ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၈၊ ၉၊ ၂၀၂၂

သာမန်ကာလ (၂၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ ရှင်လုကာ၉း၅၇-၆၂

 ယေဇူးဘုရားရှင်ရဲ့နောက်တော်ကိုလိုက်ပြီးတပည့်တော်ကြီးများနည်းတူတရားဒေသနာကိုဟောပြောချင်

တဲ့သူတွေကယေဇူးဘုရားရှင်ကိုဆင်ခြေအမျိုးမျိုးပေပြီးနောက်တော်ကိုလိုက်ဖို့နှောင့်နှေးနေကြပါတယ်။

လူတွေကိုဘုရားရဲ့တရားတွေဟောပြောပေးတာထက်ပိုအရေးကြီးတဲ့ကိစ်စမရှိတော့ပါဘူး။ ဒါကြောင့်ဘာ

ဆင်ခြေမှတရားဒေသနာဟောပြောတာကိုနှောင့်နှေးစေလိုမြဖစ်ပါဘူ။ လူတစ်ယောက်ကလည်း “ကိုယ်တော်

နောက်ကိုလိုက်ပါမယ်ဒါပေမဲ့ကျွန်ုပ်ရဲ့ဖခင်ကိုအရင်သင်္ဂြိုလ်ပါရစေ” တဲ့။ သူအဖေက အခုသေလုမျောပါးဖြစ်

နေတာတော့မဟုတ်ပါဘူး။ သူဆိုလိုတာကအဖေသေပြီးမှနောက်တော်သို့လိုက်ပါရစေ။ အမွေကိစ္စတွေခွဲဝေပြီး

မှာလိုက်ပါရစေလိုပြောခြင်းဖြစ်ပါတယ်။ ဒါကိုသခင်ယေဇူးပြန်ပြောတာကထူးဆန်းတယ်နော် “လူသေတို့သည်

မိမိတို့၏လူသေများကိုသင်္ဂြိုလ်ပါရစေ”တဲ့သင်္ဂြိုလ်ခံရတဲ့လူတွေကလည်းလူသေတွေ၊ သင်္ဂြိုလ်ပေးတဲ့လူတွေက

လည်းလူသေတွေပဲဖြစ်နေတယ်။ ဆိုလိုတာကတခြားလူတွေကအသေကိစ္စကိုလုပ်ကြပါလိပ်မယ်။ မင်းကတော့

အရှင်ကိစ္စကိုလုပ်ပါအမြဲတမ်းအသက်ရှင်နေတဲ့တရားကိုလိုက်ဟောပါလို့သခင်ယေဇူးကမိန်တော်မူလိုက်ခြင်း

ဖြစ်ပါတယ်။ သခင်‌ယေဇူးကကျနော်တို့ဆီကဘာလိုချင်တာလဲ။ ပြီပြီလုံးလုံးအပ်နှံခြင်းပါပဲ့ဘုရားကိုချစ်ရာမှာ

သခင်ယေဇူးရဲ့တရားတော်နောက်သို့လိုက်ရာမှာကိုယ်ကြိုက်တာလေးပဲရွေးလုပ်တာမဟုတ်ပဲနဲ့သခင်ယေဇူးရဲ့

တရားတော်အကုန်အစင်တစ်ခုမကျန်လိုက်နာဖို့ပြီပြီလုံးလုံးအပ်နှံဖို့ကိုဘုရားကတောင်းဆိုနေပါတယ်။ ကျတော်

တို့ကထာဝရအသက်ကိုလိုချင်သလိုကားတိုင်ထမ်းဖို့ကိုလည်းမငြင်းပယ်ပါနဲ့။ ကျနော်တို့ကဘုရားရှင်ရဲ့သနား

ခွင့်လွှတ်တာကိုလိုချင်သလို ဘုရားရှင်ရဲ့တရားမျှတတဲ့စီရင်ချက်ကိုလည်းလက်ခံရပါမယ်။ ဘုရားသခင်ဆီက

ကိုယ်လိုချင်တာလေပဲးကွက်ပြီးးရွေးကြိုက်လိုမရပါဘူး။ ဒါကြောင့်ဘုရား သခင်နောက်ကိုလိုက်ဖို့ဘာပဲစွန့်လွှတ်

ရပါစေအဆင်သင့်ရှိကြပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင် ကောင်းကြီးမင််ဂလာများခံစားရပါစေ။

Add new comment

6 + 5 =