ဖာသာရ် John ထွန်းထွန်းနိုင်(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၄၊ ၆၊ ၂၀၂၂

ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့ နှစ်စဥ်ဇွန်လ ၂၄ရက်နေ့ရောက်တိုင်မှာ အမိအသင်းတော်

ဟာရှင်ယောဟန်ဗတ္တိဇံရဲ့ မွေးနေ့ပွဲတော်ကိုကျင်းပလေ့ရှိပါတယ်။ အမိအသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းပြက္ခဒိန်

မှာမွေးနေ့ပြွ့ကျင်းပဂုဏ်ပြုခြင်းခံရသူ (၃)ဦးရှိပါတယ်။ သူတို့ကတော့ခရစ်တော်ဘုရားရှင်၊ အမိမယ်တော်နဲ့ရှင်

ဘောဟန်ဗတ္တိဇ့တို့ပဲဖြစ်ပါတယ်။ ရှင်ယောဟန်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ့? (ရှင်လုကာ ၇း၂၈)သခင်ခရစ်တော်

ကိုယ်တိုင်က “သင်တိုအားငါဆိုသည်ကား မိန်းမတိုမှဖွားမြင်သောသူတို့ယောဟန်ဗတ္တိဇံထက်ပို၍ကြီးမြတ်သော

သူမရှိချေ” လို့ဆိုထားခြင်းခံခဲ့ရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလိုသခင်ခရစ်တော်ကိုယ်တိုင်ချီးမွမ်းခြင်းပြုခံ့တဲ့ပုဂ္ဂိုလ်

ဟာဘယ်လိုအသက်ရှင်နေထိုင်ခဲ့ပါသလဲ? ဘဝအသက်တာမှာအနှိမ့်ချဆုံနဲ့အရိုးရှင်းဆုံနေထိုင်ခဲ့တဲ့ပရောဖတ်

တစ်ပါးဖြစ်ပါတယ်။ သူနေ့စဉ်စားတဲ့အရာနဲ့သူဝတ်အဝတ်ကတော့ (ရှင်မာတေဦး ၃း၄) မှာ “ယောဟန်သည်က ကုလား

အုတ်အမွေးဖြင့်ရက်လုပ်ထာသောအဝတ်ကိုဝတ်ဆင်ကာ ခါး၌သားရေကြိုးကိုစည်းထား၏။ သူ၏အစာသည်က

တောကျိုင်းကောင်နှင့်တောပျားရေတို့သာဖြစ်၏”လို့ဆိုထားပါတယ်။ ဒီလိုဘဝမှာအရိုးရှင်းဆုံနေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်

လက်ကိုင်ထားတဲ့ကျင့်စဉ်ကတော့အမှန်တရားအတွက်အသက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာရှင်ဘုရင်ဟေရုဒ်ရဲ

လူမှုရေးဖောက်ပြန်မူအမှားဖြစ်တဲ့သူရဲ့ညီဖိလိပုရဲ့ဇနီးဟေရုဒ္ဒိယကိုပေါင်းသင်းမူကိုထောက်ပြပြောဆိုခြင်းရဲ့အကျိုး

ဆက်ကြောင့် ဟေရုဒ္ဒိယရြ့အငြိုးအားဖြင့် ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရပါတယ်။ အမှန်တရားအတွက်သူ

ပေးဆပ်ခဲ့ရတဲ့အရင်းအနီးကတော့ခေါင်းဖြတ်အသက်ခံရခြင်းပဲဖြစ်ပါတယ်။ နှုတ်အားဖြင့်ခရစ်တော်ဟာ

ဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သူရဲ့သက်သေခံချက်ကိုတော့ (ယောဟန် ၁း၂၉-၃၀) မှာ “လောကသားတို၏

အပြစ်ကိုချွတ်တော်မူသောအရှင်ကိုကြည့်ကြလော့။ ငါမရှိမီက ရှိနှင့်တော်မူသည် ငါထက်ပို၍ကြီးမြတ်သောသူဖြစ်

သည်။ ငါ၏နောက်၌ကြွလာမည်ဟု ငါဆိုခဲ့သောသူသည်ဤသူပင်ဖြစ်သတည်း” လိုဆိုထားတာကိုတွေ့ရပါတယ်။

ဒီနေရာမှာရှင်ယောဟန်ကကျွန်ုပ်တို့ကိုပေးခဲ့တဲ့တရားကတော့ တရားတော်နှင့်အမှန်တရားအတွက်နှုတ်အားဖြင့်

သက်သေခ့ခဲ့ခြင်းဘဝအားဖြင့်သက်သေခံခဲ့ခြင်းဖြစ်ပါတယ်။ ရှင်ဘောဟန်ဗတ္တိဇ့ပြခဲ့တဲ့တရားပေးချက်တစ်ခုကတော့

ဒီလိုအမှန်တရားအတွက်သက်သေခံခြင်းပြုနိုင်ဖိုင့်အတွက် သက်သေခံအမှန်တရားကိုကြည်လင်စွာရှု့မြင်နိုင်ဖို့အတွက်

စစ်မှန်သောနှိမ့်ချခြင်းလိုအပ်ပါတယ်။ သူဟာခရစ်တော်ဘုရားကြွလာမယ့်ခရီးကိုပြုပြင် ပြင်ဆင်ရသောပုဂ္ဂိုလ်၊ လူတွေ

ကိုခရစ်တော်ဘုရားအားညွန်ပြလျှက် “လောကအပြစ်ချွက်တော်မူသောဘုရားရှင်ကိုကြည့်လော့” လို့ညွန်ပြခွင့်ရခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်

ပေမယ့်နှိမ့်ချခြင်းပြည့်ဝစွာနဲ့ “သူ၏ခြေနင်းတော်ကြိုးကိုမျှဖြေခြင်ငှာငါမထိုက်” လိုဆိုခဲ့ပါတယ်။ လူဘဝထဲ့ကိုမမွေးဖွားမီကပင်

မိခင်ဧလိဇဘက်ရဲ့ဝမ်းတွင်းမှာ ထူးခြားတဲ့ကျေးဇူးတော်အားဖြင့်သန္ဓေယူခွင့်ရပြီး အမိရဲ့ဝမ်းတွင်းမှာရှိစဉ်ကပင် အမိမယ်တော်ရဲ့ဧလိဇဘက်အား

နှုတ်ဆက်ခြင်ဖြစ်စဉ်မှာမိခင်ဝမိးတွင်းမှာပင်ခရစ်တော်ကိုနှုတ်ဆက်ခွင်ရလို့ပျော်ရွှင်ဝမ်းမြောက်ခုန်မြူးခဲ့ရသူဖြစ်ပါတယ်။ ဒီအချက်ဘာကို

ရည်ညွန်းတရားပေးနေသလဲဆိုရင် ဘုရားရှင်နဲ့ထိတွေ့ခွင်ရတဲ့သူ (သို့) သယ်ဆောင်လာသူဟာအခက်အခဲ့တွေရှိနေပါစေမိမိကိုတိုင်ဝမ်းမြောက်

ရွှင်မြူရသလို မိမိနဲ့နီးဆပ်သောသူ၊ ထိတွေဆက်ဆံရသောသူတွေကိုလည်းပျော်ရွှင်ခြင်းတွေကိုဖြန်ဝေပေးသောသူတွေဖြစ်ပါတယ်။

ဒါကြောင် ရှင်ယောဟန်ဗတ္တိဇံရဲ့ ဘဝအသက်တာကိုအတုယူပြီးတော့ဘုရားရှင်နဲ့တရားတော်တွေကိုသက်သေခံနိုင်ရန်ကြိုး

စားပါစို့။ ဘဝအသက်တာမှာဘယ်လိုအခတ်အခဲ့တွေရှီပါစေမိမိနဲ့နီးစပ်သောသူတွေထံဘုရားရှင်ကိုပို့ဆောင်

ပေးနိုင်သော ပျော်ရွှင်ခြင်းကိုဝေငှာပေးနိုင်သောဘုရားရှင်ရဲ့သားသမီးကောင်းမျာ’ဖြစ်နိုင်ဘို့ကျိုးစာသွားကြပါစို့။

Add new comment

4 + 2 =