ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၇၊ ၇၊ ၂၀၂၂

           ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက တပည့်တော်ကြီးတွေကို တာဝန်တွေပေးပြီး တရာ

ဒေသနာတော်ဟောဖို့ စေလွတ်တာကို တွေ့ရတယ်။ လမ်းခရီးအတွက် ဘာမှကို မယူခိုင်းဘူး။ ပိုက်ဆံ လည်း မယူနဲ့။

ငွေကြေးလည်း မဆောင်နဲ့။ စားစရာလည်း မသယ်နဲ့။ ဖိနပ်ကိုပဲစီးပြီး အင်္ကျီ ကိုတောင် နှစ်ထည် မယူဖို့မှာခဲ့ပါတယ်။

သေချာကြည့်ရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ခရီးထွက်ခိုင်းတာ။ ခု ခေတ်မှာများ ဒီလိုပုံစံနဲ့ သာသနာပြုကြဟေ့လို့

သခင်ယေဇူးက မိန့်ကြားမယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ သံသတွေ ဝင်မိကြမှာ အမှန်ပါ။ သုညနဲ့ ဘဝကို စခိုင်းတယ်။

မဖြစ်နိုင်ဘူးလို့ ကျနော်တို့က ထင်ကြမယ်။ တကယ်တော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ 
       ဒီတာဝန်က ရှင်းရှင်းပြောရင် မလွယ်ပါဘူး။ စိန်ခေါ်ချက်တွေ ပြင်းတယ်။ တောင်းဆိုမူတွေများတယ်။ အနှောက်

အယှက်တွေ ပေါတယ်။ ဒါကြောင့် တစ်ယောက်ထဲ အားနဲ့ ရုန်းရင်တော့ မဖြစ်နိုင်ပါဘူး။ အပြန်အလှန် အမှီသဟဲပြုပြီး

ကူညီရိုင်းပင်းဖေးမ မှသာလျှင် အဆင်ပြေနိုင်မယ့် သာသနာ အလုပ်ပါ။ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုပြီး လုပ်လို့

မရတော့ဘူး။ အတူလှော်ခတ်ပြီး ဆန်တတ်တဲ့ခရီးမှာ အားလုံး ပါဝင်မှ ဖြစ်မှာပါ။ ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေ

ကြားမှာ ဆက်လျှောက်နေရတာမို့ ခရီးဖော်၊ အားပေး တိုင်ပင်ဖက်ဆိုတာ တကယ်လိုပါတယ်။ စိန်ခေါ်သံတွေပြင်းတဲ့ သာသနာ

ခရီးမှာ တစ်ယောက်ထဲ လျှောက်ဖို့ ဆိုတာ အန္တရယ်များလှပါတယ်။ ဝေမျှခြင်းတွေ၊ ဖေးမခြင်းတွေနဲ့ ရှေ့ဆက်မယ်ဆို ခက်ခဲ

သော်လည်း ခံနိုင်ရည်ရှိပါတယ်။နောက်တစ်ချက်က သခင်ယေဇူးမှာခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။ စားစရာ၊ လွယ်အိတ်၊ ပိုက်ဆံ

မယူရဘူးတဲ့။ ပြောချင်တာက ဒီသာသနာလုပ်ငန်းကို စေလွှတ်တဲ့ ဘုရားရှင်အပေါ်မှာ လုံး၀ ဥဿုံ အမှီသဟဲပြုရမယ် ဆိုတာပါပဲ။

ဘုရားက စေလွှတ်တဲ့သူလေ။ လမ်းခရီးမှာ ဘာလိုအပ်မလဲဆိုတာ သူသိပြီးသားပါ။ လိုတာကို အချိန်အခါလျောက် ပံ့ပိုးပေးမှာ

သေချာပါတယ်။ ကျနော်တို့ဖက်က လုပ်ရမှာတစ်ခုက ဘုရားရှင်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်ပြီး ဘဝကို ပုံအပ်ဖို့ပါပဲ။ ဘဝခရီးက

ပင်ပမ်းတယ်။ လျှောက်လှမ်းတဲ့အခါ ဘယ်လောက် ကိုယ့်ကို လေးလံဝန်ပိစေလဲဆိုတာ ဘုရားရှင် သိပါတယ်။ ဒါကြောင့်

အင်္ကျီကိုတောင် ၂ ထည်မယူခိုင်းဘူး။ ခရီးက ပမ်းပန်းပါတယ်ဆိုမှ အင်္ကျီ၂ထည် ထူထူထဲထဲဝတ်ပြီး လျှောက်ကြည့်ပါ့လား။ ချွေးတစ်လုံးလုံး

နဲ့ ခရီး မပေါက်နိုင်ပါဘူး။ မလိုတဲ့ အင်္ကျီ ကို မဝတ်နဲ့။ ဒီစကားကို သေချာထောက်ရှုကြည့်ရင် အဓိပ္ပါယ်အများကြီး ရှိတယ်။

တခြားဆိုလိုတဲ့အဓိပ္ပါယ်ကအင်္ကျီ အပို မယူနဲ့ မဝတ်နဲ့ ဆိုတာဟာ မလိုအပ်တဲ့ အပူပင်တွေ၊ သောကတွေကို ကိုယ် သွားလေရာ မသယ်

သွားပါနဲ့ လို့ နားလည်လို့ရပါတယ်။ မလိုအပ်တဲ့ ပူပင်သောက တွေဟာ ကိုယ့်ကို ဝန်လေးပင်ပမ်းစေရုံမက သွားတဲ့ခရီးကိုပါ နှောင့်နှေး

စေပါတယ်။ ဒါကြောင့် သာသနာ ခရီးကို ပြုတဲ့အခါမှာ ပူပင်သံသယ ဗျာပါဒတွေ သယ်လာမယ့်အစား ဘုရားရှင်အပေါ်ယုံကြည်ခြင်းကိုသာ

သွားလေရာ ဆောင်ကျဉ်းလိုက်ပါ။ ဘုရားပေးတဲ့ သာသနာလုပ်ငန်း ပျော်ပျော်ကြီးထမ်းရွက်နိုင်ပါလိမ့်မယ်။ 

Add new comment

19 + 0 =