ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၁၃)ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၊ ၇၊ ၂၀၂၂

              ကျန်းမာ​ခြင်းဟူသောကောင်းမြတ်ခြင်းကိုလူ သတ္တဝါ​တိုင်းနှစ်သက်ကြပါတယ်၊ လူဟာသေမျိုးဆိုပေမယ့်၊

မသေချင်ကြပါဘူး၊ ဒါကြောင့်လည်း မသေချင်လို့ဆေးရုံဆေးခန်းမှာ ငွေကုန်ကြေးကျခံပြီး ကြိတ်ကြိတ်တိုးတန်

းစီကုသနေကြတယ်၊ ကုသပေးနိုင်တဲ့ဆရာဝန်၊ သမားတော်တွေနောက်လိုက်ကြတယ်၊ ယနေ့ကိုယ်တော်ပြောသလို

နေမကောင်းဖျားနာသူသာ ဆရာဝန်ကိုလိုအပ်ပါတယ်။ နောက်​တချက်အနေနဲ့ စဉ်းစား​မေးခွန်းထုတ်ရမှာက၊

"ကျွန်ုပ်တို့ကောကျန်းမာနေကောင်းကြရဲ့လား"​၊ အမြဲတမ်းလုံးဝကျန်းမာစိတ်ချမ်းသာနေသူဆိုတာမရှိပါဘူး၊ ဒါကြောင့်​

ကျွန်ုပ်တို့ဆရာဝန်လိုအပ်ပါတယ်၊ ငါကျန်းမာတယ်၊ ဆရာဝန်မလိုအပ်ပါဘူးလို့ မာနကြီးမနေကြပါနဲ့၊ သခင်ယေဇူး

ခေတ်အခါကာလမှာ၊ လူတစ်ယောက်ရဲ့ ရောဂါဝေဒနာခံစားရခြင်းဟာ ထိုသူရဲ့အပြစ်နဲ့ဆက်သွယ်မူရှိတယ်လို့ 

မှတ်ကြတယ်။ လူအများဟာရောဂါသည်များနဲ့ အပြစ်ရှိသူများကို ကူပေးထူပေးဖို့ထက်အပြစ်တင်၊ အပြစ်မြင် ရှောင်

ရှားချင်ကြတယ်၊ အပြစ်သားမို့ပစ်ထားချင်ကြပါတယ်၊ 

          သို့သော် ဒီနေ့​ ရှင်မာတေဦး ဧဝံဂေလိကျမ်း (၉:၉-၁၃)​မှာ ကာယပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာ၊

ဝိညာဉ်​ပိုင်းဆိုင်ရာကုသပေးနိုင်သူစစ်မှန်သော သမားတော်ကြီးဖြစ်တဲ့ခရစ်တော်​သခင်​ယေဇူးဘုရားရှင်ကတော့

အပြစ်သားလို့အများခံယူထားတဲ့အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူစားတယ်၊ နှစ်သိမ့်ကုသမူတွေပေးပါတယ်။

ဘုရား​ရှင်က ကျွန်ုပ်​တို့ကို အပြစ်သားမို့ပစ်မထားပါဘူး။ ကျွန်ုပ်​တို့အပြစ်သားအချင်းချင်းသာ မနာလိုဝန်တို မကောင်း

စိတ်နဲ့ ဝေဖန်နေတတ်ကြတယ်။ ဝမ်းနည်း​စရာကောင်း​လှပါတယ်။ တကယ်တော့ ကိုယ်တော်ရှင်ရဲ့ "ငါဒီလောက

ကိုကြွလာခြင်းဟာ ဖြောင့်မတ်သူတွေကိုခေါ်ရန်အတွက်လာတာမဟုတ်ဘူး၊ အပြစ်သားတွေအတွက်ကြွလာတာဖြစ်တယ်။

ဆိုတဲ့တရားဟာ အပြစ်သားကျွန်ုပ်တို့အတွက်အားတက်စရာပါပဲ၊ ဒါကြောင့် မိမိကိုယ်ကို အပြစ်သားဆိုတာကိုသိရှိဝန်ခံလျက်၊

နောင်တယူပြောင်းလဲကာ၊ သိမ်ငယ်သောစိတ်ဖြင့်မဟုတ်ပဲ၊ နှိမ့်ချသောစိတ်နဲ့ ကိုယ်တော်ရှင်ရဲ့ သနားကရုဏကို ယုံကြည်အား

ကိုးပြီး သူရဲ့လိုက်နာလုပ်ဆောင်စေလိုသောစေခိုင်းချက်များကို တသွေမတိမ်းလိုက်နာလျှက်၊ မေတ္တာ​ရ၍ မေတ္တာ​မျှနိုင်သော

 စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်မာခြင်း၊ ဝိညာဉ်၏ ခွန်အား၊ ပြည့်ဝသူများဖြစ်နိုင်ကြပါစေ၊
(ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။)​

Add new comment

7 + 10 =