ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၃) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၉၊ ၉၊ ၂၀၂၂

စက်တင်ဘာလ (၁၀) ရက် ၊ 

  အဆိုလေးတစ်ခုရှိပါတယ်။ ကိုယ့်မှာမရှိတဲ့အရာ ကိုယ်မပေးနိုင် ။ လူတွေက ကိုယ့်မှာ ရှိတဲ့အရာကိုပဲ

ကိုယ်ပေးနိုင်တာပါ။ ပညာတတ်တဲ့ဆရာက ပညာပေးနိုင်တယ်။ တရားရှိတဲ့သူက တရားပြနိုင်တယ်။

မေတ္တာရှိတဲ့သူက မေတ္တာကိုပေးတယ်။ အလင်းကို ပိုင်ဆိုင်တဲ့သူက အလင်းကို ပေးနိုင်တယ်။ ဆိုလိုချင်

တာက မိမိမှာ မရှိတဲ့အရာကို ပေးဖို့ဆိုတာ ခက်ပါတယ်။ မျက်ကန်းက မျက်ကန်းကို ဘယ်လိုလုပ်လမ်း

ပြမှာလဲ။ သူကိုယ်တိုင်က မမြင်နိုင်တဲ့ ဒုက္ခိတသမား။ ဒါကို ဘယ်လိုလုပ်ပြီး ဟိုဖက်ကိုသွား ဒီဖက်ကို

သွားဆိုပြီး လမ်းညွှန်လို့ မရဘူး။ မျက်ကန်းက မျက်ကန်းကို လမ်းညွှန်ရင် ပျက်စီးဖို့ပဲရှိတယ်။ ကိုယ်

တိုင်သင်ကြားတတ်မြောက်ခဲ့တဲ့အရာကိုပဲ သူများကို ပြန်လက်ဆင့်ကမ်းနိုင်တယ်။ အရင်ဆုံး ကိုယ့်

ဆီမှာ ရှိမှ ပေးနိုင်မှာပါ။ ကိုယ်ကိုယ်တိုင်က အမှားတွေကို မကျော်လွန်နိုင်သေးဘူး။

လမ်းလွဲလို့ကောင်းနေတုန်းမှာ သူများသွားပြီး အဲ့လိုမသွားရဘူး။ ဒီလိုလုပ် သွားပြောလို့ မဖြစ်ပါဘူး။

ဦးစွာပထမ မိမိကိုယ်၌က စတင်ရပါမယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်နေ၊ တိုင်းပြည်တစ်ခုလုံးကို

မပြောင်းလဲနိုင်ရင်လည်းထား၊ မိမိကိုယ်ကိုတော့ ပြောင်းလဲနိုင်အောင် အရင်ကြိုးစားဖို့လိုတယ်။

အောင်မြင်ခြင်းတွေထဲမှာ မိမိကိုယ်ကို အောင်နိုင်ခြင်းက စစ်မှန်သော အောင်နိုင်ခြင်းပဲ။ ဒါကြောင့်

မိမိကိုယ်ကို အရင်ဆုံးဆောက်တည် ဖို့လိုပါတယ်။ ကိုယ့်ရဲ့စိတ်ဓါတ် ရင့်ကျက်ခိုင်မာဖို့၊ အကျင့်

စာရိတ္တဖြောင့်မှန်ဖို့၊ အလိမ်အကောက်ကင်းပြီး ရိုးသားဖြောင့်မတ်ဖို့၊ ဘယ်လောက်ပဲ နာကျင်နေပါ

စေ အမှန်တရား ဖက်မှာ နေရဲဖို့၊ ကိုယ်ချင်းစာတရားနဲ့ တပါးသူကို ချစ်ခင်ကြင်နာဖို့ စတဲ့အရည်အ

သွေးနဲ့ ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ဖို့ အရင် ဆုံးဆောက်တည်ဖို့ လိုအပ်ပါတယ်။ ဒါမှသာတပါးသူ

ကိုလည်း လမ်းပြဦးဆောင်နိုင်မှာဖြစ်ပါတယ်။ 

 ဒီယနေ့ကြားရတဲ့ ခရစ်တော်ဘုရားရဲ့ တရားဒေသနာက ကျွနု်ပ်တို့အားလုံးကို ဖိတ်ခေါ်နေတယ်။

မိမိကိုယ်တိုင်က စလို့ အကောင်းတွေပြုကျင့်ဖို့၊ ဘုရားရဲ့ တရားကို လိုက်နာဖို့၊ ဧဝံဂေလိတရားအနှစ်

တွေကို တန်ဖိုးထားကြဖို့ ဖိတ်ခေါ်နေ တယ်။ သူများအတွက် လမ်းပြမဖြစ်ခင် ကိုယ့်ကိုယ်တိုင် အရင်

ဆုံး တည်ဆောက်ရအောင်။ ကိုယ့်ကိုကိုယ် အရှိကို အရှိအတိုင်း တွေ့မြင်နိုင်ဖို့ အရင်လုပ်ရမယ်။

ကောင်းကွက်ကို သူများကြည့်၊ မကောင်းကွက်ကို ကိုယ့်ကိုကိုယ် အရင်ကြည့်ရမယ်။ ဒါပေမဲ့ ကျွန်ုပ်

တို့တွေက မကောင်းတဲ့အရာဆို သူများကိုပဲ အရင်ကြည့်တယ်။  မိမိကိုယ်ကို ပြန်မကြည့်ဘူး။ ကိုယ့်ရဲ့

အရှိအတိုင်း အဖြစ်အတိုင်း ပြန်ကြည့်ဖို့အတွက် ခွန်အားမရှိကြပါဘူး။ ကိုယ့်ရဲ့အတွင်းစိတ်ကို မြင်တွေ့

ရမှာ ကြောက်ရွံ့လေးလံနေတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မှာလည်း အားနည်းချက်တွေရှိ

တယ်ဆိုတာ သိနေလို့ပဲ။ မိမိကိုယ်ကို အရင်ဆုံး ဆန်းစစ်ကြည့်မြင်ပြီးမှ သူတစ်ပါးကို ကြည့်မယ်ဆိုရင်

အနီးအနားက သူငယ်ချင်းကို အလွယ်တကူ ဆုံးဖြတ်စီရင်ဝံ့မှာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ခရစ်

တော်ဘုရားက ဆုံးမခဲ့တာပါ။ ကိုယ့်ရဲ့ မျက်စိထဲက သစ်တုံးကြီးကို မမြင်ဘဲ ဘာကြောင့် သူများရဲ့

မျက်စိထဲက သစ်သားစကို ထုတ်ပေးပါရစေလို့ ပြောရဲရတာလဲဆိုပြီး သာဓကလေးနဲ့ ပညာပေးဆုံးမ

ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေတို့ ဒီနေ့တရားကို ပြန်အနှစ်ချုပ်ရမယ်ဆိုရင် မိမိကိုယ်၌က စတင်

ပြောင်းလဲပါ။ အကောင်းတွေကို ပြုလုပ်ပါ။ သူများအမှားထက် ကိုယ့်အမှားကို အာရုံစိုက်ပါ။

အချင်းချင်း မစီရင်ဘဲနဲ့ ဘုရားပေးထားတဲ့ အလင်းကျေးဇူးတော်တွေနဲ့ တစ်ယောက်ကို တစ်ယောက်

လမ်းပြကူညီပေးကြပါစို့။

Add new comment

4 + 3 =