ဖာသာရ် George ရွှေထွန်း(ရန်ကုန်) သာမန်ကာလ (၁၈) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၊ ၈၊ ၂၀၂၂

  ဒီနေ့ဩဂုတ်လနှစ်ရက်၊ အင်္ဂါနေ့မှာရှင်မာတေဦးဧဝံဂေလိကျမ်း ၁၄:၂၂-၃၆ ထိကြားနာထောက်ရူသတိပြုကြည့်

မယ်ဆိုရင်ခရစ်တော်​ဘုရားရှင်​ကလူတွေကိုအစာကျွေးပြီးတဲ့နောက်မှာဆုတောင်း​ပတ္တနာ​ပြုခြင်း၊ တန်ခိုးတော်အား

ဖြင့်ရေပေါ်မှာလမ်းလျှောက်လာခြင်း၊ ယုံ​ကြည်​ခြင်းအရေးကြီးကြောင်းစတာတွေကိုတွေ့ရပါတယ်။ ယေဇူး​ခရစ်

တော်​ဘုရားရှင်​ရေပြင်ပေါ်လှမ်လျှောက်ပြီးတပည့်တော်တို့ဆီလာတာကိုတပည့်တော်တွေကမြင်တော့ ကြောက်

လန့်တကြားအော်ဟစ်ကြတယ်။ အဲတော့သခင်ယေဇူးက၊ ရဲရင့်ခြင်းရှိကြလော၊ ငါပင်ဖြစ်တယ်၊ မကြောက်ကြနဲ့

လို့သတိပေးပါတယ်။အားပေးပါတယ်။ ဒီနေ့ဩဂုတ်လနှစ်ရက်၊ အင်္ဂါနေ့မှာရှင်မာတေဦးဧဝံဂေလိကျမ်း ၁၄:၂၂-၃၆

ထိကြားနာထောက်ရူသတိပြုကြည့်မယ်ဆိုရင် ခရစ်တော်​ဘုရားရှင်​ကလူတွေကိုအစာကျွေးပြီးတဲ့နောက်မှာဆုတောင်း

​ပတ္တနာ​ပြုခြင်း၊ တန်ခိုးတော်အားဖြင့်ရေပေါ်မှာလမ်းလျှောက်လာခြင်း၊  ယုံ​ကြည်​ခြင်းအရေးကြီးကြောင်းစတာတွေကို

တွေ့ရပါတယ်။ ယေဇူး​ခရစ်တော်​ဘုရားရှင်​ရေပြင်ပေါ်လှမ်လျှောက်ပြီးတပည့်တော်တို့ဆီလာတာကိုတပည့်တော်တွေက

မြင်တော့ ကြောက်လန့်တကြားအော်ဟစ်ကြတယ်။ အဲတော့ သခင်ယေဇူးက၊ ရဲရင့်ခြင်းရှိကြလော၊ ငါပင်ဖြစ်တယ်၊

မကြောက်ကြနဲ့လို့သတိပေးပါတယ်။အားပေးပါတယ်။ လူတိုင်းမှာအနည်းနဲ့အများတော့ကြောက်စိတ်ကလေး

တွေရှိတတ်ကြပါတယ်။ ဘဝလုံးခြုံမှုမရှိတဲ့အခါကြောက်တယ်။ အခက်အခဲပြသာနာတွေရင်ရတဲ့အခါစိုးရိမ်းပူပန်

ကြောက်ရွံတတ်ကြတာဟာလူသားရဲ့အားနည်းတဲ့ သဘာဝပါပဲ။ ဒါပေမယ့်​ ယေဇူးသခင်က ငါဖြစ်တယ်၊ မကြောက်နဲ့

လို့ပြောတဲ့အခါ တပည့်တော်တွေငြိမ်သက်ခြင်းရကြတယ်။ ကျွန်ုပ်​တို့ကြောက်ရွံမှုတွေကြုံတွေ့တဲ့အခါ ခရစ်တော်ရဲ့

ကပ်ကမ္ဘာ​ကုန်ဆုံးသည့်တိုင် သင်တို့နဲ့ငါရှိနေမယ်ဆိုတဲ့ကတိမိန့်မှာချက်ကိုနှလုံးသွင်းအားယူကြဖို့လိုပါတယ်။ 

ယုံကြည်​မူတွေယိမ်းယိုင်လာတဲ့အခါဘာတွေဖြစ်တတ်လဲဆိုတာရှင်ပေတရုရဲ့အဖြစ်အပျက်ကနေ သင်ခန်းစာယူကြစို့၊ 

   ရှင်ပေထရုက ကိုယ်တော်အမှန်တကယ်ဖြစ်တယ်ဆိုရင် တပည့်တော်လည်းရေပေါ်လမ်းလျှောက်ပြီးကိုယ်တော့်ထံလာ

ပါရစေလို့တောင်းလျှောက်တော့ ယေဇူးသခင်က​ လာဖို့ဖိတ်ခေါ်ပါတယ်။ ရှင်ပေတရုလည်းလှေပေါ်ကဆင်ပြီး ရေပေါ်မှာ

လျှောက်ရင်း ယေဇူးသခင်ထံသွားခဲ့ပေမယ့် ‌လေပြင်းထန်တာမြင်တော့ ကြောက်ရွံ​ပြီး နစ်မြုပ်စပြုပါတယ်။ အဲ့တော့မှ

ကိုယ်တော်ဘုရား တပည့်တော်ကိုကယ်တော်မူပါလို့အော်ဟစ်တောင်းလျှောက်တော့၊ ကိုယ်တော်ကလက်ကိုဆွဲကိုင်ရင်း

ဘာကြောင့်​ယုံကြည်ခြင်းနည်းရတာလဲ၊ ယုံမှားသံသယရှိရတာလဲလို့မိန့်ဆိုပါတယ်။ သူတို့နှစ်ပါးလှေပေါ်ရောက်တော့

လေတိုက်တာလည်ငြိမ်သွားတယ်။ ဒါကိုမြင်တော့ တပည့်တော်တွေလည်း ဘုရား​သားတော်အမှန်ဖြစ်တယ်ဆိုပြီး

ဦးချရှိခိုးကြတယ်။ ကြောက်ရွံ့​ခြင်းကအလုပ်မဖြစ်ပါဘူး။ ဘုရား​၌ယုံကြည်အားကိုးခြင်းကသာ ကြောက်ရွံ​မူကင်းစေပြီအ

လုပ်ဖြစ်မှာပါ။ ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းအတွက်လုပ်ဆောင်တဲ့အခါ သေချာပေါက် အန္တယယ်​တွေ

ဝင်လာပါလိမ့်မယ်၊ကြောက်ရွံစရာမလိုပါဘူး၊ ဘုရား​သခင်ရဲ့လက်တော် ကျွန်ုပ်​တို့ကိုကာကွယ်ပါလိမ့်မယ်။ အဓိက

ကတော့ ခက်ခဲရာကာလမှာ ရှင်ပေတရုကဲ့သို့ဘုရားကိုခေါ်တာဖက်တွယ်ထားဖို့ပါပဲ။ ဘုရား​ဖက်တော့အသက်ရှည်ပါတယ်

ဓမ္မ​မိတ်ဆွေတို့။

Add new comment

3 + 0 =