ဖာသာရ် John ထွန်းထွန်းနိုင်(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၂၊ ၆၊ ၂၀၂၂

    ဒီကနေ့ဇါန်လ၂၂နေ့မှာဖတ်ရူခဲ့ရတဲ့ဧဝံဂေလိကျမ်းစာ (ရှင်မာတေဦး ၇း၁၇)မှာမျိုးကောင်းသောအပင်သည်ကောင်းသောအသီးကိုသီးတက်၏။

မျိုးညံ့သောအပင်မူကာ မကောင်းသောအသီးကိုသီးတတ်၏လို့ဆိုထားပါတယ်။ လူတွေဟာကိုယ်လုပ်ဆောင်တဲ့အလုပ်တိုင်းမှာကောင်းတဲ့ရလဒ်

ကိုလိုချင်ကြပါတယ်။ ဒီရလဒ်ကောင်းကိုရရှိဖို့အတွက်ကတော့မိမိရဲ့ကြိုးစားအားထုတ်နေထိုင်မူပေါ်မှာအဓိကမူတည်နေပါတယ်။ ဥပမာအနေနဲ့

မိဘတွေဟာကိုယ်သားသမီးတွေကိုလိမ္မာရေးခြားရှိတဲ့သားသမီးကောင်းတွေဖြစ်စေချင်တယ်ဆိုရင် ကိုယ်တိုင်ကစံနမူနာကောင်းပြသနေထိုင်တဲ့မိဘ

တွေဖြစ်ဖို့လိုအပ်ပါတယ်။
    မြန်မာဆိုရိုးတစ်ခုမှာတော့"မျိုးစေ့မမှန်ပင်မသန်" လိုဆိုထာပါတယ်။ သမ္မာကျမ်စာတော်မြတ်မှာတော့မိမိစိုင်ပျိုးသည်အတိုင်ရိတ်သိမ်းရလိမ်မည်လို

ဆိုထားပါတယ်။ လူတစ်ယောက်ရဲ့အကျင်စရိုက်ဖြစ်တည်လာမူဟာအဓိကအကြောင်းအရာနှစ်ခုဖြစ်တဲ့ မျိုးရိုးဗီဇနဲ့နေထိုင်ရတဲ့ပတ်ဝန်းကျင်အပေါ်

မှာမူတည်နေပါတယ်။ တချို့လူတွေမှာတော့ဗီဇကနေပိုင်ဆိုင်တဲ့ထူးခြားတဲ့အရည်အသွေးတွေကြောင့်အချို့သောပညာရပ်တွေကိုလွယ်လွယ်ကူကူလျင်

မြန်စွာတက်မြောက်ကြပါတယ်။ တချို့စရိုက်အလေ့ကျင့်တွေကတော့မိသားစုနဲ့ပတ်ဝန်းကျင်အသိုင်းအဝုင်းရဲ့လွှမ်းမိုးမူကြောင်ဖြစ်တည်လာပါတယ်။ 
ဥပမာအနေနဲ့ဆိုင်ရင်နေ့စဉ်အတူတကွဆုတောင်းတတ်တဲ့ခရစ်ယာန်မိသားစုမှာရှင်သန်ကြီးပြင်းခဲရတဲ့ကလေးအများစုကတော့ဘသတလျှောက်လုံးမှာ

ဘာသာတရားရိုသေကိုင်းရှိုင်တဲ့သူများဖြစ်လာပါတယ်။ အဲ့ဒါကြောင့် ရဟန်း၊ သီလှရှင် ရာခိုင်နှုန်းတော်တော်များများဟာ ဘုရားတရားရိုသေကိုင်းရှိုင်း

သောပုဂ္ဂိုလ်များနဲ့ဓမ္မဆရာ/ဓမ္မဆရာမတွေရဲ့သားသမီးတွေဖြစ်နေတာတွေ့ရှိရပါတယ်။  အဖဘုရားရှင်ကကျွန်ုပ်တို့ကိုလူသားအဖြစ်အသက်ရှင်နေထိုင်စေ

ခြင်းဟာလောကကမ္ဘာကြီးကိုကောင်းသောအသီးများဖြင့်အလှဆင်စေဖို့ဖြစ်ပါတယ်။ ဒီကနေ့ဖတ်ရှုခဲ့ရတဲ့ရှင်မာတေဦးကျမ်းမှာတော့ "မျိုးကောင်းသောအပင်

သည်ကောင်းသောအသီးကိုသီးတတ်၏လိုဆိုထားပါတယ်" မိမိရဲ့ပတ်ဝန်းကျင်း၊ မိသားစုနဲ့မိမိကိုယ်တိုင်မှာမွန်ြမတ်သောဘဝကိုပိုင်ဆိုင်လိုတယ်ဆိုင်ရင်တော့

မိမိကိုယ်တိုင်ကစဘူရားပေးဘသကိုတန်ဖိုးရှိမွန်မြတ်စွာနေထိုင်ဖို့လိုပါတယ်။ သူတပါးအပေါ်မေတ္တာတရားထားနိုင်တဲ့ပုဂ္ဂိုလ်ဟာသူတပါးရဲ့ရှင်သန်တဲ့စိတ်ဓါတ်ပေါ်

မူတည်တဲ့သူမဟုတ်ပါဘူး။ ဒီနေ့ရာမှာခရစ်တော်ဘုရားရှင်ရဲ့မပြောင်းလဲတဲ့မေတ္တာတရားဟာကျွန်ုပ်တို့ဘဝရဲ့စံနမူနာပဲ့ဖြစ်ပါတယ်။ ဘုရားစင်စစ်ဖြစ်ပါလျက်

ကာလဝါရီကားတိုင်လမ်းမှာသူကိုအမျိုးမျိုးပျက်ရယ်ပြုစော်ကားတဲ့သူတွေကိုလည်းခွင့်လွတ်ပြီးမေတ္တာပြခဲ့တယ်။ သူအပေါ်မှာငြင်းပယ်ခဲ့တဲ့တပည်အရင်းအပေါ်
မှာလည်းမေတ္တာမပျက်ခဲ့ပါဘူး။ နောက်ဆုံသူကိုရောင်းစားတဲ့ယုဒအီစကာရုတ်အ‌ေါ်မှာလည်းမေတ္တာမပျက်ခဲ့ဘဲသင်လုပ်ရမည်ကိုလုပ်ဆောင်ပါလိုမိန့်ခဲ့ပါတယ်။

သခင်ခရစ်တော်စံနမူနာပြခဲတဲ့အချက်ကတော့သူရဲ့နောက်လိုက်ခရစ်ယာန်ဆိုတာမိမိလျှောက်လှမ်းနေတဲ့ဘဝအသက်တာမှန်ကန်စွာလျှောက်လှမ်းနေခြင်း
ကနေလွဲမှာမသွားဖို့ဖြစ်ပါတယ်။ 
          နောက်ဆုံအနှစ်ချုပ်အနေနဲ့ကြည့်မယ်ဆိုရင်တော့လောကအသက်တာမှာအသက်ရှင်နေထိုင်စဉ်မှာလက်တွေ့ကောင်းသောအကျင်များဖြင့်လောကကြီးကို

ကောင်းသောအသီး သီးစေဖိုနေထိုင်ရှင်သန်ခြင်းပဲ့ဖြစ်ပါတယ်။ ရှင်ယာကုပ်သြဝါဒစာ၂း၂၆ မှာတော့"ဝိညာဉ်နှင့်ကင်းသောခန္ဓာကိုယ်သည်အသေဖြစ်သကဲ့သို့

ကျင့်ကြံမူမရှိသောယုံကြည်ခြင်းသည်လည်းအသေဖြစ်၏" လို့ဆိုထားပါတယ်။  ဒါကြောင့်ကျွန်ုပ်တို့လျှောက်လှမ်းနေတဲ့ခရစ်ယာန်ဘဝအသက်မှာလက်တွေ့

ကဆန်သောအကျင့်တရားအားဖြင့်ခရစ်တော်ရဲ့နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစာသွားပါစို့။

Add new comment

8 + 1 =