ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် စနေနေ့ သြဝါဒ ၃၊ ၉၊ ၂၀၂၂

ဒီနေ့​ကြားနာရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်း ၆:၁-၅ မှာ“ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်

တို့ကို ရှောင်ကြွတော်မူလျှင်၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်စားပါ

တယ်၊ ဒါကိုမြင်တော့ ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကိုသင်တို့ဘာကြောင့်ပြုကြတာ

လဲလို့ဆိုတော့၊ ယေရှုကိုယ်တော်က၊ ဒါဝိဒ်ဟာ မိမိအ အဖော်တို့နဲ့အတူ ဆာလောင်မွတ်သိပ်သောအခါ၊

ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်

ကို ယူစား၍၊ မိမိအဖော်တို့အားပေးတဲ့အကြောင်းကိုမျှ သင်တို့သည်မဖတ်ဘူးသလော။ ထိုမှတပါး၊

လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူပါတယ်။ လောကကြီးမှ​၊အဖြူနဲ့အမဲ၊ အလင်

နဲ့အမှာင်၊ အမှားနဲ့အမှန်၊ အချစ်နဲ့အမုန်း၊ အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတယ်။ ဒီလိုဒွန်တွဲ​-လွန်ဆွဲရတဲ့

ပွဲမှာရွေးချယ်ပိုင်ခွင့်ရှိတဲ့ကျွန်ုပ်တို့လူသား၊ အရွေးမမှားဖို့တော့လိုတာပေါ့ဗျာ။ (နတ်ဆိုးကလှည့်ဖြားမယ်၊

ဘုရားကကယ်မသနားတယ်)​

 လူမျိုးမျိုးစိတ်အထွေထွေ၊နေထိုင်မူပတ်ဝန်းကျင်၊နောက်ခံအကြောင်းအမျိုးမျိုးကြောင့်မတူညီကြပါဘူး၊

တချို့ကအပြစ်ရှာသူ၊တချို့ကအချစ်ရှာသူတွေဖြစ်တတ်ကြတယ်။မေတ္တာ​နဲသူတွေကအပြစ်ရှာတတ်ကြပြီး၊

မေတ္တာ​အားကြီးသူတွေကအချစ်ရှာတတ်ကြပါတယ်။ အပြစ်ရှာတတ်သူက နှင်းဆီပင်ကိုကြည့်တဲ့အခါ

ဆူးကိုပဲမြင်တတ်ကြတယ်။ အချစ်ရှာတတ်သူကတော့ နှင်းဆီပင်ကိုကြည့်တဲ့အခါ ပန်းပွင့်ကိုအဓိက

မြင်တတ်ပါတယ်၊ ဒီနေ့​ကြားနာရတဲ့ကျမ်းစာမှာတော့ တပည်တော်တွေရဲ့လုပ်ရပ်အပေါ် ဖာရီရှဲတချို့က

အပြစ်မြင်ပါတယ်၊ အပြစ်တင်ပါတယ်၊ ဒါပေမယ့်တဖက်မှာ ယေဇူးကိုယ်တော်ကတော့ စာနာစိတ်နဲ့နား

လည်တယ်၊ အပြစ်မပြောသလို၊ အဖြစ်သဘောတွေနဲ့ထောက်ပြသွန်သင်ပါတယ်။ တခါတလေလူသား

အားနည်းမူကြောင့် ကျွန်ုပ်​တို့လည် အပြုသဘောထက် အပျက်သဘောဆောင်တဲ့ အပြုအမူအပြောအဆို

တွေရှိတတ်ကြပါတယ်။ အကျင့်အကောင်းတွေပြုနိုင်ဖို့ ဝိညာဥ်တော်​ဘုရားရဲ့လမ်းညွန်သွန်သင်ဦးဆောင်

မူကို နိှမ်ချနာခံလိုက်နာဖို့လိုပါတယ်။ "ဆုတောင်း"​ နေရုံနဲ့မပြီးပါဘူး၊ "ပြုပြောင်း"​ နေဖို့လည်းလိုပါ

တယ်။ (ကောင်းမှုတွေကိုပြုရင်း၊ အဆိုးမှအကောင်းသို့ပြောင်းလဲနေထိုင်ရပါမယ်)။ လောကီအရာတွေကို

သိပ်မက်မောနေလား ဓမ္မ​မိတ်ေဆွတို့၊ ("မက်"​နေသမျှတော့ "မော"​နေကြရအုံးမှာပါပဲ)​။ 

 လူဘဝဆိုတာကျဆံုးချိန်ရှိသလိုအောင်မြင်ချိန်လည်းရှိပါတယ်။ လတ်တလော​ အပြစ်ကြောင့်ကျရှုံးနေ

တယ်ဆိုရင်လဲ အားမငယ်ပါနဲ့အချိန်ရှိပါသေးတယ်၊ အချစ်နဲ့ပြန်လည်ရုန်းထပါ။ (အချစ်ဆိုသော ဘုရား​ကို

မှီခိုအားကိုးလျက်​ ကျိုးစားထပါ)။ အသက်ရှင်သန်နေချိန်လေးဘဲ ကြိုးစားခွင့်ရှိတာပါ။ ဘုရားနဲ့ ဂဟေဆက်၊

အခြေေမပျက်အောင်ကြိုးစားနေကြပါစို့၊ ဘုရား​မေတ္တာ​မျိုးလူတကာအပေါ်ထားနိုင်ကြပါစေ၊

Add new comment

10 + 4 =