ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၇) ကြိမ်မြောက် စနေနေ့ သြဝါဒ ၈၊ ၁၀၊ ၂၀၂၂

အောက်တိုဘာလ (၈) ရက်၊ စနေနေ့
ဒီယနေ့ကြားနာရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးခရစ်တော်ဘုရားကို ဝမ်းနှင့်လွယ်မွေးခဲ့တဲ့
မိခင်ရဲ့ ဝမ်းကြားသိုက်နှင့် ကိုယ်တော်ကို တိုက်ကျွေးပြုစုခဲ့တဲ့ နို့သားမြတ်တို့ဟာ မင်္ဂလာရှိတယ်လို့ လူအုပ်
ထဲက အမျိုးသမီးက ကျယ်လောင်သော အသံနှင့် ကြွေးကြော်ပြုပါတယ်။ မနေ့ကကြားခဲ့ရတဲ့ ကျမ်းစာတော်
မြတ်ထဲမှာ သခင်ခရစ်တော်ကို နတ်ဆိုးခေါင်းဆောင် ဘဲဇေးဘုနဲ့ပူးပေါင်းပြီး နတ်ဆိုးကိုနှင်ထုတ်တယ်လို့
စွပ်စွဲတယ်။ တနည်းအားပြောရရင် ဒီပုဂ္ဂိုလ်ဟာ အလကားပါ။ အလိမ်အညာပါ။ ဘုရားစစ်ဘုရားမှန်မဟုတ်
ပါဘူးလို့ ဝေဖန်ပြစ်တင်လိုက်ပါပဲ။ ဒီလို ခါးခါးသည်းသည်း အပြစ်တင်ခံရတာမှ မကြာသေးဘူး ဒီနေ့ကျတော့
ခရစ်တော်ဟာ ချီးမွမ်းခံရပြန်တယ်။ ဒီလို အံ့သြဖွယ်ရာတွေ ပြုလုပ်တဲ့ သူမျိုး၊ လူတွေရဲ့ အနာရောဂါ ဝေဒနာ
တွေကို ချုပ်ငြိမ်းစေတဲ့လူမျိုး၊ တရားဒေသနာတွေဟောကြားပြီး ဘုရားကို သိစေတဲ့ ဒီလိုသားမျိုးကို မွေးခဲ့တဲ့
မိခင်ဟာ မင်္ဂလာရှိတယ်လို့ ချီးမွမ်းကြွေးကြော်ပြုတာကို တွေ့ရတယ်။ သားသမီးမကောင်း မိဘခေါင်းလို့
မြန်မာစကားပုံရှိပါတယ်။ သားသမီးမကောင်းတော့ မိဘမျက်နှာပျက်ရတယ်။ သားသမီးလိမ္မာတော့ မိဘမျက်
နှာပွင့်လန်းရတယ်။ မျက်နှာလှတယ်ပေါ့ဗျာ။ တစ်မိပေါက်တစ်ယောက်ထွန်း၊ အောင်အောင်မြင်မြင်လေးဖြစ်
ပြီး အများ အကျိုးပြုတဲ့သူဆိုရင် ဒီကလေးကို မွေးပေးလိုက်တဲ့ မိဘတွေ တော်လိုက်တာလို့ လူတွေက ချီးမွမ်
းစကားဆိုကြတယ်။ လူအများအတွက် ဘာကောင်းကျိုးမှ မပြုဘဲ ဒုက္ခမျိုးစုံပေးတဲ့ကလေးဆိုရင် အသေ
လေးမွေးခဲ့ရမှာ။ မမွေးဖွားခဲ့ရင် ကောင်းမှာဆိုပြီး ကျိန်ဆဲတတ်ကြတယ်။ မိဘတွေဆိုရင် နင့်ကို မွေးခဲ့ရတာ
ငါ ဝမ်းစပ်တယ်ဟေ့ ဆို ပြီး ရင်နာစကားတွေ ဆိုကြတယ်။ ပြောချင်တာက သားသမီးကောင်းရင် မိဘက
ချီးမွမ်းခံရ မျက်နှာလှတယ်ဆိုတာပါပဲ။
ဒီယနေ့ကျမ်းစာထဲမှာလည်း သခင်ယေဇူးရဲ့ အံ့ဖွယ်လုပ်ရပ်တွေကိုကြည့်ပြီး မိခင်ကို ချီးမွမ်းတယ်။
ဒီလိုမျိုး သား ယေဇူးကို တိုက်ကျွေးခဲ့တဲ့နို့၊ လွယ်ခဲ့တဲ့ ဝမ်းဟာ မင်္ဂလာရှိလိုက်တာဆိုပြီး အမိမယ်တော်ကို
ချီးမွမ်းပါတယ်။ မယ်တော့်ကို မင်္ဂလာရှိတဲ့သူလို့ သိကြားတမန်တော်ကိုယ်တိုင်က ချီးမွမ်းခဲ့တယ်။ မယ်တော်ရဲ့
ဝမ်းကွဲ အမတော် ဧလိဇဘက်ကလည်း ချီးမွမ်းမြွက်ဆိုခဲ့တယ်။ ဘုရားရဲ့ မိခင် မယ်တော်ရဲ့မင်္ဂလာရှိခြင်း သူမ
တစ်ယောက်ထဲနဲ့ ပတ်သက်ပြီးခေါ်ခဲ့တာ မဟုတ်ဘူး။ မယ်တော်ကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ သားတော်ဘုရား
နဲ့ ဆက်စပ်ပြီး မယ်တော်ဟာ မင်္ဂလာရှိသူဖြစ်လာတယ်။ အမေဖြစ်တဲ့ မိခင် ဘယ်လောက်တောင် ပီတိတွေဝေနေ
မလဲ စဉ်းစားကြည့်စမ်းပါ။ ဒါနဲ့တင်စကားက မရပ်သွားသေးဘူး။ သားဖြစ်သူ ယေဇူးဘုရားက ကိုယ်တော့်ရဲ့
အမေကို ထပ်ပြီး မိန့်မြွက်လိုက်တယ်။ ဘုရားရဲ့စကားကို နားထောင်ပြီး လိုက်ကျင့်တဲ့သူဟာ ပိုပြီး မင်္ဂလာရှိ
တယ် လို့မိန့်မြွက်တော်မူပါတယ်။ တချို့သော သူတွေက ဒီစကားကို နားလည်မှုလွဲကြတယ်။ သူများတွေက
အမေကို ချီးမွမ်းနေတဲ့ဟာကို သားဖြစ်သူက မချီးမွမ်းဘဲ ဘုရားရဲ့ စကားကိုနားထောင်လိုက်ကျင့်တဲ့ သူက
ပိုပြီး မင်္ဂလာရှိတယ်လို့ ဘာလို့ဆိုတာလဲဆိုပြီး အတွေးမှားကြတယ်။ တကယ်တော့ ကိုယ်တော်က သူ့ရဲ့ အမေ
ကို ထပ်လောင်း ချီးမွမ်းလိုက်တဲ့သဘောပါ။ နားလည်အောင် ပြောရရင် ငါ့အမေက မင်္ဂလာရှိတာ ရိုးရိုးမဟုတ်
ဘူး။ ဘုရားရဲ့ စကားကို မြေဝယ်မကျ နားထောင်လိုက်နာခဲ့တဲ့သူမို့ ပိုပြီးတောင် မင်္ဂလာရှိသေးတယ်ဟေ့လို့
မိန့်မြွက်လိုက်သလိုပါပဲ။
အမဖြစ်သူ ဧလိဇဘတ်ကလည်း “ဘုရားသခင် မိန့်တော်မူသမျှ ပြည့်စုံမယ်လို့ ယုံကြည်တဲ့ သူဟာ မင်္ဂလာ
ရှိတယ်” လို့ ဆိုခဲ့ပါတယ်။ ဒါဟာ အဓိက သော့ချက်ပါပဲ ။ ဘုရားရဲ့ စကားကို ယုံကြည်လက်ခံခြင်းက မယ်တော်
ရဲ့ မင်္ဂလာရှိရခြင်း လျို့ဝှက်ချက်ပါပဲ။ ဓမ္မမိတ်ဆွေအပေါင်းတို့လည်း ဘုရားရဲ့ နှုတ်တော်ထွက်စကားကို လိုက်
ကျင့် နာခံ လျှောက်လှမ်းသူများဖြစ်အောင်ကြိုးစားအားထုတ်ရင်း မင်္ဂလာရှိသောသူများ၊ မိဘမျက်နှာရစေသော
သားသမီးများဖြစ် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကို ဘုရားရှင် ကောင်းကြီးမင်္ဂလာပေးပါစေ။

Add new comment

2 + 4 =