ဖာသာရ် George ရွှေထွန်း(ရန်ကုန်) သာမန်ကာလ (၁၈) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၊ ၈၊ ၂၀၂၂

  မင်္ဂလာပါ​ဓမ္မ​မိတ်ဆွေ​အပေါင်း​တို့၊ ဒီနေ့​တနင်္လာနေ့၊ လအစပထမရက်မှာ ကြားနာရတဲ့အသက်ပေးတဲ့နှုတ်ကပါဉ်တော်

(ရှင်မာတေဦး​၁၄:၁၃-၂၁)​မှာခရစ်တော်​သခင်ဟာ လူသူနဲ့ကင်းဝေးတဲ့နေရာကိုသွားတယ်လိုဆိုပါတယ်။ ဒီလိုသွားရခြင်း

ဟာအကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ သူ့ရဲ့ ပင်ပန်းလှတဲ့ သာသနာ​ပြု​လုပ်ငန်းမှာ ခန္ဓာ​ကိုယ်​အတွက်အနားပေးဖို့သွာ

းတာဖြစ်နိုင်သလို နောက်တစ်ချက်အနေနဲ့ ယောဟန်ဗတ္တိ​ဇံ အသတ်ခံရပြီးဆဲကာလဖြစ်လို့၊ သူ့အသက်တွက်လည်း

အန္တရာယ်​ရှိနိုင်တာမို့ ခဏရှောင်တာလည်းဖြစ်နိုင်ပါတယ်။ သေခြင်းတရားကိုထောက်ရူရင်းခွန်အားသစ်တွေရယူဖို့

သွားတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော အနားယူဖို့သွားတာကတော့သေချာပါတယ်။ သူ့ရဲ့အနားယူခြင်းဟာ၊

ခမည်း​တော်​ဘုရား​နဲ့အတူနေခြင်း၊ ပြီးတော့ ဝိညာဉ်တော်​ရဲ့အကူအညီနဲ့ မိမိဘဝကိုစမ်းစစ်ခြင်းတို့ဖြစ်ပါတယ်၊

ဒီအချက်တွေက ကျွန်ုပ်​တို့ကို ဆာရင်စား၊  မောရင်နား၊ အားရင်အလကားမနေနဲ့ ဘုရား​၌အနားယူပါ၊ ဘုရား​၌ခွန်

အားတွေယူပြီးအများအတွက်ချစ်ခြင်းဖြင့်ဆက်ကပ်အစေခံကာ၊ ကောင်းခြင်းတွေပြုဖို့ပါပဲ၊ ယေဇူးကိုယ်တော်က

အနားယူပြီးတာနဲ့အလုပ်စလုပ်တယ်၊ သနားခြင်းနဲ့လူနာတွေကိုကုသပေးတယ်၊ ဝိညာဉ်​အစာ တရားရေအေးတိုက်

ကျွေးသလို၊ တဖက်မှာလည်း ခန္ဓာကိုယ်​ရဲ့လိုအပ်မူကိုလည်းသိပြီးအစာကျွေးပါတယ်၊ ‌ေပါင်မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်

ကိုပွားများစေပြီးလူငါးထောင်ကျော်ကိုဝအောင်ကျွေးရံုသာမက၊ 12တောင်းတောင်ပိုလျှံတဲ့အထိ မေတ္တာ​ပြခဲ့တယ်၊

ဒါဟာထာဝရအသက်ကိုပေးသော ဝိညာဉ်​အစာကိုယ်တော်မြတ် စက္ကရ်မင်တူးရဲ့ရှေ့ပြေးနိမိတ် လက္ခဏာ​အဖြစ်ဖော်ပြ

ခဲ့ပါတယ်။ အခုလိုကြပ်တည်းရာ ကာလမှာ အားငယ်စိတ်ပျက်ခြင်းမရှိပဲ၊ ဘုရား​ရှင်ရဲ့တတ်နိုင်ခြင်းကိုယံုကြည်ကိုး

စားချဥ်းကပ်ကြပါစို့၊ သူ့ရဲ့နောက် ကိုလိုက်တဲ့သားသမီးတွေကို ဘုရား​ရှင်ကပစ်မထားပါဘူး။ အငတ်မထားပါဘူး။ 

ဘုရား​ရဲ့ကတိထားတဲ့ ငါ့ရဲကျေးဇူးတော်ဟာ သင့်အတွက်လုံးလောက်ပါတယ်ဆိုတာကိုနှလုံးသွင်းကြပါစို့၊ တရားလည်

းပေး၊ အစာလည်းကျွေးကာ လက်တွေ မေတ္တာ​ပြခြင်းကို အတုယူလျက် အပြောသမားမဟုတ်ပဲလက်တွေ့ပါသော

ခရစ်တော်​နောက်လိုက်အမှန်တပည့်သားသမီးများဖြစ်ကြပါစို့၊ ခရစ်တော်​ကဲ့သို့စာနာမူနဲ့ သာသနာပြုနိုင်ကြပါစေ။

ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။ 

Add new comment

3 + 15 =