ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၈၊ ၇၊ ၂၀၂၂

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂
           သိုးနဲ့ ပတ်သက်လာရင် ပြောစရာတွေက အများကြီးရှိတယ်။ ကျမ်းစာထဲမှာ သိုးထိန်းတို့၊ သိုးတို့ ဆိုတဲ့

စကား အကြိမ်ဖန်များစွာ ကြားနာဖတ်ရှုရပါတယ်။ သိုးတွေကို အိမ်မွေး တိရိစ္ဆာန်အဖြစ် ဂရုတစိုက်နဲ့ မွေးကြတယ်။

သိုးတွေကလည်း လူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို ပံ့ပိုးပေးကြတယ်။ သိုးကထွက်တဲ့ နို့၊ အသား၊ သိုးမွှေး စတဲ့

လူ့အသုံး အဆောင်တွေအတွက် အထောက်အကူပြုပါတယ်။ ဘုရားဝတ်ပြုခြင်း တွေမှာလည်း သိုးလေးတွေကို

ပူဇော်သက္ကရ အဖြစ်သုံးလေ့ရှိကြတယ်။ သိုးကို ဘုရားပူဇော်တဲ့အရာအဖြစ် အသုံးပြုတာမို့ ခရစ်တော်ကိုလည်း

ဘုရားရဲ့ သိုးငယ်တော် ဆိုပြီး ခေါ်ကြတယ်။ သိုးတွေဟာ နူးညံသိမ်မွေ့တယ်။ ရိုးအတယ်။ သိုးထိန်း အသံကို

သိတယ်။ အကာကွယ်မဲ့တယ်။ 
       ဒီနေ့ကျမ်းစာထဲမှာ သခင်ယေဇူးက သူ့တပည့်တော်ကြီးတွေကို ညှင်းပမ်းနှိပ်စက်ခြင်းတွေကြုံရမယ့်အကြောင်း

 ကြိုတင်မိန့်ကြားတယ်။ ဝံပုလွေတွေကြားမှာ သိုးများကို စေလွှတ်သလို စေလွှတ်မယ်လို့ မိန့်တော်မူပါတယ်။ ကိုက်ဖြတ်

ဆွဲဖဲ့တတ်တဲ့ သွေးဆိုးဝံပုလွေတွေကြားမှာ သိုးတွေဟာ အန္တရယ်တွေအများကြီး ရင်ဆိုင်ရပါလိမ့်မယ်။ တပည့်တော်ကြီး

တွေဟာ ဖမ်းဆီးချုပ်နှောင်ခံရမယ်။ ငြင်းပယ်ခံရမယ်။ အသတ်ဖြတ်ခံရမယ်။ မုန်းတီးခံရမယ်လို့ ကြိုတင်မိန့်တော်မူခဲ့ပါ

တယ်။ ဒီပြသနာတွေက ခုထက်ထိလည်း ဆက်ဖြစ်နေတုန်းပါပဲ။ ကမ္ဘာကုန်တဲ့အထိလည်း ဖြစ်နေဦးမှာပဲ။ ဒီလိုအန္တယယ်

ဘေးဒုက္ခတွေနဲ့ ကြုံလာရရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။  ပထမဆုံးအနေနဲ့ မြွေကဲ့သို့ ပါးနပ်ရပါမယ်။ ကောက်ကျစ်

ယုတ်မာခိုင်းတာမဟုတ်ပါဘူး။ ပါးနပ်ခိုင်းတာပါ။ အရိပ်သုံးပါးကို နားလည်ပြီး အခြေအနေအချိန်အခါလိုက် ပြောင်းလဲ ညှိ

ယူရှင်သန်တတ်တာ။ အခြေအနေကို အကင်းပါးပြီး အလိမ္မာလေးနဲ့ ကိုယ့်ဘဝကို လျှောက်လှမ်းရှင်သန်စေခြင်းဖြစ်ပါတယ်။

နည်းလမ်းအသစ်တွေ ရှာဖွေဖန်တီးပြီး ပါးနပ်စွာနဲ့ ဘုရားသခင်စေခိုင်းတဲ့အရာကို လုပ်ဆောင်ရမှာဖြစ်တယ်။ ဒုတိယအနေ

နဲ့ချိုးငှက်ကဲ့သို့ အပြစ်ကင်းစင်ခိုင်းတယ်။ နုံအတာ မျိုးမဟုတ်ဘဲ ရိုးစင်းဖြောင့်မတ် မှန်ကန်စွာ ဘဝခရီးကို လျှောက်လှမ်း

ရမှာဖြစ်ပါတယ်။ တတိယအနေနဲ့ ဘာကို ပြောဆိုရ မလဲ၊ ဘယ်လို ချေပလိုက်ရမလဲဆိုတာအတွက် မပူပါနဲ့၊ သန့်ရှင်းသောဝိဉာဉ်

တော်ဘုရားက လမ်းပြပို့ဆောင်ပေးပါလိမ့် မယ်။ ကျွန်ုပ်တို့ဖက်က သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို အားကိုးယုံကြည်ပြီး

ပါးနပ်စွာ အပြစ်ကင်းစွာနဲ့ အဆုံးထိ သစ္စာတည်ကြည်ဖို့ပဲလိုပါတယ်။ ခရစ်ယာန်ဘဝက ခဏလေးမဟုတ်ဘူ။ တစ်ရက် နှစ်ရက်ပဲ

မဟုတ်ဘူး။ ဘဝတစ်လျှောက် လုံးသွားရမှာ။ ဒါကြောင့် အဆုံးထိ တည်ကြည်ဖို့လိုတယ်။ ပန်းတိုင်ကို အရင်ဝင်ဖို့ အရေးမကြီးဘူး။

ဖြေးဖြေးမှန်မှန် အဆုံးထိသွားနိုင်ဖို့က ပိုအရေးကြီးတယ်။ အဆုံးသတ်မှာ အဖြေရှိတယ်။ ကယ်တင်ခြင်းက စောင့်နေ တယ်။

ဘုရားရှင် ပေါ်မှာ ဆုံးခမ်းတိုင်အောင် သစ္စာတည်ကြည်နိုင်ဖို့အတွက် ဝိညာဉ်တော်ဘုရားရဲ့ အကူအညီကို တောင်းခံယူပြီး အကင်း

ပါးနပ်စွာ၊ အပြစ်ကင်းစွာ အသက်ရှင်နိုင်သူများဖြစ်ကြပါစေ။

Add new comment

1 + 2 =