ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၀) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၅၊ ၁၀၊ ၂၀၂၂

 ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့သာမန်ကာလ(၃၀)ကြိမ်မြောက်အင်္ဂါနေ့ (ရှင်လုကာ ၁၃း၁၈-၂၁)

ကောင်းကင်နိုင်ငံတော် ကောင်းကင်နိုင်ငံတော်ဆိုပြီးယေဇူးဘုရားရှင်စတင်တရားဟောစဉ်ကတည်ကတစ်တွင်

တွင်မိန်တော်မူခဲ့တာကိုတွေ့ရပါတယ်။ ယေဇူးဘုရားရှင်ကပထမဦးဆုံးတရားဟောတော့လည်းနောင်တရကြ

လော့။ “ကောင်းကင်နိုင်ငံတော်သည်နီးလာပြီ” လို့မိန်တော်မူပါတယ်။ အခုဖတ်ရတဲ့ကျမ်းစာမှာလည်းဘုရား

သခင်ရဲ့နိုင်ငံတော်ကိုမုန်ညင်းစေနဲ့လည်းနှိုင်းယှဉ်ပြထားတယ်။မုန့်ညက်တွေကိုဖောင်းကြွစေတဲ့တဆေးနဲ့လည်း

နှိုင်းယှဉ်ပြီးမိန်တော်မူထားပါတယ်။ မုန်ညင်းစေနဲ့နှိုင်းယှဉ်ပြရတဲ့အကြောင်းကတော့မုန်ညင်းစေဟာညောင်စေ့

လောက်သေးငယ်ပြီးစတင်ပြီးအပင်ပေါက်လာတော့လည်းသေးသေးသွယ်သွယ်လေးပါပဲ။ ဒါပေမဲ့တဖြည်းဖြည်

းကြီးပြင်လာတဲ့အခါနောက်ဆုံညောင်ပင်ကြီးလောက်ဖြစ်လာပြီးငှက်တွေအတွက်နာခိုစရာကြီးဖြစ်လာပါတယ်။

ဒီလိုပဲဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာယုံကြည်သူတစ်ယောက်ရဲ့ရင်ထဲ့မှာတိုးတိုးတိတ်တိတ်လေးကြီးထွားတိုး

တက်လာနေပါတယ်။ တဖြည်းဖြည်းဘုရားတရားစိတ်ဓါတ်လေးဝင်လာတယ်။ ဘရားကိုချစ်တဲ့စိတ်ပွားများလာ

ပြီးလူတိုင်အပေါ်မေတ္တာထာလာနိုင်ပါတော့တယ်။ အစပထမမှာတော့ရင်ထဲ့မှာဘုရားကိုယုံကြည်ရုံလေးပါဘဲ။

နောက်တော့သူယုံကြည်လက်ခံထားတဲဘုရားသခင်ရဲ့နိုင်ငံတော်ဟာထင်သာမြင်သာရှိလာပါတော့တယ်။ ပတ်

ဝန်းကျင်ကိုရိုက်ခတ်လာပါတော့တယ်။ မခိုးဘူး၊ မလိမ်ဘူး၊ သီးခံခွင့်လွတ်တယ်၊ နူးညံသိမ်မွေ့တယ်၊ ယဉ်ကျေး

တယ်၊ စိတ်မပြက်ဘဲအမြဲတမ်းမျှော်လင့်ချက်တွေရှင်သန်နေတယ်။ ဒါတွေဟာသူပတ်ဝန်းကျင်အထိပါရိုက်ခတ်

လာတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ပဲဖြစ်ပါတယ်။ ဒါကြောင့် “ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်” လို့

သခင်ယေဇူးကဆုတောင်းခိုင်းတာပေါ့ယုံကြည်တွေရဲ့ရင်ထဲ့မှာယုံကြည်နေတဲ့အရာတွေကနောက်ဆုံးတကမ္ဘာလုံ

းအထိပြန့်နှံသွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကဘုရားသခင်ရဲ့တရားတော်ကိုယုံကြည်သက်ဝင်ကျင်ကြံနေထိုင်ပါက

ဘယ်နေရာမှစစ်ဖြစ်မှာမဟုတ်တော့ပါဘူး။ ဒီလိုပါပဲဘုရားသခင်ရဲ့နိုင်ငံတော်ဟာတဆေးနဲ့နှိုင်းယှဉ်ပြထားပါ

တယ်။ တဆေးတစ်ဇွန်းလောက်ကိုမုန့်ညက် (ဒါမှမဟုတ်) ဂျုံမှုန့်ထဲ့မှာရောလိုက်ရင်ဂျုံမှုန့်တွေနှစ်ဆလောက်

ဖောင်းကြွလာစေသလိုပါပဲ။ ကျနော်တို့တိုးတိုးတိတ်တိတ်ရင်ထဲ့ကယုံကြည်နေတဲ့ဘုရားတရားကိုအပြင်မှာလက်

တွေကျင့်ဆောက်တည်ခြင်းအားဖြင်းတစ်ကမ္ဘာလုံးငြိမ်းချမ်းသာယာအောင်ဟောပြောသက်သေခံကြပါစို့။ နားစဉ်

သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။

Add new comment

3 + 14 =