ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၀) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၆၊ ၁၀၊ ၂၀၂၂

 ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်တို့သာမန်ကာလာ (၃၀)ကြိမ်မြောက်ဗုဒ္ဓဟူးနေ့ (ရှင်လုကာ ၁၃း၂၂-၃၀)

ကောင်းကင်းဘုံကိုရောက်ဖို့ကျဉ်မြောင်းတဲ့တံခါမှဝင်နိုင်အောင်ကြိုးစာရမယ်လို့ယေဇူဘုရားရှင်ကမိန့်တော်မူပါ

တယ်။ ကျဉ်မြောင်းတဲံတံခါမှဝင်နိုင်အောင်ကြိုးစာပါဆုတာကောင်းကင်ဘုံရောက်ဖို့ကြိုးစာစရားလို့တယ်လို့ဆို

လိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်မြန်မာအဆိုမှာတရားအားထက်တယ်လို့ဆိုပါတယ်။ တရားကိုအားထုတ်ကျင်ကြံ

တာကိုပြောတာပါ။ ဘယ်လိုကြိုးစာရပါ ပါမလဲယေဇူးဘုရားရှင်ကိုသိချင်တဲ့စိတ်ပြင်ပြလာပြီးနောက်သူရဲ့တရား

တော်တွေကိုဘယ်လိုအခက်အခဲ့ပဲရှိရှိလိုက်နာကျင်ကြံပါ။ အဲဒီနည်းအားဖြင့်ကြိုးစာစရာလိုအပ်ပါတယ်။

နမောနမဲ့ပေါ့ပေါ့ဆဆနေလို့အလိုအလျောက်ကောင်းကင်ဘုံကိုရောက်မှာမဟုတ်ပါဘူး။ ကောင်းကင်ဘုံကိုဝင်ဖို့

တံခါခေါက်တဲ့အခါဘုရားသခင်က “သင့်ကိုငါမသိ” လို့ပြန်ဖြေတော်မူလိပ်မယ်။ ဒီအခါသူတို့က “တပည့်တော်တို့

ကို ကိုယ်တော်မသိဘူးလား” ကိုယ်တော်တောင်တပည့်တော်တို့လမ်းပေါ်မှာတရားဟောခဲ့သေး တယ်လေး။

ဆိုလိုတာကတပည့်တော်တို့ကို ကိုယ်တော်မသိဘူးလား၊ တပည့်တော်ကဘုရားကျောင်းတက်ပြီးဩဝါဒပေးတာကို

တောင်နားထောင်ခဲ့သေးတယ်လေးလို့ပြောတာပါပဲ။ ဒါပေမဲ့ဘုရားကတော့သင်ကိုငါမသိဘူး။ မကောင်းမှုကိုပြုသော

သူအပေါင်းတို့ငါထံမှထွက်ထွက်သွာကြလော့တဲ့။ သူတို့ကဘုရားကျောင်းတက်ပြီးဩဝါဒသာနာထောင်တာပါ၊ ဩဝါဒ

အတိုင်းမကျင့်ကြံကြပါဘူး၊ ဒါကြောင့်ဘုရားက“သင်တို့ကိုငါမသီ” လို့နှင်ထုပ်ခဲ့တာ‌ပေါ့။ တချို့ကကိုယ်တော်တပည့်

တော်တို့ကိုမသိဘူးလားကိုယ်တော်နဲ့အတူစားသောက်ခဲ့ကြသေးတယ်လေး။ ဆိုလိုတာကတော့ကိုယ်တော်တပည့်

တော်တို့ကိုမသိဘူးလား၊ ကိုယ်တော်မြတ်ကိုတောင်ပင့်ယူခဲ့ကြသေးတယ်လေလို့ပြောခြင်းဒီလူတွေကကိုယ်တော်မြတ်

သာပင့်ယူကြတာပါအပြင်မှာမတရားမှုတွေလုပ်နေကြတာပါပဲ့။ ဒါကြောင့်ဘုရားသခင်က “သင်တို့ကိုငါမသိ” ဆိုပြီးနှင်

ထုတ်လိုက်တာပါပဲ။ ဘာသာသူတို့နေ့စဉ်နေ့တိုင်းတရားအားထုတ်ပါကိုယ်ရဲ့အကျင့်အကြံစိတ်‌နေစိတ်ထား နေ့တိုင်စစ်

ဆေးဆင်ခြင်ပြီးတော့တရားတော်အတိုင်းကျင့်ကြံနေထိုင်ဖို့ဘုရားနဲ့ဆုတောင်းခြင်းအားဖြင့်အတူနေဖို့ကြိုးစားကြပါစို့။

နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီမင်္ဂလာများခံစာကြရပါစေ။

Add new comment

3 + 5 =