ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အဒ်ဝင်တူးကာလပထမ အင်္ဂါနေ့ သြဝါဒ ၂၉၊ ၁၁၊ ၂၀၂၂

အာဒ်ဝင်တူးကာလပထမ အင်္ဂါနေ့ ရှင်လုကာ ၁၀:၂၁-၂၄

 ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ဘုရားသခင်ကပညာတတ်တဲ့သူတွေ၊ ချမ်းသာတဲ့သူတွေကိုပဲကောင်းကျိုး

တွေပေးထားတယ်လို့ထင်ချင်ထင်ကြပါလိမ့်မယ်။ ယနေ့ကျမ်းစာတဲ့ယေဇူးးဘုရားရှင်ကကောင်းနေကျေးဇူးတော်တွေ

အမှတ်တရတွေကိုပညာတတ်တွေမသိနားမလည်ခံစားစေမိဘဲသိမ်ငယ်တဲ့သူတွေကိုနားလည်ခံစားမိစေဖို့အဖခမည်

းတော်ဘုရားကိုကျေးဇူးတင်ပါတယ်။ ဘုရားသခင်ဆီကိုချဉ်းကပ်နိုင်ဖို့ပညာတက်စရာမလိုပါဘူး၊ ချမ်းသာကြွယ်ဝစ

ရာလည်းမလိုပါဘူး။ ကလေးသူငယ်တွေလို ယုံကြည်စိတ်ချထားရင်လုံလောက်ပြီ။ ကောင်းကင်နဲ့ဆိုင်တဲ့မှန်တရားတွေ

ကိုပညာတတ်တွေထံမှထိန်းထားပါတယ်။ မသိနိုင်မ့ခံစာတက်အောင်ထားတယ်။ ကလေးတွေကိုခံစားမိစေတယ်ဆိုတာ

ဘယ်လိုအချက်တွေလဲ။ ပညာတက်တွေချမ်းသာတဲ့သူတွေအပေါ်ပျော်ရွှင်နိုင်ကြတယ်။ ရိုးသားတဲ့ကလေးသူငယ်တွေ

ကျတော့ပျော်ရွှင် နိုင်ရုံတင်မကဘူး ကြည်နူးနိုင်ကြောင့်ပါတယ်။ ပညာတတ်တွေ၊ ချမ်းသာသူတွေကတော့ဘုရားတရား

အကြောင်းကိုကြားရရင်အလွယ်တကူနဲ့မယုံကြည်နိုင်ကြပါဘူး။ ရိုးသားတဲ့ကလေးသူငယ်တွေကြတော့ဘုရားတရား

အကြောင်းကိုသင်ပေးရင်ချက်ချင်းယုံကြည်ကြတယ်။ ထားဝရကောင်းကင်ဘုံကိုမျှော်လင့်ကြတယ်။ ယေဇူးဘုရားရှင်

လက်ထက်တော်ကရှိခဲ့ကြတဲ့တပည့်တော်ကြီးတွေလူတွေကသိပ်ကံကောင်းကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားတော်‌

ယေဇူးဘုရားကိုမျက်မြင်ကိုယ်တွေ့ရှိခဲ့ကြတယ်။ သေတဲ့သူတွေပြန်ရှင်စေခဲ့တာတွေ့ကိုမြင်တွေ့ခဲ့ကြတယ်။ ဒါတွေကိုယေဇူး

ဘုရားရှိမတိုက်ခင်ကရှေ့ပရောဖက်တွေ၊ ရှေ့ဘုရင်တွေ၊ ဒါဝိတ်တို့၊ ‌ဆော်လမုန်မင်းကြီးတို့က မြင်တွေ့ချင်ခဲ့ကြပေမယ့် မမြင်

တွေးခကြရပါဘူး။ ဒါကြာင့်ရှေ့ကလူတွေထဲယေဇူးးဘုရားရှင်လက်ထက်တော်ကလူ့တွေကပိုးကံကောင်းကြပါတယ်။

အခုကျနော်တို့လက်ထက်ကလူတွေကသခင်ယေဇူးးလက်ထက်ကလူတွေထက်ပိုကံကောင်းကြပါသေးတယ်။ ဘာဖြစ်လို့လဲ

ဆိုတော့သခင်ယေဇူးလက်ထက်လူတွေထက်ပိုပြီးတော့ဝိညာဉ်ရေးအခွင့်အလမ်းတွေပိုရကြတယ်။ သခ်ယေဇူးရဲ့ရားတော်တွေ

ကိုကိုယ့်တိုင်းရင်းသားဘာသာစကားနဲ့ဖတ်ချင်လို့ရပြီ၊ သခင်းယေဇူးးရဲ့တရားတော်တွေကိုTv ကနေ၊ အင်တာနက်ကနေ နေ့

တိုင်းနေရာတိုင်းမှာနားထောင်လို့ရပြီ။ ဝိညာဉ်‌တော်တန်ခိုးတော်နဲ့ပြည့်ဝတဲ့တရားဟောဆရာတွေအများကြီးပေါ်ပေါက်လာပါ

ပြီ။ ဒါ့ကြောင့်ကျွန်တော်တို့ခေတ်ကလူတွေကသခင်ယေဇူး‌ခေတ်ကလူတွထက်ပိုပြီးတော်ကံကောင်းကြပါသေးတယ်။ ဘာသာ

သူတွေကျွန်တော်တို့‌ခေတ်မှာရရှိကြတဲ့အခွင့်အလမ်းတွေကိုအသုံးချပြီးဘုရားသခင်ကိုပိုမိုသိရှိအောင်ကြိုးစားကြပါစို့။ နားစဉ်

သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ

Add new comment

15 + 2 =