ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၁) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၃၁၊ ၁၀၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်တို့သာမန်ကာလာ (၃၁)ကြိမ်မြောက်တနင်္လာနေ့(ရှင်လုကာ ၁၄း၁၂-၁၄)  

ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကလူတွေကိုကောင်းကြီးမင်္ဂလာကျေးဇူးတွေခံစားရစေဖို့ပေးထာတာဖြစ်ပါ

တယ်။ လူအတွေးအခေါ်တွေနဲ့တော့ကိုက်ညီမှာမဟုတ်ပါဘူးဒါကြောင့်ဘုရားသခင်ရဲ့ အတွေးအခေါ်အကြံအစည်

ဟာလူတွေရဲ့အတွေးအခေါ်အကြံအစည်ထက်ပိုမြင့်မြတ်တယ်လို့ကျမ်းစာမှာဆိုထားပါတယ်။ ယနေ့ဖတ်တဲ့ကျမ်း

စာမှာလည်းသင်တို့ဟာပွဲလမ်းလုပ်လို့ဧည့်ခံကျွေးမွေးတော့မယ်ဆိုရင်ဆင်ရဲ့သာတွေ၊ ဒုက္ခိတတွေ ကိုခေါ်ဖိတ်ပါ။

သူတို့မှာသင့်ကိုကျေးဇူးမဆပ်နိုင်ကြလို့သင်ဟာကောင်းကြီးမင်္လာခံစားရမယ်။ ဖြောင့်မတ်သောသူတို့သေရာမှာ

ပြန်ရှင်တဲ့ကာလရောက်ရင်အကျိုးကျေးဇူးခံစာရလိပ်မယ်တဲ့။ လူတွေဟာပွဲလမ်းလုပ်လို့ဖိတ်ကြာရင်သူဠေးတွေ၊

ချမ်းသာသူတွေ၊ ကိုယ်ကို ကျေးဇူတုံပြန်နိုင်သူတွေကိုသာဖိတ်ကြားလေရှိကြတယ်။ ကိုယ်ကိုသူတိုကျေးဇူတုံပြန်

ကြလိပ်မယ်ဆိုတဲ့မျှော်လင့်ချက်ထားကြတယ်။ သင်တို့မျှော်လင့်ရမှာကဘုရားသခင်ရဲ့ကောင်းကြီးမင်္လာ၊ နောက်

ဝဘမှာထာဝရချမ်းသာပဲမျှော်လင့်ရပါမယ်။ ဒါကြောင့်ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကလူအတွေးအခေါ်နဲ့

မကိုက်ညီပဲ့ဖြစ်နေပါစေသင်ဟာကောင်းကြီးမင်္လာခံစာခြင်ရင်ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကိုလိုက်နာပါ။

အကြိမ်(၇၀ (၇)လီခွင့်လွတ်ရမယ်၊ ကိုယ်အပေါ်မကောင်းတဲ့သူတွေအဖို့မေတ္တာပိုရမယ်။ စတဲ့တရားတော်တွေ

အားလုံးကသင်ကိုကောင်းကြီးမင်္လာရစေပါတယ်။ သင်ကကောင်းတာလုပ်ပြီးအပြစ်တင်အပြောခံရပါကဂုဏ်

ယူပါသင်ခံစားရမည့်အကျိုးကျေးဇူးဟာကြီးမားပါလိပ်မယ်။ ဒါကြောင့် “သင်တို့သည်မဟုတ်မမှန်ပဲလျက်အပြစ်

အမျိုးမျိုးတင်ခံရလျက်သင်တို့အသရေဖျက်ခံရသောအခါဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကသင်တို့

ခံစာရမည့်အကျိုးကျေးဇူးသည်ကြီးမားလှပေ၏” လို့ယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။ နာစဉ်သူအား

လုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္လာများခံစားကြရပါစေ။

Add new comment

12 + 8 =