ဖာသာရ် David တိုးဝေအောင်(မန္တလေး) သာမန်ကာလ (၁၂)ကြိမ်မြောက်တနင်္လာနေ့ သြဝါဒ ၂၀၊ ၆၊ ၂၀၂၂

            ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို ဒီနေကြာနာခဲ့ရတဲ့ (မာတေဦး ၇း၁-၅) မှာ သခင်ခရစ်တော်ဟာ တစ်ပါသူအပေါ်

အပြစ်စီရင်ခြက်းမပြုကြဖို့ရန်အတွက်တရားပေးထားတာကိုကြာရပါတယ်။  တခါတရံမှာ ကျွန်ုပ်တို့တွေ အကြောင်းအရာတစ်ခုကို

စုံစုံလင်လင်မသိရသေးပဲတပါးသူကိုစီရင်တတ်ကြာပါတယ်။ တခါကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူရဲ့စက်ရုံကို ရုတ်တရက်

ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဒီအခါမှာလူငယ်တစ်ယောက်ဟာပစ္စည်းအိပ်တစ်လုံးကို မှီပြီး ထိုင်နေတာကိုတွေ့လိုက်ရတယ်။

ဒါနဲ့အလုပ်ချိန်မှာဒီလိုနေရလားဆိုပြီး ဒီလူငယ်ကို ဒေါ်လာ ၃၀၀ ပေးပြီးချက်ချင်းအလုပ်ထုတ်ပစ်လိုက်တယ်။ လူငယ်လေးကတော့

သူရှေ့ကနေခေါင်းလေးငုံပြီးထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူငွေပေးပြီးထုတ်လိုက်တဲ့သူကတော့ သူရဲ့အလုပ်သမားမဟုတ်ပဲ

 ပစ္စည်းလာပိုတဲ Delivery တစ်ယောက်ဖြစ်နေတယ်ဆိုတာသိလိုက်ရတော့သူလုပ်ရက်တွက်အရှက်ရသွာခဲရတယ်။

      ကျွန်ုပ်တို့တော်တော်များများတစ်ပါးသူရဲအပြုအမှုပေါ်ကြည့်ပြီးစီရင်ဆုံဖြတ်ကြတယ် အပြူအမှု၊ အပြောအဆို.၊ အနေအထိုင်၊ အပေါ်ယံအသွင်

ပြင်ကိုကြည့်ပြီးဆုံးဖြတ်ကြတယ်။ သူတစ်ပါးအပေါ်အလျင်အမြန်ပဲဝေဖန်အပြစ်တင်စီရင်တတ်ကြပေမဲ့ ကိုယ်ကိုဝေဖန်အပြစ်တင်မှာတော့

မလိုကြပါဘူး။ ဒါကြောင့်သခင်ခရစ်တော်ကဒီနေ့ကျမ်းစာမှာ သင်တို့သည် စီရင်ဆုံဖြတ်ခြင်းမခံရစေရန် သူတစ်ပါးကိုစီရင်ဆုံဖြတ်ခြင်းမပြုကြနှင့်

လို့ ဟောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ စီရင်မှုကိုပြုနေမိကြတယ်။ ဘာကြောင့်လဲ၃ချက်ရှိပါတယ်။

(၁) တချို့က တစ်ပါသူကို စီရင်ခြင်းဖြင့်မိမိရဲ့ပုံရိပ်ကိုမြင့်တင်ကြတယ်။တစ်ပါးသူရဲ့အားနည်းချက်ရှုံးနှိမ့်မူကို လက်ညိုးထိုးပြစ်တင်ရင် မိမိဟာသူ

လိုမဟုတ်ဘူးဆိုတာပြသချငိကြတယ်။

(၂) တစ်ချို့က တစ်ပါးသူကိုစီရင်ရတာကိုပျော်ကြတယ်။ တစ်ပါးသူရဲ့မကောင်းသတင်းတွေကြားရတဲ့အခါ၊ တစ်ပါးသူရဲ့ဒုက္ခတွေကိုထုတ်ဖေါ်

ပြီးအတင်း‌‌ေပြရတာကိုပျော်ရွှင်နေကြတယ်။

(၃) တစ်ချို့ကတော့ “ဖြစ်မှာပေါ့၊ ဒီလိုပဲဖြစ်မှာလေ” ဆိုပြီးတစ်ပါးသူ ရဲ့ကျရှုံးမှုကို စီရင် ရင်းသူတိုဘဝက ကျရှုံးသူထက် ပိုကောင်းတယ်လို့ခံစားကြရလို့ စီရင်ကြတယ်။

ဒါဟာတလွှဲမာနကိုပျိုးထေနေခြင်းဖြစ်ပါတယ်။

     ဒီတော့ဓမ္မမိတ်ဆွေတို့ ကျွန်ုပ်တို့ ဘာကြောင့်တစ်ပါသူကိုစီရင်နေတာလဲ။ တစ်ပါးသူကို စီရင်ရင်း ကိျန်ုပ်တို့ရဲ့ တန်ဖိုးရိှလှတဲ့အချိန်ကိုကုန်ဆုံခံနေမလား ။

သခင်ခရစ်တော်က (ရှင်ယောဟန် ၁၂း ၄၇) မှာ “ငါသည် တစ်ပါးသူကိုစီရင်ခြင်းငှါ မဟုတ် ကယ်တင်ခြင်းငှါကြွလာ၏”  ဒါကြောင့်သခင်ခရစ်တော်ရဲ့သားသမီးများ

 နောက်လိုက်တပည့်များဖြစ်တဲ့ကျွန်ုပ်တို့လဲ တစ်ပါးသူရဲ့အားနည်းချက်ကို မစီရင်ပဲ သူလဲ ကိျန်ုလိုပဲ အားနည်းတဲ့သူဖြစ်ပါလားဆိုတာ ကိုယ်ချင်းစာရင်း

ဖေးမကူညီရင်း ဆုတောင်းပေးခြင်ဖြင့်ဘဝခရီးကိုဆက်လက်လျောက်လှမ်းနိုင်ဖို့ကြိုးစာကြပါစို့

Add new comment

10 + 6 =