ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၅၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၄၃)ကြိမ်မြောက်သောကြာနေ့ ရှင်လုကာ၂၁း၂၉-၃၃

“ကောင်းကင်နဲ့မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်”။ ယေဇူးဘုရားရှင်မိန့် တော်မူတဲ့စကားတွေထဲ့မှ

ာ အမှားမပါဘူး။ အမြဲတည်နေမည်တရားစကားတွေဖြစ်ပါတယ်။ ယေဇူးဘုရားရှင်ရဲ့ကြိုတင်မိန့်တော်မူတဲ့စကားတွေ

လည်းအမှန်တကယ်ဖြစ်ပျက်ခဲ့တာပါဘဲ။ ဥပမာ- ယေဇူးဘုရားရှင်ဟာလူအကြီးအကဲတွေလက်ထဲကိုအပ်နှံခြင်းခံရမယ်၊

အသေသတ်ခြင်းခံရမယ်၊ သေပြီးသုံးရက်မြောက်တဲ့နေ့မှာပြန်ရှင်လိပ်မယ်လိုကြိုတင်မိန့်တော်မူခဲ့တဲ့အတိုင်းတကယ်

ဖြစ်တာပါဘဲ။ တပည့်တော်ကြီးယုဒကသူကိုအပ်နှံလိမ့်မယ်လို့ကြိုတင်မိန်တော်မူခဲ့တဲ့အတိုင်း တကယ်ဖြစ်တာပါဘဲ။

တပည့်တော်ကြီးသံပေတရူးကကြက်မတွန်ခင် သခင်ယေဇူးကိုငြင်းပယ်လိမ့်မယ်လို့ကြိုတင်မိန်တော်မူတဲ့အတိုင်

းတကယ်ဖြစ်တာပါဘဲ။ အဲဒီလိုပဲသခင်ယဇူးကြိုတင်မိန့်တော်မူ တဲ့နောက်ဖြစ်လာမဲ့အကြောင်းအရာတွေလည်း အမှန်

တကယ်ဖြစ်လိမ့်မယ်။ ဥပမာ-ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားမယ်။ ငါရှိသောနေရားမှာသင်တို့လည်းရှိစေဖို့

သင်တို့ကိုငါထံသို့ငါလာခေါ်မယ်ဆို့တာလည်းတကယ်ဖြစ်လာလိမ့်မယ်။ တနေ့ယေဇူးဘုရားရှင်က ဒီကမ္ဘာမြေကြီးပေါ်ကို

ဆင်းကြွလာမယ်။ အဲဒီအခါ ကောင်းကင်အသစ် မြေကြီးအသစ်မှာကျနော်တို့ထာဝရအသက်ရှင်နေရလိမ့်မယ်လို့လည်း

ကြိုတင်မိန့်တော်မူထားပါတယ်၊ ကတိပေးထားပါတယ်။ သင်တို့ဟာသူတပါရဲ့အပြစ်တွေကိုခွင့်လွတ်ရင် သင်တို့ရဲ့အပြစ်တွေ

ကိုလည်း အဘရားသခင်ကခွင့်လွတ်လိမ့်မယ်လို့ ကတိပေးထားပါတယ်။ သခင်ယေဇူးသေရာမှပြန်ရှင်တဲ့ကိုယ်ခန္ဒာအတိုင်း

ကျနော်တို့လည်းသေရာမှပြန်ရှင်ပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိတဲ့ကိုယ်ခန္ဒာနဲ့ထာဝရအသက်ရှင်စေမယ်လို့ကတိတော်ပေး

ထားပါတယ်၊ အဲဒီကတိတေ်လည်းတည်ပါလိမ့်မယ်။ ဒါကြောင့်ဘာသာသူတွေ အနေနဲ့ အခုအချိန်မှာဘယ်လိုဘဲဒုက္ခတွေကြုံ

တွေ့နေရပါစေ ငါ့စကားသည်တည်လိမ့်မယ်ဆိုတဲ့ယေဇူးဘုရားရှင်ရဲ့ ကတိတော်တွေကိုမျှော်လင့်ကြပါစို့။ အဲဒီမျှော်လင့်ခြင်းဟာ

သေချာတဲ့မျှော်လင့်ခြင်းဖြစ်တယ်ဆိုတာအမြဲတမ်းတည်တဲ့ ယေဇူးဘုရားရှင်ရဲ့တရားစကားတွေကသက်သေပြနေပါတယ်။

နားစဉ်သူအပေါင်းဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများခံစာကြရပါစေ။

Add new comment

3 + 1 =