ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အဒ်ဝင်တူးကာလပထမ တနင်္လာနေ့ သြဝါဒ ၂၈၊ ၁၁၊ ၂၀၂၂

အာဒ်ဝင်တူးကာလ ပထမတက်နင်းလာနေ့ ရှင်မာတေဦး ၈:၅-၁၁

 ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ဘုရားသခင်ဆိုတာအားလုံးကိုသိမြင်တော်မူပါတယ်။ ကျမ်းစာထဲမှာ

ယေဇူးဘုရားရှင်ကိုယ်တိုင်အံ့ဩသင်ခဲ့တဲ့အဖြစ်ပျက်နှစ်ခုကိုတွေ့ရပါတယ်။ ပထမအဖြစ်ပျက်တစ်ခုကတော့‌

ယေဇူးဘုရားရှင်ရဲ့နေရင်မြို့နာဇရက်မြို့ကလူတွေကယေဇူးဘုရားရှင်ကိုမယုံကြည်ကြလို့အံ့ဩသခဲ့တယ်။

ယခုပတ်တဲ့ကျမ်းစာမှာလည်း ဘာသာပဖြစ်တဲ့လူတရာတပ်မှူးကဘာသာပလဲဖြစ်သေးတယ်။ အားနာလည်းရှိ

သေးတယ်ဒါတောင်ယေဇူးဘုရားရှင်ကိုယုံကြည်နိုင်သေးတယ်။ အာဏာရှိရဲ့သားနဲ့နှိမ့်ချနိုင်သေးတယ်။  "တပည့်

တော်ရဲ့အိမ်မိုးအောက်သို့ကိုယ့်တော်ရှင်ကြွဝင်လာမှာကို တည့်‌တော်မထိုက်တန်ပါဘူး"တဲ့။ အာဏာရှိတဲ့သူတွေ

က ပိုက်ဆံချမ်းသာတဲ့သူတွေကနှိပ်ချဖို့ခဲယဉ်းလှပါတယ်။ အာဏာရှိပြီးနှိမ့်ချတဲ့လူဆိုလို့မရှိသလောက်အောင်

ထိရှားပါတယ်။ ဒါကြောင့်ယေဇူးဘုရားရှင်မိန့်တော်မူထားတာက "ကုလားအုပ်ကအပ်ပေါက်ထဲကိုသူ့‌ခေါင်းရှိုလို့ရ

ချင်ရမယ်။ သူဋ္ဌေးများကောင်းကင်ဘုံရောက်ဖို့ခဲယဉ်းလှပေတယ်လို့ "ဆိုထားပါတယ်။ ယေဇူးဘုရားရှင်ငယ်ငယ်

လေးကတည်းကနေလာတဲ့နာဇရက်မြို့။ ဒီမြို့ကလူတွေကလည်း‌ယေဇူးဘုရားရှင်ကိုသိကြပြီးသားပါဘဲ။

သူကလက်သမားသာမဟုတ်လားဒီအတတ်ပညာတွေကိုဘယ်ကတက်လာတာလဲဆိုပြီး‌ယေဇူးဘုရားရှင်ကိုအထင်

မကြီးကြဘူး မလေးစားကြဘူး။ မိမိတို့ကိုယ်တိုင်ကိုယ်‌ယေဇူးးဘုရားရှင်ရှေ့မှာမနှိမ့်ချကြဘူး။ အဲဒါကြောင့်‌ယေဇူး

ဘုရားရှင်ကသူတို့မယုံကြည်နိုင်ကြတာကိုအံ့ဩတော်မူပါတယ်။ အခုလိုအာဒ်ဝင်တူးကာလမှာ‌ယေဇူးဘုရားရှင်ကို

လက်ခံကြိုဆိုနိုင်ဖို့က သင်စိတ်နှိပ်ချဖို့ကအရေးကြီးပါတယ်။ လူတရာတပ်မှူးလိုကိုယ်တော်ဝင်လာမှာကိုလက်ခံဖို့

တပည့်တော်ကမထိုက်တန်ပါဘူးလို့ပါလို့နှိမ့်ချပါ။ တကယ်တမ်းလည်းမထိုက်တန်ပါဘူး။ ကျနော်တို့ဟာဘုရားက

ဖန်ဆင်းပေးလိုက်လို့ ဖြစ်တည်လာရတာပါတယ်။ ဘုရားရဲ့အသက်တာထဲမှာဝင်ခွင့်ကျေးဇူးတော်မပေးရင်ကျနော်

တို့သေပြီးမြေမှုန့်ဖြစ်ရုံပဲရှိပါတော့တယ်။ ကိုယ့်ကိုယ်ကိုဘာမှအထင်ကြီးစရာတစ်ကွက်မျှမရှိပါဘူး။ ဘာသာသူအား

လုံးလည်းဘုရားသခင်နဲ့ပေါင်းစပ်နိုင်ဖို့နှိပ်ချတဲ့စိတ်ထားကိုမွေးမြူကြပါစို့။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့

ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။

Add new comment

3 + 7 =