ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၃) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၈၊ ၉၊ ၂၀၂၂

စက်တင်ဘာလ (၈) ရက်နေ့ (ကြာသပတေးနေ့)

  ဘုရားရဲ့ မယ်တော် ကညာစင်မာရီယားရဲ့ မွေးနေ့ပွဲကို ကျင်းပရတဲ့ အထူး ရည်ရွယ်ချက်ရှိပါတယ်။

ကက်သလစ် အသင်းတော်ရဲ့ ယုံကြည်ရာသွန်သင်ချက်ကတော့ လူတိုင်းဟာ အပြစ်ရင်းနဲ့ လောကထဲ

ကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့  မိဘရဲ့ အပြစ်ရင်း စိုးစဉ်းမျှ မစွန်းပေရှာတဲ့ သဘာဝလွန်ကျေးဇူး

တော်နဲ့ ပြည့်ဝတဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ မယ်တော်မာရီယားပဲ ဖြစ်ပါတယ်။ ကျေးဇူးတော်

အခြေအနေမှာ မီးရှုးသန့်စင်ဖွားမြင်ခြင်းကို ခံယူခဲ့တဲ့ ဘုရားချစ်သော သမီးပျိုပါ။ သန္ဓေတည်တဲ့အချိန်

ကစပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် အမိမယ်တော်ဟာ ပြည့်ဝနေခဲ့သူပါ။ အမိမယ် တော်ရဲ့ မွေးဖွား

ခြင်းဟာ လောကလူသားတွေ ဝမ်းမြောက်ရမယ့်နေ့လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့

သူမရဲ့ မွေးဖွားခြင်းဟာ သူတစ်ဦးတည်း ဆင်းသက်လာခြင်း မဟုတ်ဘဲ ဘုရားသခင်ရဲ့ အသက်တာကို

ယူဆောင်လာဖို့ ပြင်ဆင် မွေးဖွားခြင်း ခံခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ 

  မယ်တော်မာရီယားမွေးနေ့ပွဲတော်ကို အသင်းတော်ရဲ့ အစောပိုင်းမှာကတည်းက ကျင်းပခဲ့ကြပါတယ်။

ခရစ်ယာန် တွေက သူမရဲ့ မွေးဖွားခြင်းကို နေမင်းကြီး မပေါ်ထွက်ခင် လင်းအာရုံပျိုးတဲ့အချိန်နဲ့ တူတယ်

လို့ တင်စားခဲ့ကြတယ်။ နှစ်ပေါင်းများစွာ လူတွေ စောင့်စားခဲ့ကြတဲ့ ကယ်တင်ရှင်မက်ဆီးယားသခင်ခရစ်

တော်ဘုရားရှင် ကြွလာတော့ မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်သဖွယ်ဖြစ်ခဲ့ပါတယ်။ တင်စားပြောရရင်တော့

ဧဒင်ဥယျာဉ်အသစ်ရဲ့ တံခါးချပ်ကို ပြန်လည်ဆွဲဖွင့်ပေးခဲ့သူ ပါပဲ။ ဒီလိုကောင်းမြတ်ပြီး မင်္ဂလာရှိသောကယ်

တင်ခြင်းသတင်းကို အမိမယ်တော်က သူမရဲ့မွေးဖွားခြင်းနဲ့အတူ ဆောင်ယူ ခဲ့ပါတယ်။ ဒီအတွက်ကြောင့်

အမိမယ်တော်ရဲ့ မွေးနေ ပွဲတော်ကို ဝမ်းမြောက်ဝမ်းသာနဲ့ ကျင်းပကြရခြင်းပဲဖြစ်ပါတယ်။ 

  လူတိုင်းက ကိုယ့်ရဲ့မိဘကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဘုရားသခင်ကတော့ ဒီလောကထဲကို လူ့အဖြစ် ယူ

တော့ မယ်ဆိုတဲ့အချိန်မှာ သူ့အမေကို သူ ကြိုတင်ရွေးချယ်ခဲ့ပါတယ်။ ဒီရွေးချယ်ခြင်းက ကမ္ဘာဦးအစမှာက

တည်းက ရှိနေခဲ့ ပြီးသားပါ။ ကမ္ဘာဦးကျမ်း (၃း၁၅)မှာ ဘုရားသခင်က “သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုး

အနွယ်နှင့် မိန်းမ၏ အမျိုးအနွယ် ကို၎င်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်

မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” လို့ လူတွေကို အပြစ်နှင့် နတ်ဆိုးလက်မှ ပြန်ကယ်တင်

မယ်ဆိုတဲ့အကြောင်း ပထမဆုံး သတင်းကောင်းကို ပေးခဲ့ပါတယ်။ ဒါဝိတ်အမျိုးအနွယ်ဝင် အမျိုးသမီးတစ်

ဦးကနေ မွေးဖွားမယ်ဆိုတဲ့အကြောင်းကိုလည်း ဗျာဒိတ်ပေးခဲ့ပါတယ်။ ပြောချင် တာက ကောက်ခါ ငင်ကာ

အမိမယ်တော်ကို ခေါ်ယူအသုံးပြုခဲ့တာ မဟုတ်ပါဘူး။ ဗိုက်ကလေး ခဏငှားပါ ဆိုပြီး အငှား ဗိုက်ကိုလည်း

ဘုရား မကြိုက်ခဲ့ပါဘူး။ သေချာ တိကျ စီမံပြီး ကိုယ့်ရဲ့ မိခင်ကို စိတ်ကြိုက်ပြင်ဆင် ရွေးချယ်ခဲ့တာမို့ အပြစ်

ကင်းတဲ့ဘုရားက သူ့ရဲ့ မိခင်ဖြစ်လာမယ့်သူကိုလည်း အပြစ်ရင်းမှ ကင်းစေခဲ့ပါတယ်။ လူကို မဖန်ဆင်းခင်မှာ

လည်း နေစရာ ဧဒင်ဥယျာဉ်ကြီးကို ကျကျနန ပြင်ဆင်ခဲ့ပါတယ်။ လူကို အသစ်ဖန်ဆင်းခြင်းဖြစ်တဲ့ ကယ်တင်

ခြင်းမှာလည်း ဥယျာဉ်တော်ကြီးတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။ ဒီဥယျာဉ်ဟာ မြေသား ကျောက်သားနဲ့ ပြုလုပ်

ထားတာ မဟုတ်ဘဲ ဝိညာဉ်အသွေးအသားနဲ့ ပြုလုပ်ထားတဲ့ အမိမယ်တော်ရဲ့ ဝမ်းကြာတိုက်ပဲဖြစ်ပါတယ်။ 

အပြစ်မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ပြီး ပါရမီတွေ၊ ကျေးဇူးတော်တွေနဲ့ ဒီ ဥယျာဉ်တော်ကို ထုံမွမ်းစေခဲ့

ပါတယ်။ ဒီလိုကြီးကျယ်မြင့်မြတ်မူတွေနဲ့ ကယ်တင် ခြင်းဇာတ်ခုံမှာ ခမ်းခမ်းနားနား ပါဝင်ခဲ့တဲ့ အမိမယ်တော်ရဲ့

ကဏ္ဍဟာ သာမန်ထက်မကခဲ့ပါဘူး။ သာမန်အမျိုးသမီးလေးက သာမန်ထက်ပိုတဲ့ ကျေးဇူးတော်တွေနဲ့ ဖွားမြင်

ခဲ့တာမို့ သူမရဲ့ မွေးနေ့ပွဲကို ကျင်းပရတာဟာ အင်မတန် ဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။ ဘုရားရဲ့မိခင်၊

လူအားလုံးရဲ့ မိခင်လည်းဖြစ်တဲ့ အမိမယ်တော်ရဲ့ မွေးနေ့ပွဲတော်ကို ဝမ်းမြောက် သဒ္ဓါကြည်ညိုစွာ ကျင်းပရင်း

အမိမယ်တော် ကြားဝင်ဆုပန်ပေးမယ့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ဝိညာဉ်၏ ရွှင်လန်းခြင်း

ဆုကျေးဇူးများနှင့်လည်း ပြည့်စုံနိုင်ကြပါစေ။ 

Add new comment

5 + 5 =