ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၁၃)ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၊ ၇၊ ၂၀၂၂

                      ဇူလိုင်လ (2)ရက်၊စနေ‌နေ့    ရှင်မာတေဦး ၉:၁၄-၁၇ထိကိုထောက်ရူကြပါစို့
            ဒီနေ့​ကြားနာရတဲ့ အသက်ပေးတဲ့နှုတ်ကပါဉ်တော်မြတ်မှာ၊ ယောဟန်ရဲ့တပည့်တွေက ယေဇူးကိုယ်တော်ကိုဒီလိုမေး

လျှောက်ပါတယ်။"ကျွန်ုပ်​တို့နဲ့ဖာရီဇေးဦးတွေက ကြိမ်ဖန်များစွာ အစာရှောင်ခြင်းတွေပြုလုပ်ကြပေမယ့် ကိုယ့်တော့်ရဲ့တပည့်

တွေက ဘာကြောင့်အစာမရှောင်ကြရတာလဲ"၊ ဒီလိုမေးတော့ ယေဇူးကိုယ်တော်က၊ မင်္ဂလာသတိုးသားရဲ့အပေါင်းအဖော်တွေဟာ

သတိုးသားနဲ့အတူရှိနေချိန်မှာ ဝမ်းနည်းပူဆွေးနေကြပါသလား၊ သတိုးသားကိုသူတို့ထံကနေခေါ်ဆောင်သွားတဲ့အခါကြရင်

သူတို့တွေအစာရှောင်ကြလိမ့်မယ်လို့ဆိုပါတယ်။ဆိုလိုတာကတော့ သူနဲ့အတူရှိနေချိန်မှာ ပူပင်သောကကင်းကင်းနေနိုင်ကြပြီး

သူမရှိတော့တဲ့အချိန် အစာရှောင်ခြိုးခြံဆက်ကပ်ခြင်းတွေပြုလုပ်ကြလိမ့်မယ်လို့ဆိုခြင်းပါပဲ။  အဓိကနဲ့သာမည ခွဲနိုင်ဖို့သင်ကြား

ပေးပါတယ်၊ ဝမ်းသာစရာချိန်ဝမ်းသာပြီး၊ ဝမ်းနည်းစရာအချိန်ဝမ်းနည်းကြရမယ်။

           ဓမ္မ​မိတ်ဆွေအပေါင်းတို့၊ ဘာသာတရားတိုင်းမှာ အစာရှောင်၊ ဝါရှောင် သီတင်း ဥပုသ်​ဆောက်တည်ခြင်းတွေပြုလုပ်

တတ်ကြပါတယ်။ အလွန်ကောင်းပါတယ်။ အစာရှောင်တာကောင်းပါတယ်၊ သိုသော်သတိမူရမယ့်အချက်က အစာရှောင်ခြင်းထက်

အပြစ်ရှောင်ခြင်းကပိုအရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။ တကြိမ်တခါက ခရစ်တော်​ယေဇူးဘုရားမိန့်မြွတ်တော်မူတာက "ငါ့၏

အစားသည်ကား ခမည်းတော်ဘုရားရဲ့အလိုတော်ကိုပြုရန်သာဖြစ်တယ်လို့မိန့်ဆိုခဲ့သည့်အတိုင်း အစားအစာဟာ ကျွန်ုပ်​တို့ရဲ့

ဝိညာဉ်​အတွက်အကျိုးမသက်ရောက်စေပါဘူး၊ ကျွန်ုပ်​တို့၏ နှလုံးသား​မှတစ်ဆင့်နှုတ်မှလာသောအရာများဖြစ်သည့်

တစ်ပါးသူအားကဲ့ရဲ့ပြုမူခြင်း၊ မဟုတ်မမှန်ရာကိုပြောဆိုခြင်း။ ခိုးယူခြင်း၊ သတ်ဖြတ်ခြင်း၊ ကာမဆိုင်ရာအကျင့် စာရိတ္တ

​ပျက်ပြားခြင်း၊ စသောအရာများကသာ ကျွန်ုပ်​တို့​အား သက်ရောက်စေခြင်းဖြစ်ပါတယ်။ ကျွန်ုပ်​တို့​ မည်သို့ပင် ခြိုးခြံ​ဝါရှောင်ခြင်း

အမူတွေပြုစေကာမူကျွန်ုပ်​တို့၏ နှလုံးသားများသည် မကောင်း ဒုစရိုက်​များနှင့် ပြည့်နှက်နေပါလျှင် ခြိုးခြံဝါရှောင်ခြင်းသည်လည်း

အချည်းနှီးသက်သက်သာဖြစ်ပေလိမ့်မည်။ ပို၍ ကောင်းမွန်သည်ကား အစားအစာများကိုစားသုံးပြီး မကောင်းသော ဒုစရိုက်​များကို

ရှောင်ကျဉ်ရန်ပင်ဖြစ်သည်။

          တချို့​လူတွေက ကိုယ့်အတွက်ခိုးချန်တတ်ကြတယ်၊ တကယ်တော့ ကိုယ်အတွက်ထဲကမှ ခြိုးခြံပြီး မရှိဆင်းရဲသား

လိုအပ်သူများကို မျှလှူခြင်းကအကျိုးကြီးလှပါတယ်။ ဒါကြောင့်၊ အကောင်းဆုံးကတော့ အပြစ်လည်းရှောင်၊ ကောင်းမူလည်းပြုရင်း

လောကီ လောကုတ္တရာ​ နှစ်ဖြာသောအကျိုးကိုမျှော်ကိုးလျှက် လူသားကောင်းကျိုးများပြုရင်း အသက်တရက်ကြီးလာတာနဲ့အမျှ

 ဘုရား​နဲ့တရက်ပိုနီးလာနိုင်ကြပါစေ။ ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ

 

Add new comment

17 + 2 =