ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၆) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၂၆၊ ၉၊ ၂၀၂၂

သာမန်ကလာ(၂၆)ကြိမ်မြောက်တနင်္လာန (ရှင်လုကာ ၉း၄၆-၅၀)

 သခင်ယေဇူးရဲ့တပည့်တော်ကြီးတွေကသခင်ယေဇူမိန့်တော်မူတဲ့ “ငါသည်လူအကြီးအကဲတို့

လက်ထဲကိုအပ်နှံခံရမယ်၊ ဒုက္ခခံရမယ်၊ အသေခံရမယ်" ဆိုတာတွေကိုသဘေားပေါက်ပုံမရပါ

ဘူး။ သခင်ယေဇူးကိုဒီကမ္ဘာမြေပေါ်ကဘုရင်တစ်ပါးဖြစ်လာမယ်လိုမျှော်လင့်ထားကြလို့တပည့်

တော်ကြီးတွေကရာထူရာခံနေရာလုနေကြပါတယ်။ ဒါကြောင့်တပည့်တော်ကြီးတွေအထဲမှာဘယ်

သူကအကြီးမြတိဆုံးလည်းလို့အငြင်းပွားနေကြပါတယ်။ ဘုရားရှေ့မှာတကယ်ကြီးမြတ်တဲ့သူ

ဆိုတာနှိမ်ချတဲ့သူ၊ သူတပါးအတွက်အနှစ်နာခံတဲ့သူ၊ အထူးသဖြင့်ဆင်းရဲချို့တဲ့သူတွေအတွက်

ပေးဆပ်အနစ်နာခံတဲ့သူတွေဖြစ်ပါတယ်။ သူတပါးအတွက်ပေးဆပ်အနစ်နာခံလေလေသင်ဟာ

ကြီးမြတ်တဲ့သူဖြစ်လေလေပါဘဲ။  ဆင်းရဲတဲ့သူတွေကသင်ကိုပြန်လည်ကျေးဇူးမဆပ်နိုင်မှန်သိ

ရဲ့နဲ့ သင်ကသူတို့ကိုပေးဆပ်အနစ်နာခ့တာဟာပိုပြီးကြီးမြတ်စေပါတယ်။ ယေဇူးဘုရားရှင်က

“သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည်အကြီးမြတ်ဆုံးဖြစ်၏”လို့မိန်တော်မူပါတယ်။ အသိမ်

ငယ်ဆုံးသောသူဆိုတာလူတွေရှေ့မှာဟိတ်ကြီးဟန်ကြီးနဲ့ထင်ပေါ်ကျော်ကြားသူတွေမဟုတ်ပါဘူး။

စိတ်နှလုံးသားနှိမ့်နှိမ့်ချချတဲ့အသေးအဖွဲလေတွေကအစဘုရာအလိုတော်ကိုသစ္စာရှိရှိလုပ်တဲ့သူဖြစ်

တယ်။ လူတွေအမြင်မှာဘာမှာမကြီးကျယ်ပေမဲ့ရိုးရိုးသားသားနေထိုင်ကျင့်ကြံသူဖြစ်တယ်။ အခု

လည်းကြည့်ပါလားသခင်ယေဇူးနံမည်ကိုအမှီပြုပြီးနတ်ဆိုးတွေနှင်ထုတ်တဲ့သူတစ်ယောက်ကို

တပည့်တော်ကြီးတွေကမနာလိုဖြစ်နေကြတ်။ သူကိုဆက်မလုပ်ဘို့တာမြစ်ခိုင်ပေမဲ့သခင်ယေဇူး

ကမတာမြစ်ပါဘူး။ နတ်ဆိုးနှင်ထုတ်ပေးတဲ့သူကသခင်ယေဇူးရဲ့တပည့်တော်ကြီးအဖွဲ့ထဲကမဟုတ်

လို့ သခင်ယေဇူပြောပြီးတာမြစ်ခိုင်းတာပါ။ ဒါပေမဲ့သခင်ယေဇူကတော့ “သူကိုမတာမြစ်ကြနဲ့ငါ

တို့နဲ့မဆန့်ကျင်တဲ့လူဟာငါတိုနဲ့တဖွဲ့တည်းပါဘဲ”လို့မိန်တော်မူပါတယ်။ သာသနာအကျိုးကိုလုပ်

ဆောင်ကြတဲ့အခါ ဘယ်သူကဘယ်အဖွဲ့၊ ငါတို့နဲ့တဖြွ့တည်းသားမဟုတ်ဘူးဆိုတဲ့စိတ်ထားတွေ

ကိုစွန့်ပြစ်ကြရပါတယ်။ အားလုံးကကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေသော်လို့ဆုတောင်း

နေတဲ့ညီအစ်ကိုမောင်နှမချင်းသာဖြစ်ကြပါတယ်။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်း

ကြီးမင်္ဂလာများခံစာရပါစေ။

Add new comment

1 + 4 =