ဖာသာရ် David တိုးဝေအောင် (မန္တလေး) သာမန်ကာလ (၂၉) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၀၊ ၁၀၊ ၂၀၂၂

  သခင်ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေသူတော်စဉ်အပေါင်းတို့ဒီနေ့ကြာနရတဲ့သမ္မာကျမ်းစာမှာ

သခင်ခရဏ်တော်ရဲ့သာမန်နဲ့မတူတဲ့ထူခြားတဲ့ဖော်ပြချက်ကိုကြားနာရပါတယ်။ ကမ္ဘာမြေပေါ်တွင်မီး

လောင်စေခြင်း ငှါငါလာ၏ ယခုပင်မီးလောင်နေစေရန်ငါအလိုရှိလေပြီ ဂျူးလူမျိုးတွေရဲ့အတွေးတွေထဲ့

မျာမီးဆိုတာတရားစီရင်ခြင်းအမှတ်လက္ခဏာပါပဲ။ သခင်ခရစ်တော်ကကောင်းကင်နိုင်ငံရောက်ရှိလာခြင်း

ဟာတရားစီရင်ခြင်းအချိန်ဖြစ်တယ်ဆိုတာကိုညွန်ပြနေပါတယ်။ ဒါအပြင်ကိုယ်တော်ကနှုတ်ကပါဠ်တော်

သည်အရာအားလုံးကိုလောင်ကျွန်းကျစေလိပ်မယ်အားလုံးကိုရှင်းလင်းပြီးတဲ့အခါအသစ်သောအရာတွေ

ကိုဖြစ်ပေါ်စေလိပ်မယ်ဆိုတာအတည်ပြုပြောဆိုပါတယ်။ သမ္မာကျမ်းစာသည်လည်းပဲမီးဖြစ်ပါတယ်။

ကျွန်ုပ်တို့အတွက်အလင်းနဲအတူကိုယ်တော်ဘုရားရှင်ရဲ့လူမျိုး တော်တွေနှလုံးသားကိုနွေးထွေးစေပြီးအ

တွင်းစိတ်၌လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေပါတယ်။ ဝိညာဉ်တော်ရဲ့တန်ခိုးတော်ဖြင့်သမ္မာတရားကိုသွန်သင်

ရင်းကိုယ်တော်ရှင်သည်ယုံကြည်သူတိုရဲ့နှလုံးသားကို သန့်ရှင်းစင်ကြယ်စေပါတယ်။ ဒါကြောင့်လည်း

ရှင်ယောဟန်ဗတ္တစ္စ်တာကဆေကြောခြင်းနှင့်မီးရဲ့အတူယှဉ်တွဲ့နေမှုကိုသမ္မာကျမ်းစာမှာဖေါ်ပြပါတယ်။

ရှင်လုကာ၃း၁၆မှာ “ယောဟန်ကငါသည်သင်တို့ကိုရေဖြင့်ဆေးကြောသည်ငါထက်ကြီးမြတ်တဲ့သူကြွလာ

လိပ်မယ်။ သူ၏ခြေနင်းတော်ကြိုးကိုမျှဖြေခြင်းငှါငါမထိုက်တန်သူသည်သင်တို့ကိုဝိညာဉ်တော်မြတ်ဖြင်

၎င်းမီဖြင်၎င်းဆေးကြောတော်မူလိပ်မည်လို့”ဆိုခဲ့ပါတယ်။

 ဒုတိယအနေနဲ့ကိုယ်တော်ရှင်ရဲ့ထူခြာတဲ့မိန်တော်မူချက်ကတော့ငါသည်ဤကမ္ဘာမြေသို့ငြိမ်ချမ်းသာယာ

ခြင်းကိုယူဆောင်လာသည်ဟုသင်တို့ထင်မှတ်ကြသလော့ထိုသို့မဟုတ်သင်တို့အားငါဆိုသည်ကစိတ်ဝမ်း

ကွဲ့ပြားစေခြင်ငှါငါလာ၏ဒါဘယ်လိုဖြစ်နိုင်မှာလည်းကိုယ်တော်ရှင်ဟာငြိမ်ချမ်းရဲံဘုရင်ပဲဖြစ်တယ်။

ရှင်လုကာ ၂း၁၄ မှာကိုယ်တော်ရှင်ဘက်သလင်ဟင်မှာဖွားမြင်ချိန်ကောင်းကင်တမန်တော်တွေ

“အမြင့်ဆုံသောအရပ်၌ဘုရာ ရှင်၏ဘုန်းတော်ဂုဏ်တော်သည်ကြီးမြတ်တော်မူစေသတည်း။ မြေကြီး

ပေါ်၌လည်းစိတ်ကောင်းနှလုံးကောင်းရှိသူတို့အားငြိမ်းချမ်းခြင်းရှိစေသတည်း။ ဒါပေမဲ့လည်းကိုယ်

တော်ရှင်ကစိတ်ဝမ်းကွဲပြားစေခြင်းငှါ ငါလာ၏တဲ့ဒါဟာခရစ်ယာန်တွေကိုရောမလူမျိုးတွေကမုန်း

တဲ့အထဲကအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ကိုယ်တော်ကိုကယ်တင်ရှင်အဖြစ်၊ဘုရာရှင်အဖြစ်နဲ့

ယုံကြည်ကြလို့ကိုယ်တော်တရားတော်တွေကိုလိုက်နာကျင်စောက်တည်လိုမိသာစုတွေအမုန်းခံ

ရမိတ်ဆွေ၊ ဆွေမျိုးတွေရဲ့စွန့်ပြစ်ခြင်းကိုခံခဲ့ကြရတာသမိုင်းမှာဒုနဲ့ဒေးပါ။ ကျွန်ုပ်တိုခရစ်ယာန်ဖြစ်

ခြင်ရဲ့အနှစ်သာရကလောကချစ်ခင်နှစ်သက်ဖွယ်ရာတွေထက်ဘုရားရှင်အပေါ်သစ္စာ ရှိခြင်းကဦး

စားပေဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ကွဲ့ပြာမူတွေကိုရင်ဆိုင်ရင်ရဟန္ဒာဖြစ်ခဲ့ကြတဲ့သူတွေများ

စွာရှိပါတယ်။ ဒါကြောင့်ဒီနေ့ကျွန်ုပ်တို့အတွက်တရားယူစရားကကျွန်ုပ်တိုကျင့်ကြံနေတဲ့အရာတွေ

အသင်းတော်ကြီးရဲ့သွန်သင်ချက်တွေ၊ သမ္မာကျမ်းစာမှာကိုယ်တော်ရဲ့တရားတော်တွေကိုအခြေခံပြီး

ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကိုသတ္တိရှိစွာနဲ့ခိုင်မြဲစွာသစ္စာတည်ဖို့ကြိုးစာကြပါစို့။ကြာနာသူအားလုံးအ

ပေါ်ဘုရားရှင်ကောင်းကြီပေးပါစေ။

Add new comment

9 + 1 =