ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အဒ်ဝင်တူးကာလပထမ ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၀၊ ၁၁၊ ၂၀၂၂

နိုဝင်ဘာလ ၃၀ တပည့်တော်ကြီးစိန့်အန်နြူးပွဲနေး ရှင်မာတေဦး ၄:၁၈-၂၂

ယနေ့ဖတ်ရတဲ့အကျမ်းစာထဲမှာသခင်ယေဇူးကာတံငါသည်တွေဖြစ်တဲ့ ပေတရူးနဲ့အန်နြူးညီအစ်ကိုနှစ်ယောင်

နောက်ညီ့ကိုနှစ်ယောက်ဖြစ်တဲ့ယာကုပ်နဲ့ ယောဟန်တို့ကိုသူ့နောက်တော်သို့လိုက်ဖို့ခေါ်တော်မူပါတယ်။ ယေဇူး

ဘုရားရှင်ရဲ့တရားတော်တွေကိုတစ်ကမ္ဘာလုံးအတွက်တရားဟောဖို့အခုလိုပညာမတတ်ဆင်းရဲတဲ့တံငါတည်းတွေ

ကိုခေါ်မှုတာအလုပ်ဖြစ်ဖြစ်ပါမလား။ ဘုရားသခင်ရဲ့တရားတော်တွေကိုဆည်းကပ်နိုင်ဖို့ တရားဒေသနာတွေ‌

ဟောကြာနိုင်ဖို့ဆိုတာကိုယ့်ပညာအစွမ်းနှင့်မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်၊ ဝိညာဉ်တော်တန်ခိုးနှင့်

အမှီပြုပြီးတရားကို‌ဟောကြာမှသာလူတွေပြောင်းလဲနိုင်ကြတာပါ။ ကိုယ့်အစွမ်းအရည်အချင်းကိုအားကိုးပြီးတရား

ဒေသနာဟောကြရင်ကြားနာရတဲ့သူတွေလည်းဗဟုသုတရှိရုံပဲရှိပါလိမ့်မယ်။ ဝိညာဉ်ရေးမှာပြောင်းလဲမှာမဟုတ်ပါဘူး။

ဒါ့အပြင်တပည့်‌တော်ကြီးယုဒလို ငွေရေးကြေးရေးအလွဲသုံးစားလုပ်တက်သူ၊ ကိုယ့်အရှင်သခင်ကိုသစ္စာဖောက်သူ

ကိုယ့်လည်း သခင်ယေဇူးကာရွေးကောက်ခဲ့ပါပဲ။ ဒါဟာအ‌ရွေးမှာာသွားတာဟုတ်ပါဘူး။ ဘုရားကလူကိုအထင်ကြီး

ခဲ့တာပါ။ ဘုရားကလူရဲ့ ကြိုက်တာလုပ်တတ်တဲ့အခွင့်အလမ်းကိုလည်း လေးစားတာပါ။ ဒါပေမယ့်ဘုရားကတော့

အရာအားလုံးကိုစိုးပိုင်တော်မူပါတယ်၊ သိမြင်တော်မူပါတယ်။ ဒါကြောင့်လည်းပဲသံပေတရူးကကြက်မတွန်ခင်သုံ

းချိန်ငြင်းပယ်လိမ့်မယ်လို့သခင်ကျေးဇူးကကြိုးတင်တဲ့အတိုင်းတကယ်ဖြစ်လာတာပါဘဲ။ သံပေတရူးဟာလက်

ဝါးကားတိုင်မှာအသတ်ခံရမယ်လို့ကြိုတင်မိန့်တော်မူတဲ့အတိုင်းတကယ်ဖြစ်လာတာပါဘဲ။ ဒါတွေကိုကြည့်ခြင်းအား

ဖြင့်ဘုရားသခင်ကိုယ့်ဘဝကိုအရာ ရာသိမြင်ပြီးအုပ်စိုးနိုင်စွမ်းရှိပါတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့်တပည့်‌တော်

ကြီးတွေရဲ့ဘဝတွေလည်းဘုရားသခင်ခွင့်ပြုချက်မရှိပဲဘယ်လိုမှသေဆုံးရမှာဟုတ်ပါဘူး။ တပည့်တော်ကြီအားလုံ

းသံယောဟန်ကလွဲလို့တစ်ပါးမကျန်အ‌သေခဲကြတာပါ။ ဘုရားသခင်အလိုတော်ရှိရင်တပည့်တော်ကြီးသံပေတရူးတို့၊

သံ‌ပေါးးလူတို့ကိုထောင်ထဲကလွတ်‌မြောက်စေနိုင်သလိုဘုရားသခင်တန်ခိုးနဲ့ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်သင့်

အသက်သေမှာရှင်မှာဟာဘုရားသခင်နဲ့သာသက်ဆိုင်ပါတယ်။ ရွာကိုစစ်ကြောင်းတို့လာတဲ့စစ်သားတွေနဲ့လည်းမဆိုင်

ပါဘူး။ ဒါကြောင့်တပည့်တော်ကြီးစိန့်အန်‌‌နြူးလို မိမိရဲ့ဘဝအသက်တာကိုဘုရာသခင်လက်ထဲမှာ ဝကွက်အပ်နှံကြပါစို့။

နားဆင်သူအားလုံးပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါတယ်။

 

 

Add new comment

11 + 4 =