ဖာသာရ် John ထွန်းထွန်းနိုင်(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၃၊ ၆၊ ၂၀၂၂

     ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့ ဒီကနေ့ဇွန်လ၂၃ရက်နေ့မှာ ဖတ်ရှုခဲ့ရတဲ့ဧဝံဗဂေလိကျမ်း 

ရှင်မာတေဦး ၇း၂၁) မှ“ငါကိုသခင်,သခင်ဟုခေါ်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ်မည်မဟုတ်။

ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသာလျှင်ဝင်ရလိပ်မည်”

လိုဆိုထားပါတယ်။ကက်သလိပ်အသင်းတော်ရဲ့အမိုင်ကိုပြန်လေ့လာကြည့်တဲ့အခါမျာတော့သခင်ယေဇူကောင်းကင်

ဘုံသိုတက်ကြွတော်မူပြီတဲ့နောက်တပည့်တော်ကြီတွေရဲ့အပေါ်မှာ သန့်ရှင်သောဝိညာဥ်တော်ဆင်ကြွလာပြီးတဲ့နောက်

ခွန်အားကျေးဇူတန်ခိုးနဲ့ပြည့်ဝလာပြီး ဧဝံဂေလိတရားတော်ကိုသတ္တိရှိစွာလှည်လည်ဟောကြားတော်မူပါတယ်။ အဲ့ဒီအ

ချိန်ကာလမှာတော့ ရောမဧကရဇ်(၁၀)ဆက်တိုင် (AD) ၃ ရာစုကျော်တိုင်နိုပ်စက်ညှင်းပန်းသက်ဖြတ်ခြင်းတွေခံနေရတဲ့

အချိန်ဖြစ်ပါတယ်။ အက်ဒီအချိန်ကခရစ်ယာန်တစ်ယောင်ဖြစ်ရတာဟာ မိမိဘသအသက်ကိုရင်းပြုပြီးနေထိုင်ရခြင်းဖြစ်ပါတယ်။

ဒီလိုယုံကြည့်ခြင်းအတွက်အခက်အခဲကြီးမာစွာဖြတ်သန်းရတဲ့ကာလမှာယုံကြည့်သူများလျော့မသွာဘဲ့ပိုမိုတိုးပွားလာပြီးအသင်းတော်

အတွက်နဲ့တရားတော်အတွက်အသက်ပေးဆက်သွားကြတဲ့ဓမ္မအာဇာနည်ရဟန္တာသူတော်မြတ်များအမြောက်အများပေါ်ထွန်းခဲ့တဲ့ကာလ

လည်းဖြစ်ပါတယ်။ ဧဝံဂေလိတရားတော်အတွက်ခတ်အဆက်ဆက်မှာသာသနာပြုခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့

မှာဘုရားရှင်ပေးထားတဲ့ကျေးဇူးတော်အစွမ်းတွေကိုအသုံးပြုပြီနည်းအမျိုးမျိုနဲ့သာသနာပြုခဲ့ကြပါတယ်။

တစ်ချို့ကတော့နှုတ်တော်အားဖြင့်ဟောပြောခြင်းအားသာသနာပြုခဲ့ကြပါတယ်။ တစ်ချို့ကတော့ စာပေအရေး

အသားအားဖြင့်သာသနာပြုခဲ့ကြပါတယ်။ နောက်ဆုံးအုပ်စုကတော့တရားတော်အတွက်မိမိတို့ရဲ့အသက်ကို

ပေးပြီးသွေးနဲ့ရေးပြီးသာသနာပြုခဲ့ကြပါတယ်။ ဖော်ပြခဲတဲ့ဓီ၃အုပ်စုထဲမှာနောက်ဆုံအုပ်စုဖြစ်တဲ့သွေးနဲ့သာသ

နာပြုခြင်းဟာလက်တွေ့ကျပြီးအခက်အခဲ့ဆုံသက်သေခံခြင်းဖြစ်တဲ့အတွက်အထိရောက်ဆုံသောဘဝနဲ့သာသနာ

ပြုခြင်းဖြစ်ပါတယ်။ လူတွေအတွက်အတည်မြဲ့ဆုံးဖြစ်သော သာသနာပြုခြင်းပဲဖြစ်ပါတယ်။  သခင်ခရစ်တော်ရဲ့

နောက်လိုက်တပည့်တော်ကြီးတွေအများစုဟာလည်း မိမိတို့ရဲ့အသက်ကိုပေးဆက်ပြီးသွေးနဲ့သာသနာပြုခဲ့

ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ ရှင်ပေတရူးဟာဇောက်ထိုကားတိုင်တင်ကာ

အသက်ခံခဲ့ရပြီး ရှင်အန္ဒြူးကတော့ကြက်ခြေခတ်သဏ္ဍာန်လက်ဝါးကားတိုင်တင်တင်သက်ခြင်းခံခဲ့ရပါတယ်။

တမန်တော်ကြီးရှင်ဘာကုပ်ဟာဂျေရုစလင်မြို့မှာခေါင်းဖြတ်အသက်ခံခဲ့ရပြီး ရှင်ယောဟန်ကတော့ပွက်ပွက်ပူ

ဆူနေတဲ့စီအိုးထဲ့မှာထဲ့ကြော်ခြင်းခံခဲ့ရပါတယ်။ တမန်တော်ကြီဘာသော်လော်မေဦးကတော့အရှင်လတ်လတ်

အရေခွံခွာခြင်းခံခဲ့ရပါတယ်။ ခရစ်ယာန်တရားတော်ကိုမယုံကြည့်စေဘို့အတွက်ဒီလိုညှင်းပင်းနှိပ်စက်သတ်ဖြတ်

ခြင်းတွေကတရားတော်ကို ဘုံကြည့်ခြင်းရပ်တန့် မသွားစေတဲ့အပြင်ကမ္ဘာနဲ့အဝှမ်းယုံကြည့်သက်ဝင်မူတွေပိုပြီး

တိုးပွားလာစေပြီးအသင်တော်ကြီးကိုပိုမိုအင်အားပြည်ဝလာစေပါတယ်။ ဒါကြောင့်သခင်ခရစ်တော်က “မျိုးစေ့

တစ်စေ့မြေ၌ကျပြီး မိမိကိုယ်တိုင်ကတော့ပျက်စီးခြင်းသို့ရောက်သော်လည်းအပင်အဖြစ်ပုံစံပြောင်းပြီးအသီးများ

စွာကိုသီးစေတယ်”လိုဆိုထားပါတယ်။ ဒီအချက်လေးကိုပြန်ပြီးတရားထောက်ရှု့ကြည့်ရင်ကျွန်ုပ်တို့ဘဝအသက်

တာမှာလည်း တစ်ချို့သောအရာတွေကိုဆုံးရှုံးလိုင်ရတယ်လို့ထင်မှတ်ရပေမယ့် ဒီဆုံးရှုံးခြင်ဟာ စေားစေားက

ပြောခဲ့တဲ့ မျိုးစေ့ရဲ့ပုံစံပြောင်းသွားခြင်းမျိုးပါ။ ရလဒ်ကတော့အသီးများစွာသီးစေခြင်းဆိုတဲ့တန်ဖိုးကြီးလာတဲ့

ရလဒ်ပဲဖြစ်ပါတယ်။ သခင်ခရစ်တော်ကတော့ (ရှင်မာတေဦး ၇း၂၁) မှာ “ငါကိုသခင်၊သခင်ဟုခေါ

သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်” လို့ဆိုထားပါတယ်။ ကျွန်ုပ်တို့လည်းနေစဉ်ဘဝ

အသက်တာမှာသခင်ဘုရားကို “သခင်၊သခင်”လို့ခေါ်တက်ရုံမျှမကဘဲဘဝအသက်တာမှာ

 အကောင်းဆုံးသောသာသနာပြုခြင်းဖြင့်သူတပါးကိုလည်းစစ်မှန်သောဧဝံဂေလိတရားတော်ကို

ညွန်ပြနိုင်သောပုဂ္ဂိုလ်များအဖြစ်ရှင်သန်နေထိုင်သွားကြပါစို့။

Add new comment

12 + 2 =