ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၀) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၈၊ ၁၀၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့တမန်တော်ကြီးများစီမွန်နှင့်ယုဒပွဲ သောကြာနေ့ (ရှင်လုကာ ၆း၁၂-၁၆)

ယနေ့ဖတ်ရတဲ့ကျမ်းစာရှင်လုကာ၆း၁၂-၁၆အထိမှာယေဇူးဘုရားရှင်ကတမန်တော်ကြီးများကိုရွေးချယ်ဖို့တစ်ညလုံး

ဆုတောင်းခဲ့တယ်။ နောက်မှာလည်းပဲတမန်တော်ကြီးများအတွက်ဆက်လက်ဆုတောင်းပေးနေပါတယ်။ အထူးသဖြင့်

နောက်ဆုံးညစာစားပြဲမှာကျွန်ုပ်သည်သူတို့အတွက်ဆုတောင်းပါ၏။ ဤလောကအတွက်ကျွန်ုပ်ဆုမတောင်းပါ။ သို့သော်

လည်းကျွန်ုပ်အားကိုယ်တော်ပေးအပ်တော်မူသောသူတို့သည်ကိုယ်တော်ပိုင်ဆိုင်သောသူများဖြစ်သောကြောင့်သူတို့အ

တွက်ကျွန်ုဆုတောင်းပါ၏။(ရှင်ယောဟန်၁၆း၉)                    

 သံပေတရူးအတွက်လည်းသခင်ယေဇူးကခုလို့ဆုတောင်းခဲ့ပါသေးတယ်။ စီမွန်စီမွန်စာတန်သည်သင်တို့ကိုဂျုံစပါးကဲ့သို့

ဆန်ခါနှင့်ချရန်တောင်းဆို၏။ သို့သော်သင်၏ယုံကြည်ခြင်းမလျော့နည်းစေရန်ငါသည်သင့်အတွက်ဆုတောင်းလေပြီ။

ရှင်လုကာ(၂၂း၃၁)  အခုထိလည်းသခင်ယေဇူးကတမန်တော်ကြီးတွေမှာဆင်းသက်လာတဲ့အသင်းတော်အတွက်လည်း

ဆုတောင်းပေးနေပါတယ်။ သခင်ယေဇူးကနံမည်နဲ့တကွာခေါ်ပြီးတမန်တော်ကြီးများကိုရွေးချယ်ခဲ့သလိုကျနော်တို့ကို

လည်းဆေးကြောခြင်းခဲတုံးကနာမည်နဲ့တကွာရွေးချယ်ခေါ်တော်မူခဲ့တာဖြစ်ပါတယ်။ သခင်ယေဇူးကတစ်ညလုံးဆု

တောင်းပြီးမှာရွေးကောက်ခေါ်တော်မူတာဖြစ်ပြီးသူတိုကိုစေလွတ်တဲ့အခါမှာလည်းသခင်ယေဇူးကသူတို့နဲ့အတူရှိနေပါ

တယ်ဆုတောင်းပေနေပါတယ်။ တမန်တော်မျာအဖြစ်ရွေးကောက်တဲ့အခါကျမ်းစာတွေကျွမ်းကျင်ပြီးသားကျမ်းတက်

ဆရာတွေကိုမရွေးချယ်ပါဘူး။ မိုးဇယ်ရဲ့တရားဥပဒေကျမ်းတွေကိုနားလည်ပြီးကျင်ကြံနေတဲ့ဖါရီဇေဦးအထဲကမရွေး

ချယ်ပါဘူး။ တမန်တော်တွေကသခင်ယေဇူးရဲ့တရားတော်တွေကိုလက်ခံလိုစိတ်ရှိတယ်။ ဘုရားသခင်ကိုသိခြင်လိုစိတ်

ရှိတယ်။ ဒါကြောင့်တမန်တော်ကြီးများအဖြစ်ရွေးကောက်တယ်။ ဒါကြောင့်ကျတော်တို့လည်းတမန်တော်ကြီးတွေလို

ယေဇူးဘုရားရှင်ထံမှာတရားတော်တွေသင်ယူလိုစိတ်ပြင်းပြပါ။ တချို့ကကိုယ်ကိုဘုရားကခေါ်တော်မူထားတယ်ဆို

တာမေ့လျောပြီးကိုယ်မင်းကိုယ်ချင်းကိုယ်အကြိုကိုယ်လုပ်တက်ကြတာဟာသိတ်မှားနေပါတယ်။ ဆေးကြောခြင်းခံက

တည်းကသန့်ရှင်စင်ကြယ်ဖို့ ကျနော်တို့ကိုခေါ်တော်မူထားတယ်။ ယေဇူးဘုရားရှင်ရဲ့သစ္စာရှိနောက်လိုက်ကောင်းဖြစ်ဖို့

ခေါ်တော်မူထားတယ်။ ဘုရားသခင်ရဲ့ပညတ်တော်တွေကိုလိုက်နာကျင့်ကြံဖို့ကျနော်တို့ကိုခေါ်တော်မူထားတယ်။

သူတပါးတွေအပေါ်ချစ်ခြင်းမေတ္တာထားဖို့ကောင်းသောဆာမာရီတန်လိုဖြစ်ဖို့ကျနော်တို့ကိုခေါ်တော်မူထားတယ်။

တမန်တော်ကြီးစမွန်နဲ့ယုဒတို့လိုတရားတော်အတွက်အသေခံသည်တိုင်အောင်ဘုရားသခင်အတွက်လောကမှာသက်

သေခံကြပါစို့။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။                                                                  

 

Add new comment

13 + 0 =