ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၁၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ ရှင်လုကာ ၄း၃၈-၄၄

 ယေဇူဘုရားရှင်ကဒီလောကထဲ့ကိုဆင်းကြွလာတာကဘုရားသခင်ရဲ့နိုင်ငံတော်နှင့်ဆိုင်ရာသတင်းကောင်း

ကိုဟောပြောဖို့ဖြစ်ပါတယ်။ အခုလိုဟော‌ပြာခြင်းမပါပဲရောဂါတွေအမျိုးမျိုးကိုဘုရားရဲ့တန်ခိုးတော်နဲ့ကုသ

နေရင်လူတွေဘုရားရဲ့တရားတော်တွေကိုမသိရှိပဲအနာရောဂါပျောက်ကင်တာပဲသကသက်ဖြစ်နေမယ်။

ဒါကြောင့်ဒီနေကျမ်းစာထဲမှာစီမွန်ရဲ့ယောက္ခမကိုရောဂါပြောက်ကင်စေတယ်။ ညနေအချိန်မှာလူနာတွေအား

လုံးကိုရောဂါဝေဒနာတွေပျောက်ကင်းစေတယ်။ နတ်ဆိုးတွေကိုလည်းနှင်ထုတ်ပေးတယ်ဆိုတာဖတ်ရပါ

တယ်။ ဒါကြောင်အဲဒီလူတွေကသခင်ယေဇူးကိုသူတိုဆီမှာပဲနေပါဘယ်မှမသွားပါနဲ့လို့တာကြပေမဲ့သခင်

ယေဇူးကတေနာ့ငါတရားဟောဖို့လာတာဖြစ်လို့တခြာမြို့ရွာတွေကိုလည်းလိုက်လံဟောပြောမယ်လို့မိန့်တော်

မူပါတယ်။ သခင်ယေဇူးဟောပြောတာတွေမှန်ကန်ကြောင်းရောဂါတွေကိုပျောက်ကင်းစေတဲ့တန်ခိုးတွေက

သက်သေပြနေပါတယ်။ ရောဂါဝေဒနာတွေကုသပျောက်ကင်းတဲ့လက်တွေ့တန်ခိုးတွေမပါပဲဟောပြောတာ

သက်သက်ပဲဆိုင်ရင်စကားသက်သက်ဖြစ်ပြီးဘာလက်တွေ့မှမြင်ရမှာမဟုတ်ပါဘူ။ ဒီလိုပါပဲကုသပျောင်ကင်း

စေတဲ့တန်ခိုးတွေပဲရှိပြီးဟောပြောတာလည်းမပါရင်ကုသတဲ့တန်ခိုးတွေကလည်းဘာအဓိပ္ပါယ်မှရှိမှာမဟုတ်

ပါဘူး။ ဒါကြောင့်ကျန်မာခြင်မယ်တော်ထံသဒ္ဒါကြည်ညိုနိုဗီနားလုပ်တဲ့အခါနှာစေးချောင်းဆိုကာယကျန်မာ

ရေးသက်သက်ပဲနှုတ်ကပါဌ်တော်တရာကိုအလေးနက်မထားရင်ဘာကောင်းကျိုးမျှရှိမှာမဟုတ်ပါဘူး။

မစ္ဆားတရားမှာလည်းကျမ်းစာဖတ်၊ ဩဝါဒပေးတာမပါဘူးဆိုရင်ကိုယ်တော်မြတ်ပင့်ပြီးလည်းရင်ထဲ့မှာဟာ

တာတာကြီးဖြစ်နေအုံးမှာပဲ။ ဗေလန်ကန္နီမယ်တော်ထံလာတာရောပျောက်၊ မပျောက်မမေးနဲ့သင်ကဘဝဟောင်း

ကိုပဲပြန်သွားမှာလားလို့ပဲမေးပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာမျာခံစားရပါစေ။

Add new comment

4 + 1 =