ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၆) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၇၊ ၉၊ ၂၀၂၂

သာမန်ကာလ (၂၆)ကြိမ်မြောက်အင်္ဂါနေ ရှင်လုကာ ၉း၅၁-၅၆

 အခုယေဇူးဘုရားရှင်ကဂျေရုဆလင်မြို့ကိုဦးတည်ပြီးတော့ခရီးဆက်သွားနေပါတယ်။ ဂျေရုဆလင်မြို့

ကိုရောက်ရင်သခင်ယေဇူးကဒုက္ခခံရမယ်၊ အသေခံရမယ်ဆိုတာကြိုတင်သိရဲ့သားနဲ့ ဂျေရုဆလင်မြို့ကို

ပဲခရီးဆက်နေပါတယ်။ ဂျေရုဆလင်မြို့မှာဒီလိုဒုက္ခတွေကြုံမယ်ဆိုတာသိပေမဲ့ရှောင်လွဲမသွားပါဘူး။

ကျနော်တို့လည်းဘုရားသခင်အလိုတော်ကိုလုပ်ဖို့ဘာဒုက္ခတွေပဲကြုံတွေ့ပါစေဆက်လက်လျှောက်လှမ်း

သွားဖို့လို့ပါတယ်။ သခင်ယေဇူးရဲ့ဒုက္ခခံခြင်း၊ အသေခံခြင်းပြီးမှာသေရာမှပြန်ရှင်နိုင်တဲ့ဘုရား ဆိုတာကို

လူတိုင်းသိစေခြင်းအားဖြင့်ဘုရားစစ်ဘုရားမှန်ကိုလူတွေသိရှိနားလည်လာနိုင်မှာဖြစ်ပါတယ်။ အခုလို

ဂျေရုဆလင်သွားတဲ့လမ်းမှာဆာမာရိတန်ရွာကိုဖြတ်သွားတဲ့အခါဆာမာရိတန်ရွာကလူတွေကသခင်ယေဇူး

တို့အဖွဲ့ကိုလက်မခံကြပါဘူး။ ဒါကိုတပည့်တော်ကြီးတွေကကောင်းကင်ကမီးကျလာပြီးဆာမာရိတန်ရွာကို

ဖျက်ဆီးစေချင်တယ်။ ဒါပေမဲ့သခင်ယေဇူးကလက်မဃ့ပါဘူး။ တရားဒေသနာဟောပြောဖို့သွားတာကိုလက်

မခံကြတဲ့ရွာတွေရှိရင်သင်တိုခြေထောက်မှာကပ်ပါလာတဲ့သူတို့ရွာကမြေမှုန့်ကိုပင်ခါပြစ်ခဲ့ကြပါလိုပဲသခင်ယေဇူး

ကသင်ပေခဲ့တာပါ။ အခုတော့တပည့်တော်ကြီးတွေကတစ်ရွာလုံးမီးကျပြီးလောင်ကျွမ်းပျက်ဆီးစေချင်သတဲ့။

ကျနော်တိူ့လည်းကိုယ်ကိုထိခိုက်စော်ကားသူတွေကိုအဲဒီလိုပျက်ဆီးစေချင်ကြတာပါဘဲ။ ပျက်ဆီးပါစေလို့လည်း

ဆုတောင်ဖူးကြတယ်မဟုတ်ဘူးလား။ ဘာသာသူတိုစီရင်ဆုံဖြတ်တဲ့အလုပ် ကဘုရားအလုပ်ပါ ဘုရားကအဲ့လို

မတရားလုပ်သူတွေကိုသေချာပေါက်စီရင်ပါလိပ်မယ်။ ဘုရားသခင်ရဲ့စီရင်ချက်ကပျော့ညံ့ညံ့လိုသင်ထင်နေ

သလား။ “လည်ပင်မှာကြိတ်ဆုံကျောက်စွဲ့ပြီးပင်လယ်ထဲ့ချမယ်” လို့ကျမ်းစာထဲ့မှာတွေရတယ်နော်ပျော့ညံ့ညံ့

လိုမထင်လိုက်နဲ့။ ဘုရားရဲ့စီရင်ချက်ကသေပြီးမှဖြစ်မှာပါကွာလို့လည်းမထင်လိုက်နဲ့။ မာနထောင်လွားသော

သူတို့ကိုအခုကွဲလွင့်စေလိပ်မယ်။ “မယုံကြည်သောသူမူကယခုပင်ယခုပင် အပြစ်စီရင်ခြင်းကိုခံရလေပြီး”လို့ကျမ်း

စာထဲ့မှာတွေ့ရပါတယ်။ ဘုရာရဲ့စီရင်ချက်ကမနှောင့်နှေးပါဘူ။ ဒါကြောင့်တရားမျှတတဲ့ဘုရားသခင်ရဲ့စကား

တော်ကိုနားထောင်ကြပါစို့နားစဉ်သူအားလုံးအပေါ်ဘူရားရှင်ရဲ့ကောင်းချီမင်္ဂလားမျာခံစားကြရပါစေ။

Add new comment

15 + 1 =