ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၀) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၇၊ ၁၀၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့သာမန်ကာလ(၃၀)ကြိမ်မြောက် ကြာသပတေးနေ့ (ရှင်လုကာ ၁၃း၃၁-၃၅)

ယေဇူးဘုရားရှင်ကသူဟာလူအကြီးအကဲ့တွေလက်ထဲ့ကိုအပ်နှံခြင်းခံရမယ်၊ ဒုက္ခတွေခံရမယ်၊ အသေသတ်ခံရလိပ်မယ်။

သေပြီး(၃)ရက်မြောက်တဲ့နေမှာသေရာမှပြန်ရှင်လိပ်မယ်ဆိုတာတွေကို ကြိုတင်သိမြင်တော်မူပါတယ်။ ဒါကြောင့်လည်း

သူအသေခံမည်အကြောင်းကိုတပည့်တော်ကြီးတွေကိုကြိုတင်မိန့်တော်မူထားပါတယ်။ အခုလည်းဖာရီဇေဦးတွေက

သခင်ယေဇူးကိုဟေရုဒ်မင်းရဲ့ရန်မှရှောင်ဖို့တနေရာရာကိုတိမ်းရှောင်ခိုင်ပါတယ်။ ဒါပေမဲ့သခင်ယေဇူးကတော့ဂရုမစိုင်ပါ

ဘူး။ ဘာဖြစ်လို့လည်းဆိုတော့သခင်ယေဇူးရဲ့ဘဝ၊ သခင်ယေဇူးရဲ့သာသနာပြုခြင်းတွေကဘုရားသခင်ရဲ့အစီအစဉ်နဲ့လုပ်

နေတာဖြစ်တယ်။ ဘာမျှကြောက်စရာမလိုဘူးဘုရားသခင်ရဲ့အစီအစဉ်အတိုင်းအချိန်ကျရောက်မှအသေခံရမယ်။ ဒါကြောင့်

ခင်ယေဇူးအဖမ်းခံရတာ၊ အသတ်ခံရတာတွေဟာသခင်ယေဇူးမ‌ရောင်တိမ်းနိုင်လိုချောင်ပိတ်ခံရလို့ထွက်မပြေးနိုင်လို့ခံ

လိုက်ရတာမဟုတ်ပါဘူး။ သခင်ယေဇူးကဘုရားသခင်ရဲ့အစီအစဉ်အတိုင်လိုလိုလားလားလွတ်လွတ်လိုက်နာတာပါ။

ဘုရားသခင်ကအစီအစဉ်ရှိထားရင်ဘေးလူတွေကဘယ်လောက်ဖျက်ဖျက်ဘယ်လောက်နောက်ယှက်ပါစေဘာမှကြောက်

စရာမလို့ပါဘူး။ သခင်ယေဇူးအတွက်တော့ဘုရားသခင်ကကြိုတင်အစီအစဉ်ရှိထားပေမဲ့ ကျနော်တို့လူတွေအတွက်ကြိုတင်

သတ်မှတ်ထားတာမရှိပါဘူး။ (ဥပမာ)ယုဒကိုဘုရားသခင်ကငရဲသွားဖို့ကြိုတင်မသတ်မှတင်ထားပါဘူး။ သူဖါသာသူလွတ်

လွတ်လပ်လပ်လိုလိုလားလားနဲ့ကိုသခင်ယေဇူးကိုရဟန်အကြီးအကဲ့တွေလက်ထဲအပ်နှံတာပါ။ လူတိုင်းရဲ့လွတ်လပ်စွာဆုံ

ဖြတ်ချက်ကိုဘုရားကမထိပါဘူး။ လူတိုင်ကိုယ်ကယ်တင်ခြင်းအတွက်လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ကြပါတယ်။ သင့်ရဲ့

ဘဝအခက်အခဲထဲမှာဘုရားသခင်ကိုပါဝင်ကူညီစေချင်သလား။ ဆုတောင်းပါဘုရားရဲ့အကူအညီတောင်းပါ။ ဒါဆိုဘုရား

သခင်ကဝင်ရောက်ပါဝင်ကူညီပါလိပ်မယ်။ လမ်ညွန်ပါလိပ်မယ်၊ လုပ်နိုင်တဲ့ခွန်အားတွေလည်းပေးပါလိပ်မယ်။ နားစဉ်သူအား

လုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစာကြရပါစေ။

Add new comment

8 + 3 =