ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၂) ကြိမ်မြောက်တနင်္လာနေ့ သြဝါဒ ၂၉၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၂) ကြိမ်မြောက် တနင်္လာနေ့  ရှင်လုကာ ၄း၁၆-၃၀

 

ဘုရင်ခံဟေရုဒ်သူညီရဲ့ဇနီးဟေရုဒ္ဒိယကိုမယူသင်ဘူးလို့သံယောဟန်ဗတ္တိစတားကသတိပေးတာမြစ်ပါတယ်။

အဲတာနဲ့သံယောဟန်ဗတ္တိစတားကို ထောင်ချလိုက်ပါတယ်။ သံယောဟန်ဗတ္တိစတားကထောင်ချကျရအောင်

ဘာအပြစ်ကိုကျူလွန်ခဲ့လို့လည်း။ ရှင်ရှင်းပြောရ ရင်ဘုရင်ကမကြိုတ်လို့ဘဲ။ အာဏာရှင်စနစ်ဆိုတာအဲ့ဒီလိုပဲ။

ဘုရင်ကိုအကြည်အညိုပျက်စေလို့ထောင်ချတာတဲ့။ အာဏာရှင်ကိုအကြည်အညိုပျက်တဲ့အမှုလို့ပဲနားလည်အောင်

ပြောကြပါစို့။ တကယ်ဆိုရင်ဘုရင်ကိုအကြည်အညိုပျက်စေလို့တဲ့သဘောမျိုးသံယောဟန်ဗတ္တိစတာမှာမရှိပါဘူး။

ဘုရင်ကိုအကြည်အညိုပျကိအောင်လုပ်တာမဟုတ်ဘူး ပြုပြင်ပေးတာပါ။ ဒါဟာဘာထောင်ချစရာလိုသလည်း။

ဘုရားကိုအလေးထားတဲ့ဒါဝိဒ်မင်းကိုကြည့်ပါ။ ဒါဝိဒ်မင်းသူများမယားနဲ့ ပြစ်မှာမိတာကိုပရောဖတ်ယေားာနသန်

ကလာဆုံးမတဲ့အခါဒါဝိဒ်မင်းကနောင်တရပြီးပြုပြင်ခဲ့ပါတယ်။ ကြည်ညိုစရာကောင်းအောင်ပြုပြင်ဆုံးမပေးတာကို

ဒါဝိဒ်မင်းကလက်ခံတယ်။ ဒါဟာအကြည်အညိုပျက်စေတဲ့ပုဒ်မနဲ့တပ်လိုမရပါဘူး။ ဘုရင်ခံဟေရုဒ်ကသူ့မွေးနေ့မှာ

အကတော်တဲ့သူ့မယာပါသမီးကိုဆုချချင်လို့ကြိတ်တာတောင်းပါ။ ငါပေးမယ်လို့မင်းညီမင်းသားတွေ‌ရှေ့မှာကတိပေး

လိုက်ပါတယ်။ အခွင့်ကောင်းကိုစောင့်နေတာနဲ့သမီးက ယောဟန်ဗတ္တိစတားရဲ့ဦးခေါင်းကိုပေးပါလို့တောင်းလိုက်ပါ

တယ်။ ဘုရင်ခံဟေရုဒ်ကလည်းပေးထားတဲ့ ကတိကိုဘုရင်တပါးအနေနဲ့ဖျက်ရင်သိက္ခာကျတယ်ထင်ပြီး

ယောဟန်ဗတ္တိစတားကိုခေါင်းဖြတ်သတ်လိုက်တယ်။ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်ပေးထားတဲ့ကတွကို

ဖျက်ရ ရင်တောင်သိက္ခာမကျပါဘူ။ ဂုဏ်သိက္ခာတောင်ရှိပါသေးတယ်။ ဂုဏ်သိက္ခာဆိုတာဘုရားနဲ့သက်ဆိုင်တဲ့စာကား

လုံးပါ။ ဘုရားနဲ့သက်ဆါုင်တဲ့သူတွေဂုဏ်သိက္ခာရှိကြတယ်။ ကြည်ပါလား၊ ပြစ်မှုတွေအမျိုးမျိုးနဲ့စွတ်စွဲပြီးထောင်ချ

ခံရတဲ့ဒေါ်အောင်ဆန်းစုကြည်ကဂုဏ်သိက္ခာကျသွားလား။ ဂုဏ်သိက္ခာတက်လာသလား၊ လူတိုင်းသိကြတယ်။သူကို

ထောင်ထဲ့မှာလာတွေချင်လို့တောင်းဆိုနေကြတဲ့ ကမ္ဘာအရပ်အရပ်ကခေါင်းဆောင်တွေရှိကြတယ်။
  ဘာသာသူတို့တရားမျှတခြင်းနဲ့ချစ်ခြင်းမေတ္တာဟာဘာသာတရားတိုင်ရဲ့အဓိကကျင်စဉ်တွေပါပဲ။နာစဉ်သူအားလုံအပေါ်

ဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများခံစာရပါစေ။

Add new comment

10 + 1 =