ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၊ ၉၊ ၂၀၂၂

ဒီနေ့ကြားနာရတဲ့ကျမ်းစာတော်မှာ၊ အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည်

ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်

ဖြစ်ပါစေ။ အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ” (၁ ကော ၃:၁၈-၁၉)

မှာတွေ့ရပါတယ်။ လူတွေရဲ့ကောင်းလှပါတယ်ဆိုတဲ့ good idea ဟာဘယ်တော့မှ God's idea ကိုမမှီဘူး။

လူတွေ​ရဲ့ကောင်းလှပါတယ်ဆိုတဲ့အတွေအခေါ်အကြံအစည်ဟာ ဘယ်တော့မှ ဘုရားရဲ့အကြံအစည်ကိုမမှီနိုင်

ပါဘူး။ ဒါကြောင့်​လည်းမစုံလင်သောလူသားဟာ စံုလင်သောဘုရားနဲ့ပေါင်းစပ်အားကိုးချဥ်းကပ်ရပါမယ်။

ကိုယ်ညဏ်စွမ်းအားအရမ်းယံုစားပြီးမကြွားဝါပါနဲ့၊ သင့်ကိုခရစ်တော်ပိုင်တယ်ဆိုတာမမေ့ပါနဲ့။ ဒီနေ့ကြားနာ

ရတဲ့ဧဝံဂေလိကျမ်း ရှင်လုကာ အခန်းကြီး၅:၁-၁၁မှာ တံငါသည်​များဖြစ်ကြတဲ့ပေတရူနဲ့အပေါင်းအပါတွေတစ်

ညလုံးငါးဖမ်းကြပေမယ့်တစ်ကောင်မှမရကြဘူး၊ အလုပ်သိမ်ဖို့ပိုက်ကွန်တွေတောင်ရေဆေးနေကြပြီ၊ အဲ့အချိန်

မှာယေဇူးကိုယ်တော်က ပေတရူလှေပေါ်တက်ပြီလူတွေကိုတရားဖို့အသုံးပြုဖို့ခွင့်တောင်းတာပေတရုကရက်ရော

စွာခွင့်ပြုတယ်၊ တရားဟောပြီးတော့ ယေဇူးကိုယ်တော်က ပေတရုကို ရေနက်ရာကိုရွေ့ပြီးပိုက်ကွန်ကိုချကာငါး

ဖမ်းဖို့ပြောတာကို တံငါ မုဆိုးပေတရူက တရားဟောဆရာယေဇူးသခင်ရဲ့စကားကိုနားထောင်ပြီးလုပ်လိုက်တာ

အံဩလောက်အောင်ငါးတွေဖမ်းမိတယ်၊ ဘုရား​ရှင်ရဲ့စကားတော်တိုင်းမှာတန်ခိုးတော်တွေပါတယ်၊ ပြောတိုင်ဟုတ်၊

လုပ်တိုင်းဖြစ်စေပါတယ်၊ ဒါတွေကိုမြင်တော့ ပေတရုက သူဟာအပြစ်သားဖြစ်တယ်၊ ကျေးဇူး​တော်ခံစားဖို့မထိုက်

သူမို့ ကိုယ်တော်ရှင်ထွက်သွားပါလို့တောင်းဆိုပေမယ့် ကိုယ်တော်ကမချန်ထားခဲ့တဲ့အပြင်၊ သူတို့ကိုလူကိုဖမ်းသော

တံငါသည်ဖြစ်စေမယ်၊ ငါနောက်လိုက်ခဲ့လို့ဖိတ်ခေါ်တဲ့အခါ မဆိုင်းမတွ ရှိတာအကုန်စွန့်ပြီးနောက်တော်သို့လိုက်ခဲ့

ကြတယ်။ ဒါဟာ ပုဂ္ဂိုလ်​ခင်လို့တရားမင်တယ်၊ အစွမ်းမြင်လို့ယုံကြည်ပုံအပ်လိုက်တာပါပဲ၊ ကိုယ်တော်ကိုပိုင်ဆိုင်

ရင်အားလုံးကိုပိုင်ဆိုင်ပြီပဲ၊ ဓမ္မ​မိတ်ဆွေ​ သင့်ကိုကော ကိုယ်တော်ရှင်ဖိတ်ခေါ်နေပါတယ်၊ ခေါ်သံကြားကာလောကီ

အရာများစွန်၍ လိုက်နိုင်မလား၊ အမှားမြင်၊ အမှန်ပြင်ပြီးနောက်လိုက်ကောင်းဖြစ်နိုင်ပါစေ၊ ဒီဘဝမှာအစပေါင်းတရာ၊

နောင်ဘဝမှာထာဝရသုခချမ်းသာပိုင်ဆိုင်နိုင်ကြပါစေ၊

Add new comment

5 + 2 =