ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၇) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၇၊ ၁၀၊ ၂၀၂၂

 အောက်တိုဘာလ (၇) ရက်နေ့၊ သောကြာနေ့
     ဒီယနေ့ အောက်တိုဘာလ (၇) ရက်နေ့ဟာ စိတ်ပုတီးမယ်တော်သခင်မရဲ့ပွဲနေ့ဖြစ်ပါတယ်။

စိတ်ပုတီးမယ်တော် သခင်မနဲ့ ပတ်သက်ပြီးတော့ ဖာသာရ်အနေနဲ့ သမိုင်းအကျဉ်းလေးကိုအ

နည်းငယ် ဝေမျှပြီးတော့ တရားပေးချင်ပါတယ်။ ဒီစိတ်ပုတီး မယ်တော်ပွဲကို ၁၆ ရာစုနှစ်က

တည်းက စတင်ကျင်းပခဲ့ကြပါတယ်။ ပွဲနေ့ဖြစ်ပေါ်လာတဲ့ အဓိက အကြောင်း အရင်းကတော့

၁၆ ရာစုနှောင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ ခရစ်ယာန်-မွတ်ဆလင် စစ်ပွဲကြီးကို အခြေခံထားပါတယ်။

အော်တိုမန် အင်ပါယာက မွတ်ဆလင် တူရကီစစ်သည် ဦးရေ ၆၀၀၀၀ ကျော်တို့ဟာ

ခရစ်ယာန်နိုင်ငံ စိုက်ပရပ်စ်ကို သိမ်းပိုက်ဖို့ ရေတပ်ဖြင့် ချီတက်လာတဲ့အခါမှာ ဥရောပနိုင်ငံ

တွေက ခရစ်ယာန်စစ်သည် ၃၀၀၀၀ ကျော်တို့ကိ နိုင်ငံကို ကာကွယ်ဖို့ စစ်ရေးပြင်ဆင်ရင်း

နှင့် မယ်တော်မာရီယားမှတင့် ဘုရားကို ယုံကြည်အားကိုပြီး စိပ်ပုတီးစိပ် ဆုတောင်း ကြပါ

တယ်။ အင်းအားခြင်းက ကြည့်မယ်ဆိုရင် မမျှပါဘူး။ ထပ်ဝက်ကျော်တော် ကွာနေပါတယ်။

ဒါပေမဲ့လို့လည်း ဒီတိုက်ပွဲကို ပုတီးစိပ် ပြီး မယ်တော်ရဲ့ အကူညီနဲ့ တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါ

တယ်။ ဂရိနိုင်ငံအနောက်ဖက် လက်ပန်တိုမြို့နားက ပင်လယ် ရေပြင်မှာ နှစ်ဖက်ရေတပ်တွေ

စစ်ပွဲဖြစ်တဲ့နေ့ ၁၉၇၁ အောက်တိုဘာလ ၇ ရက်နေ့မှာ ခရစ်ယာန်တွေက စစ်သည်ဦးရေပိုများ

တဲ့ မွတ်ဆလင်တွေကို အပြီးပြတ်ချေမှုန်းနိုင်ပါတယ်။ အဲ့ဒီစစ်ပွဲသာ ရှုံးနိမ့်ခဲ့မယ် ဆိုရင် အဲ့ဒီက

နေတဆင့် ဥရောပနိုင်ငံတွေဟာ မွတ်ဆလင်လက်အောက်ခံ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုစစ်ပွဲ

နိုင်ခဲ့ခြင်းဟာ မယ်တော်သခင်မရဲ့ ကူညီစောင်မမှုပါခဲ့လို့လည်း ဖြစ်ပါတယ်လို့ အောင်နိုင်ခဲ့တဲ့

ခရစ်ယာန်တွေက ဆိုခဲ့ကြပါတယ်။ ဒါကြောင့်မို့ ဥရောပ နိုင်ငံတွေကို စည်းရုံးပေးခဲ့တဲ့ သူတော်စင်

ပုပ်ရဟန်းမင်းကြီး ၅ကြိမ်မြောက် ပီးဦးစ် အရှင်သူမြတ်က မယ်တော်မာရီယားကို ကျေးဇူးတင်

ဂုဏ်ပြုတဲ့ အနေနဲ့ တိုက်ပွဲအောင်နိုင်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကို စိပ်ပုတီး သခင်မပွဲနေ့အဖြစ်

သတ်မှတ် ပေးခဲ့ပါတယ်။ 
    ယခုအချိန်မှာလည်း ဖာသာတို့ တိုင်းပြည်မှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ တိုက်ပွဲတွေရှိတယ်။

နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုက်ပွဲတွေမှာ ပြည်သူလူထုဖက်က အင်းအား မမျှပါဘူး။

အားမတန်သော်လည်း နိုင်တဲ့အားနဲ့ ခုခံ နေကြရတဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်။

နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဆိုးညစ် ခြင်းတွေ၊ မကောင်း ဒုစရိုက်တွေကို ခုခံအောင်နိုင်ဖို့

စိပ်ပုတီးစိပ်ခြင်းအားဖြင့် မယ်တော်မာရီယားမှတဆင့် ဘုရားသခင်ထံ အားကိုးယုံကြည် ခြင်းနဲ့

ပိုပြီး ဆုတောင်းကြရမှာဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဧဝံဂေလိ ကျမ်းစာထဲမှာလည်း ယေဇူးဘုရားရှင်

တော်မြတ်က မကောင်းတဲ့ နတ်ဆိုးကို နှင်ထုတ်တော်မူပါတယ်။ ဒီလို နတ်ဆိုးကိုနှင်ထုတ်တဲ့အခါ

လူတချို့က နတ်ဆိုးခေါင်း ဆောင် ဘယ်ဇေးဘုကို အားကိုးပြီးနှင်ထုတ်နိုင်တာပါလို့ စွပ်စွဲကြတယ်။

ဘုရားရဲ့ ဘုန်းတန်ခိုးနှင့် နှင်ထုတ်တယ်ဆိုတာကို လက်မခံကြပါဘူး။ နတ်ဆိုးက နတ်ဆိုးက မနှင်

ထုတ်ပါဘူး။ မကောင်းတဲ့သူက မကောင်းတဲ့ အရာကို ဖယ်မရှားချင်ကြဘူး။ ဆက်ပြီး မွေးထားချင်

တယ်။ မကောင်းတဲ့အရာကို ဖယ်ရှားဖို့ ကောင်းတဲ့အရာတွေ ရှိနေမှသာ ဖြစ်မှာပါ။ နတ်ဆိုးကို ဖယ်

ရှားဖို့ ဘုရားသခင်ကို လိုအပ်တယ်။ ဒါကြောင့် သခင်ယေဇူးက ဖျားနာနေတဲ့ သူတွေကို ကုသပေး

တဲ့အခါ သူတို့ အပြစ်တွေကိုပါ ခွင့်လွတ်ပေးတယ်။ မကောင်းတဲ့အရာ တွေကိုပါ ဖယ်ရှားပေးတယ်။

နတ်ဆိုးရဲ့ ချုပ်နှောင်ခြင်းတွေကို ဖြေလွတ်ပေးတယ်။ ကုသခြင်းတစ်ခုထဲ မဟုတ်တော့ဘဲ မကောင်း

တဲ့ နတ်ဆိုးချုပ် နှောင်ခြင်းတွေကို ဖယ်ရှားပေးပါတယ်။ 
    နတ်ဆိုးတို့ မကောင်းတဲ့ ဒုစရိုက်တို့ဆိုတာဟာ ဖန်ဆင်းခြင်းမပါဝင်ခဲ့ပေမဲ့ ကမ္ဘာဦးအစမှာကတည်း

က ရှိနှင့် နေခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတော်ကပဲ အနိုင်ရပါတယ်။

ဘုရားနဲ့ နတ်ဆိုး၊ ဓမ္မနှင့် အဓမ္မ၊ အကောင်းနှင့်အဆိုး၊ ဒုစရိုက်နဲ့ သုစရိုက်တွေ ဖာသာရ်တို့နိုင်ငံမှာ

အပြင်းအထန် လွန်စွဲနေပါတယ်။ ကျွန်ုပ်တို့ လိုချင်တောင့်တနေတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊

ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ဒီမိုကရေစီထွန်းကားတဲ့ အမိမြန်မာ နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်ဖို့ အမိမယ်

တော်မှတဆင့် စိပ်ပုတီးစိပ်ခြင်းအားဖြင့် ဘုရားသခင်ထံမှာ ဆုတောင်း ကြရအောင်။ 

Add new comment

6 + 0 =