ဖာသာရ် Paschal  သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၉၊ ၆၊ ၂၀၂၂

               လူ့အသက်ကို မသတ်နဲ့ ဆိုတဲ့ ပညတ်ချက်က မိုးဇယ်အားဖြင့် ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တော်တစ်ပါး ဖြစ်ပါတယ်။

ဒီပညတ်ကိုကျူးလွန်ရင် ရုံး၌ အပြစ်စီရင်ခြင်းကို ခံရမယ်။ ဒါပေမဲ့ မိမိရဲ့ ညီအစ်ကိုအပေါ် အမျက်ဒေါသထွက် လျှင်လည်း ရုံးတော်မှာ

အပြစ်စီရင်ခြင်းကို ခံရမယ်လို့ သခင်ခရစ်တော်က ထပ်မံပြီးတော့ မိန့်ကြားလိုက်ပါတယ်။ ဒေါသထွက်တာက အပြစ်လား။

ဒေါသအမျက်ထွက်ခြင်းဆိုတာ အပြစ်ရင်း ၇ ပါးထဲက တစ်ခုဖြစ်ပါတယ်။ ဒေါသကို လူတိုင်းထွက်ကြတယ်။ ထိန်းနိုင်တာနဲ့

မထိန်းနိုင်တာပဲ ကွာမယ်။ စိတ်ခံစားမှုကြောင့် လွတ်ခနဲထွက်တဲ့ဒေါသဆိုတာရှိ တယ်။ ဒေါသထွက်တာ အပြစ်ကြီးမဖြစ်သေးဘူး။

ဒေါသထွက်ပြီးနောက်မှာ ပြုလုပ်လိုက်တဲ့ အပြုအမှုကိုကြည့်ပြီး အပြစ် ဖြစ်မဖြစ် ကြည့်ရပါမယ်။ တချို့သော ဒေါသတွေက

ထွက်ပေးရတယ်။ တချို့သော ဒေါသတွေက ထိန်းချုပ်ရခက်တယ်။ တချို့ဒေါသတွေကျ မျိုချလိုက်ရတာတွေရှိတယ်။ 
    ဘယ်လိုပဲဖြစ်ဖြစ် ဒေါသထွက်ပြီဟေ့ဆိုရင် အပြောအဆို၊ အမူအရာ၊ အတွေးအခေါ်တွေကအစ ပြောင်းလဲသွားပါ တယ်။

သာမန်ချိန်မှာ ပြောတဲ့စကားနဲ့ ဒေါသအလျောက်ပြောတဲ့စကား မတူနိုင်ပါဘူး။ များသောအားဖြင့် ဒေါသထွက်ရင် အမှားပါလာ

တတ်တယ်။ စဉ်းစားချင့်ချိန်အား နည်းလာတတ်ပါတယ်။ ဒီအခါမှာ ဒေါသကြောင့် မလိုလားအပ်တဲ့ ပြသနာတွေ ဝင်လာတယ်။

သူတစ်ပါးကို အပြစ်ပဲ မြင်တော့တယ်။ ထိခိုက်နာကျင်အောင် ပြောတော့မယ်။ ကိုယ့်ရဲ့ ညီအစ်ကိုအချင်းချင်း အဆင်မပြေတာတွေ၊

မတည့်တာတွေ၊ အပြစ်တင်စရာတွေရှိနေရင် အဲ့ကိစ္စကို အရင်ရှင်းပြီးမှ ဘုရားရှိခိုးပါ။ ဘုရားရှိခိုးပြီး ရင်ထဲက ခွင့်မလွတ်နိုင်ရင်

ဟန်ဆောင်ပြီးချစ်နေသလို မာန်ထောင်ပြီး အပြစ်ရှာဖွေနေဦးမှာပဲ။ ညီအစ်ကိုအချင်းချင်း ကြေအေးသင့်မြတ်မှု အရင်ဦးစွာယူရပါမယ်။

ဘုရားရှင်က သူကိုယ်တိုင် ခွင့်လွတ်ပြသလို အချင်းချင်း ကိုလည်း ခွင့်လွှတ်ခိုင်းတယ်။ သူကိုယ်တိုင်က ကရုဏထားသလို အချင်းချင်း

မေတ္တာပွားခိုင်းပါတယ်။ 
     ရုပ်ရှင်ဇာတ်ကားလေးတစ်ခုကြည့်ဖူးပါတယ်။ ထိုင်းဇာတ်ကားလေးပါ။ ရုပ်ရှင်နာမည်က Bro of the Year။ မောင်နှမနှစ်ယောက်မှာ

အကိုဖြစ်သူက ပေါ့ပေါ့နေပေါ့ပေါ့စား ဘာကိုမှ လေးလေးနက်နက်မရှိ။ စည်းကမ်းမရှိ တာဝန် မကျေ၊ ညီမလေးဖြစ်သူအပေါ်မှာ

အစ်ကိုကောင်းတစ်ယောက်မပီသခဲ့ဘူး။ ကြာလာတော့ ညီမဖြစ်သူက အသုံးမကျတဲ့ အစ်ကိုအပေါ်မှာ သည်းခံနိုင်စွမ်းကုန်ပြီး

မခေါ်မပြောတွေထိ ဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့သွေးအေးပြီး နားလည်မှုလွဲ သွားခဲ့ပါတယ်။ ညီမဖြစ်သူက သေချာပြန်စဉ်းစားပြီး

ပြောလိုက်တဲ့စကားတစ်ခွန်းကို မှတ်မိနေပါသေးတယ်။ ဘာမှ သုံးစား လို့မရအောင် အသုံးမကျတဲ့ အစ်ကိုဖြစ်နေဦးတောင် အစ်ကိုက

အစ်ကိုပါပဲ တဲ့။ မခေါ်ချင်ရတယ်။ မတော်ချင်လို့ မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ ကျွနု်ပ်တို့လူတွေဟာလည်း ဘုရားရဲ့သားသမီးတွေ၊

ကျွနု်ပ်တို့အချင်းချင်းဟာမောင်နှမတွေဖြစ် ကြတာမို့ မခေါ်ချင်တောင် တော်နေရသေးတဲ့အတွက်ကြောင့် အချင်းချင်း စိတ်ရှည်သည်းခံခြင်း၊

မေတ္တာထားခြင်း၊ ခွင့်လွှတ်နားလည်ပေးခြင်းတွေနဲ့ ရှေ့ဆက်အသက်ရှင်ကြရမှာဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမအချင်းချင်းဆိုတဲ့ စိတ်ကလေး

မွေးပြီး ဘုရားသခင်ရဲ့ တရားတော်ကို လိုက်ကျင့်နိုင်ရန် အားထုတ်ကြိုးပမ်းကြပါစို့။
 

Add new comment

2 + 1 =