန်ကန် လေးလေးနက်နက် မနေကြတဲ့အခါ ခရစ်ယာန်ကနေ ခရစ်ဟန်ကြီးတွေ ဖြစ်လာကြတယ်” လို့

ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်က သြဝါဒတစ်ခုမှာ မိန့်ကြားခဲ့ပါတယ်။ ခရစ်ယာန်ဆိုတာ ခရစ်တော်ရဲ့ နောက်

ကို လိုက်တဲ့ သူဖြစ်ပါတယ်။ စဉ်းစားတဲ့ အတွေးအခေါ်၊ ရင်ထဲမှာရှိတဲ့ ခံစားချက်၊ လုပ်လိုက်တဲ့ အပြုအမူတွေကအစ

ခရစ်ယာန်တစ်ယောက်လို ဖြစ်ရပါမယ်။ သူများအပေါ်မှာ သဘောထား ကြီးကြီးနဲ့ နားလည် ခွင့်လွတ်တတ်တဲ့ စိတ်၊ လူ

အားလုံးအတွက် အကောင်းပြုပေးချင်တဲ့ မွန်မြတ်သောစိတ်ထားလေးတွေနဲ့ ယုံကြည်ခြင်းမှာ ရင့်ကျက်စွာ ရှင်သန်တဲ့

သူဟာ ခရစ်ယာန် ပီသပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဟန်ဆောင်ကြတဲ့ ခရစ်ဟန်၊ မာန်ထောင်ကြတဲ့ ခရစ်ရမ်း (ရမ်းကား)၊

မကောင်းလမ်းပြသူတွေ ဖြစ်လာပါ လိမ့်မယ်။ ဒီအတွက်ကြောင့် ခရစ်ယာန်ဘဝအသက်တာကို သဘောထားကြီးစွာ အ

ကောင်းတွေပြုရင်း သူများနဲ့ လက်တွဲရှင်သန်ကြဖို့လိုသလို သူများဘဝကို မကောင်းလမ်းပြတဲ့သူတွေ မဖြစ်ဖို့လည်း ကြိုးစား

ရမှာဖြစ်ပါတယ်။ အကောင်းကို ပြုခြင်း၊ ဒုစရိုက်ကို ရှောင်ရှားခြင်းဆိုတာ ပါရမီ ကိုယ်ကျင့်သိက္ခာတရားနဲ့ ပြည့်ဝတဲ့ အသက်

တာပဲ ဖြစ်ပါတယ်။ ငါနဲ့မတူ ငါရန်သူဆိုတဲ့ သေးသိမ်တဲ့ သဘောထားတွေကို ရှောင်ပြီး သူများရဲ့ အကောင်းကို အသိမှတ်ပြု

ပေးသလို ကိုယ်ကိုတိုင်လည်း မကောင်းလမ်းပြ မဖြစ်စေဘဲ စစ်မှန်တဲ့ ခရစ်ယာန်တွေအဖြစ် ရှင်သန်နိုင် ကြပါစေလို့ ဆန္ဒပြု

ဆုတောင်းပေးလိုက်ပါတယ်။

Add new comment

5 + 2 =