ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၆) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၃၀၊ ၉၊ ၂၀၂၂

သာမန်ကာလ (၂၆) ကြိမ်မြောက်သောကြာနေ့ ရှင်လုကာ ၁၀◌း၁၃-၁၆

 အိုခိုရာဇင်မြိုသင်သည်အမင်္ဂလာရှိ၏၊ အိုဘက်ဇိုင်ဒါမြို့သင်သည်အမင်္ဂလာရှိ၏လို့ သခင်ယေဇူးသတိပေး

တော်မူပါတယ်။ ဘာဖြစ်လို့ဒီနှစ်မြို့ကိုသတိပေးရတာလဲ။ သူတို့ဟာမာနကြီးတယ်ကိုယ်ရဲ့အပြစ်အမှား၊ အား

နည်းချက်ကိုမမြင်ကြဘူး။ ကာဖါနအုပ်မြို့လည်းဒီအတိုင်းပဲကိုယ့်ကိုယ်ဖြောင့်မတ်တဲ့လူဆိုပြီး အကျင့်ပြောင်း

လဲစရာမလိုဘူလို့ထင်နေကြတယ်။ နောင်တရစရာမလိုဘူးလို့ခံစားနေကြတယ်။ ပါရမီတွေကျင့်ကြံဖို့မလိုအပ်

ဘူးလို့ထင်နေကြတယ်။ အဲဒီလိုမြိုးကြီးပြကြီးထဲကလူဂုဏ်တန်တွေဟာဘုရားကိုကိုးကွယ်ရမည့်အစား မိမိ

ကိုယ်ကိုကိုးကွယ်နေကြတယ်၊ ပကာသနကိုးကွယ်နေကြတယ်။ ဘုရားကိုမရှာဖွေပဲငွေကိုသာရှာဖွေနေကြ

တယ်။ အာဒန်နဲ့ဧဝတို့ရဲ့အပြစ်လိုပဲဘုရားကိုဘေးချိတ်ပြီးကိုယ်ကိုယ်တိုင်ဘုရားဖြစ်ခြင်နေကြတယ်။

ဒါကြောင့်ဘုရားမေ့၊ တရားမေ့ဖြစ်နေကြတယ်။ ဒီမြို့(၃)မြို့မှာပြခဲ့တဲ့သခင်ယေဇူးရဲ့တန်ခိုးတွေကိုဓမ္မဟောင်

းကာလတုံးကဆိုးမိုက်လိုကန့်မီးတေါကျပြီးပျက်စီးခဲ့တဲ့ တီရာမြို့နဲ့စီဒွန်မြို့တိုမှာသာပြခဲ့ရင်တောင်အဲဒီမြို့

(၂)မြို့ပျက်စီခဲ့မှာမဟုတ်ဘူး။ အဲဒီမြို့ (၂)မြို့ကလူတွေချက်ချင်းနောင်တရကြမှာဘဲလို့ သခင်ယေဇူးကမိန်

တော်မူခဲ့ပါတယ်။ သခင်ယေဇူးတန်ခိုးပြတာကိုမြင်တွေခဲ့ရတဲ့မြို့ (၃) မြို့ကလူတွေလိုပဲ ကျနော်တို့ခေတ်မှာ

လည်းကျနော်တို့ကံကောင်းကြပါတယ်။ အသင်းတော်ကြီးထဲမှာကျနော်တို့ကိုဦးဆောင်လမ်းညွန်သွန်သင်ပေး

နေတဲ့ဆရာတော်ကြီးတွေရှိနေပါတယ်။ သခင်ယေဇူးက “သင်တို့ကိုနားထောင်သောသူသည် ငှါစကားကိုနား

ထောင်၏သင်တို့ကိုငြင်းပယ်တဲ့သူဟာလည်းငှါကိုငြင်းပယ်တာပဲ” လို့မိန့်တော်မူထားပါတယ်။ သခင်ယေဇူး

ကတရားဝင်ခန့်အပ်ထားတဲ့သိုးထိမ်းဆရာတော်ကြီးများရဲ့စကားကိုတလေးတစားနာထောင်ကြပါစို့။

ဒါဆိုရင်သင်ဟာလမ်းမှာသို့မရောက်နိုင်တော့ပါဘူး။ နားစဉ်သူအားလုံးအပေါဘုရားသခင်ကောင်းကြီမင်္ဂလာ

များခံစားရပါစေ။

 

Add new comment

5 + 0 =