ဖာသာရ် David တိုးဝေအောင် (မန္တလေး) သာမန်ကာလ (၂၉) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၁၊ ၁၀၊ ၂၀၂၂

သာမန်ကာလ(၂၉)ကြိမ်မြောက်သောကြာနေ့ (ရှင်လုကာ ၁၂း၅၄-၅၉)

 သခင်ခရစ်တော်၌ချစ်လှစွာသောဓမ္မမိတ်ဆွေသူတော်စဉ်အပေါင်းတို့ကိုယ်တော်ရှင်လှည်လည်တရား

ဒေသနာဟောကြာစဉ်ကြားနာကုတဲ့သူတွေအထဲမှာကောင်းမွန်တဲ့တဲ့စိတ်ထားတွေမှန်ကန်တဲ့ရည်ရွယ်

ချက်တွေနဲ့ကြားနာယုံကြည်ဖို့ပျက်ကွက်နေတဲ့ဂျူးခေါင်းဆောင်များလည်းပါပါတယ်။ ဒါကြောင့်သူတို့

တွေဟာကိုယ်တော်ရှင်ဟောကြားတဲ့သမ္မာတရားတော်ရဲ့အလင်းကိုခံယူဖိုသူတို့မျက်စီတွေကိုပိတ်ထား

ကြတယ်။ တကယ်တော့ကယ်တင်ရှင်ကြွလာတဲ့အချိန်ဖြစ်ပေါ်လာမဲ့နမိတ်လက္ခဏာတွေအားလုံး

ပရောဖတ်တွေရဲ့ဟောကြားချက်တွေတစ်ဆင့်သူတို့သိပြီတာပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ဟောကြား

ချက်တွေပြသတဲ့တန်ခိုးလက္ခဏာတွေကိုလည်းသူတို့ကြားခဲ့မြင်ခဲ့ကြရပြီးပါပြီ။ ဒါပေမဲ့လည်းသူတိုရဲ့

မာနတွေ၊ မနာလိုမှုတွေကကိုယ်တော်ရှင်ဟာကယ်တင်ရှင်ဖြစ်တယ်ဆိုတာလက်ခံယုံကြည်ဖို့အတား

အစီဖြစ်နေပါတယ်။ ဒါကြောင့်ဒီနေ့သမ္မာကျမ်းစာမှာ ပထမရာစုနှစ်ကပါလစတိုင်းလူမျိုးတွေရဲ့ရာသီ

ဥတုကြိုတင်ခန့်မှန်းခြင်းကိုအသုံးပြုပြီးတဲ့ခါကိုယ်တော်ရှင်ကအချိန်မနှောင်းသေခင်ဘုရားရှင်နှင့်ပေါင်း

စပ်နိုင်ဖို့သွန်သင်ခဲ့ပါတယ်။ ပါလစတိုင်ကလယ်သမားတွေ၊ တံငှါသည်တွေဟကောင်းကင်ကိုလေ့လာ

တယ်တိမ်ရဲ့ ပုံစံအရောင်၊ လေရဲ့ဦးတည်ချက်၊ အရှိုန်အစရှိသဖြင့်လေ့လာပြီးတဲ့ခါ ရာသီဥတုကိုကြိုတင်

တွက်စကြပါတယ်။ မြောက်ပင်လယ်ကိုဖြတ်ပြီးအနောက်ဘက်ကနေလာတဲ့လေဟာမိုးကိုရွာစေတယ်။

တောင်ဘက်သဲကန္တာရကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေဟာ ပူအိုက်တဲ့ရာသီဥတုကိုဖြစ်ပေါ်စေပါတယ်။

ဒီလို့အချိန်ကာလရဲ့နိမိတ်တွေကိုကြည့်ပြီးကြိုတင်မှန်းစနိုင်ကြရက်နဲ့ဘုရားရှင်ရဲ့တည်ရှိခြင်းကို တော့သူ

တို့တွေဘာကြောင့်မသိကြတာလဲ။ စိန်သောမတ်စ်အကွိုင်းနက်စ် ကဘုရားရှင်သည်နေရာတိုင်းမှာရှိနေတယ်။

ဒါကြောင့်ကိုယ်တော်ရှင်ရဲ့တည်ရှိခြင်းကိုမြင်တက်ဖို့သဘာဝတရားကြီးမှာသမိုင်းလူတွေရဲ့နေ့စဉ်အဖြစ်

အပြက်တွေမှာဘုရာရှင်ရဲ့လုပ်ဆောင်မှုတွေရှိနေတယ်ဆိုတာကိုသိရှိဖို့လို စိန်သောမတ်စ်အကွိုင်းနက်စ် ကဆိုခဲ့

ပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကသာမန်ဖြစ်ပျက်မှုမျိုးမဟုတ်ပါဘူး။

ကျွန်ုပ်တို့အတွက်သတင်းစကားတခုကိုပေနေပါတယ်။ အချိန်ကာလရဲ့နိမိတ်ကိုမြင်တက်ဖို့ပျက်ကွက်ခြင်း

ဟာဘုရားရှင်ကျွန်ုပ်တို့ကိုဖေါ်ပြနေတဲ့သတင်းစကားကိုပျက်ကွက်ခြင်းပဲ့ဖြစ်ပါတယ်။ ဘုရားရှင်ဖေါ်ပြတဲ့

အကြီးမားဆုံးနိမိတ်လက္ခဏာကတော့သာတော်ဘုရားပဲဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်တော်ရှင်ကမိမိအချိန်

ကလူတွေကိုဘုရာရှင်ထံပြန်လှည်လာကြဖို့၊ ပြုခဲ့တဲ့အပြစ်တွေကနေနောင်တရယူပြီးတဲ့အခါဘုရားရှင်နဲ့ပြန်

လည်ကျေအေးကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်ုပ်ကို့ကိုချစ်ခြင်းနဲ့၊ ခွင့်လွတ်ခြင်းနဲ့ကယ်တင်ဖို့ကြွလာတဲ့

သခင်ခရစ်တော်ကိုယုံကြည်မှုအားနည်းခြင်းဟာနောက်ဆုံးသောအချိန်မှာပိုမိုကြီမာတဲ့ဒုက္ခဒဏ်စီရင်ခြင်းဆီ

ကိုဦးတည်သွားပါလိပ်မယ်။ ဒါကြောင့်ဘဝမှာဘယ်လိုအခက်ခဲပဲရှိပါစေ ဘုရားရှင်ကျွန်ုပ်တို့နဲ့အတူရှိနေတယ်။

ကျွန်ုပ်တို့အတွက်ပိုမိုကောင်းမွန်တဲ့အရာပြင်ဆင်နေတယ်ဆိုတာသိရှိပြီးဘုရားရှင်အပေါ်ယုံကြည်ခြင်းနဲ့ဘဝ

အသက်တာကိုဆက်လတ်လျောက်လှမ်းနိုင်ဖို့ကြိုးစားကြပါစို့ကြာနာသူအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။

Add new comment

1 + 1 =