ဖာသာရ် Paschal  သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၈၊ ၆၊ ၂၀၂၂

         ဒီယနေ့ ကြားနာရတဲ့ ကျမ်းစာတော်မြတ်က ဘုရားသခင်ရဲ့ ပညတ်ဥပဒေကျမ်းတွေရဲ့ အရေးကြီးပုံကို ထောက်ပြ နေပါတယ်။

ဓမ္မဟောင်းကာလမှာတုန်းက ပေးခဲ့တဲ့ တရားကျမ်းတွေကို ဖျက်သိမ်းဖို့အတွက် ခရစ်တော်က ဆင်းကြွလာခဲ့ တာ မဟုတ်ပါဘူး။

တရားကျမ်းတွေကို ပိုပြီး ပြည့်စုံဖို့အတွက် လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ခရစ်တော်ဟာ ဥပဒေကျမ်းတွေကို အစားထိုးဖို့ ဖျက်သိမ်းဖို့

လုပ်နေတယ်လို့ လူတွေက ထင်ကြတယ်။ ခရစ်တော်ဟာ ပညတ်ကျမ်းတွေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ ပြောင်းလဲဖို့လည်းမဟုတ်ဘူး။

ပညတ်ကျမ်းတွေကို မိမိကိုယ်တိုင် လိုက်ကျင့်ကြဖို့၊ သူများကိုလည်း လိုက်ကျင့်ကြအောင် ဦးဆောင်လမ်းညွှန်မှုတွေပေးကြဖို့ ထပ်ပြီး ဖိတ်ခေါ်

လိုက်ပါတယ်။ ခရစ်တော်က ဥပဒေတရားနဲ့ပတ်သက်လာရင် သူကိုယ်တိုင် လိုက်နာဖြည့်ဆည်းနေထိုင်ပြခဲ့တယ်။ ဥပုသ်နေ့မှာ ဗိမ္မာန်တော်သွာ

းတာတို့၊ အခွန်ဆက်သတာတို့၊ ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်ကျင့်ခဲ့တယ်။ ဥပဒေတွေကို ဘယ်လောက်ထိတန်ဖိုးထားလဲဆိုရင် စကားလုံး

တစ်လုံးကိုမပြောနဲ့ အသတ်အလတ်လေးတောင် အစားထိုးဖို့ ဆန္ဒမရှိခဲ့ဘူး။ အသေးအလေးကအစ လိုက်ကျင့်နေထိုင်ခဲ့တာပါ။ ကျွနု်ပ်တို့မြန်မာနိုင်ငံ

မှာတော့ ဥပဒေနဲ့ပတ်သက်ရင် ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ တချို့ဥပဒေတွေက လူပုဂ္ဂိုလ်တစ်ယောက်အတွက်ပဲ ရည်ညွှန်းရေးဆွဲထား

တာမျိုး ရှိတယ်။ တချို့ဥပေဒေတွေကျတော့ သူများဖောက်ရင် ပြစ်မှုမြောက်ပေမဲ့ တချို့လူတွေအတွက် ဘယ်လို ပြစ်မှုတစ်စုံတစ်ရာတောင် မသက်

ရောက်စေပါဘူး။ လူတွေက ဥပဒေကို ဆွဲချင်သလိုဆွဲတယ်။ ကိုယ်ကိုတိုင် တောင် မလိုက်ကျင့်ဘဲ သူများကိုပဲ အတင်းကျင့်ခိုင်းကြတယ်။ ဒီယနေ့

ခရစ်တော်ဘုရားက ဥပဒေတွေကို တန်ဖိုးထားလိုက်ကျင့်ဖို့ လိုအပ်ကြောင်းကို ပြောပြသလို မိမိကိုယ်တိုင်လည်း ကျင့် သူတစ်ပါးကိုလည်း ကျင့်ကြံဖို့

တိုက်တွန်းရမယ်ဆိုတာကိုပါ မိန့်ကြားဆုံးမထားပါတယ်။ ကျွနု်ပ်တို့အနေနဲ့ဘယ်လို စိတ်နေစိတ်ထားမျိုးတွေနဲ့ ဥပဒေတွေကို လိုက်ကျင့်နေကြလဲ။

ဥပဒေကတော့ အမျိုးမျိုးရှိမှာဘဲ။ နိုင်ငံ့ဥပဒေ၊ ဘာသာရေးပညတ်၊ လူမှုရေးစည်းကမ်း စသဖြင့်ပေါ့။ ဘာသာရေးပညတ်အရ တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့မှာ

မစ္ဆားတရားကို နာယူရမယ်လို့ ပြောထားတယ်။ ဝတ္တရားရှိလို့ နာယူတာလား။ ဆုတောင်းမေတ္တာတွေကို စိတ်မပါဘဲ တာဝန်အရ ရွတ်ဆိုနေကြတာလား။

ဘယ်လိုမျိုး ခံယူထားကြလဲ။ ပညတ်ကို ဥပဒေသကြီးတစ်ခု လို့ မသတ်မှတ်ဘဲ ကိုယ့်ဘဝကို တည့်မတ်စေတဲ့ လမ်းညွှန်အဖြစ် ခံယူကြရပါမယ်။

လိုလိုလားလားနဲ့ လိုက်နာစောင့်ထိန်း ကြဖို့ လိုပါတယ်။ တချို့လူတွေက မိမိကိုယ်တိုင်လည်း လိုက်နာတယ်။ သူတစ်ပါးကိုလည်း လိုက်နာဖို့ တိုက်တွန်းတယ်။

တချို့ကျတော့ သူများကိုပဲ တိုက်တွန်းတာ မိမိကိုယ်တိုင်က လိုက်နာဖို့ ပျက်ကွက်တတ်ကြပါတယ်။ သူတစ်ပါးကို ပညတ်ချက်တွေ လိုက်နာစေချင်တယ်ဆိုရင်

မိမိကိုယ်တိုင်က ဦးစွာစောင့်ထိန်းဖို့ လိုပါတယ်။ ဘုရားရဲ့ ပညတ်တော်ကို အသေးအမွှားလေးက အစ ကိုယ်တိုင်လိုက်ကျင့်တယ်။ သူများကိုလည်း လိုက်နာအောင်

လမ်းပြနိုင်တယ်ဆိုရင်တော့ ဒီလိုမျိုးလူပုဂ္ဂိုလ်ဟာ ကောင်းကင်နိုင်ငံတော်မှာ ကြီးမြတ်တဲ့သူ ဖြစ်ပါလိမ့်မယ်။ ဘုရားရှင်ရဲ့ ပညတ်တော်တွေကို မိမိကိုယ် တိုင် စိတ်ပါကိုယ်ပါ

လိုက်နာကြစို့။ ဒါမှသာလျှင် တစ်ပါးသူကိုလည်း လမ်းပြခေါ်ဆောင် နိုင်ပါလိမ့်မယ်။
 

Add new comment

4 + 1 =