ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၁) ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၇၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၁)ကြိမ်မြောက် စနေနေ့  ရှင်မာတေဦး ၂၅း၁၄-၃၀

 ယနေ့ယေဇူးဘုရားရှင်မိန်တော်မူတဲ့ဥပမာပုံပြင်ထဲ့မှာသူဌေးတစ်ဦးဟာနှစ်ရှည်လများကြာမည်ခရီး

တစ်ခုကိုမသွားခင်မှာသူမှာရှိတဲ့ပိုက်ဆံကိုအမြတ်အစွန်းရအောင်သူအစေခံတွေကိုသူတိုလုပ်နိုင်တဲ့

အရည်အချင်းအလိုက်ရင်နှီးငွေတွေပေးအပ်ခဲ့ပါတယ်။ တစ်ဦးကငါတာလင်၊ နောက်တစ်ဦးကနှစ်

တာလင်၊ ကျန်တစ်ဦးကတစ်တာလင်ရရှိကြပါတယ်။ နှစ်တွေကြာပြီသူဌေးပြန်လာတဲ့အခါရင်းနှီး

ငွေငါတာလင်ရရှိတဲ့အစေခံ ကနောက်ထပ်ငွေငါတာလင်အမြတ်ရရှိတယ်။ ရင်နှီးငွေနှစ်တာလင်ရ

ရှိတဲ့အစေခံကလည်းနောက်ထပ်နှစ်တာလင်အမြတ်ရရှိခဲ့ကြလိုသူတို့ကိုသူဌေးကချီးကျူးပြီးသစ္စာ

ရှိတဲ့အစေခံတွေဖြစ်လိုနောက်ထပ်ဥစ္စာပစ္စည်းတွေကိုစိတ်ချစွာအပ်နှင်ပေးပါတယ်။ ရင်နှီးငွေတစ်

တာလင်ရရှိခဲ့တဲ့အစေခံကတော့သူဌေးပိုက်ဆံပြောက်ဆုံမှာဆိုးလိုမြေကီးထု့ မှာမြှပ်ထားတာကို

ပြန်တူးဖော်ပြီးသူဌေးကိုပြန်အပ်လိုက်ပါတယ်။ နောက်ဆုံအစေခံရရှိခဲ့တဲ့ရင်းနှီးငွေတစ်တာလင်

ကမဖြစ်စလောက်လေးမထင်ပါနဲ့ငွေတစ်တာလင်ကရက်ပေါင်း(၆၀၀၀)ရဲလုပ်အားခနဲ့ညီမျှပါတယ်။

တစ်ရက်လုပ် အားခမြန်မာငွေ(၅၀၀၀)ကျပ်ရတယ်ထားအုံး။ ရက်ပေါင်း(၆၀၀၀)ရဲ့ လုပ်အားခဆို

သိန်း(၃၀၀)ကျပ်ရမှာပါ။ ဒီအစေခံကသူရရှိတဲ့ရင်းနှီးငွေသိန်း(၃၀၀)ကိုဘာမှမလုပ်ဘဲမြေထဲမြှပ်ထား

တယ်။ အဲဒါပျင်းလိုပဲလား၊ သူဌေးကိုမုန်းလိုပြလားတခုခုပါပဲ။ အဲဒီအစေခံရဲ့တကိုယ်ကောင်းဆံတဲ့

စိတ်ထားကသူဌေးကပေတဲ့ငွေသူဌေးကို တစ်ပြားမကျန်ဒီအတိုင်းပြန်ပေးမယ်။ လျှော့လည်းမ

လျှော့စေရဘူးသူပိုက်ဆံသူပြန်ပေးတာဘဲ။ ငါဘက်ကဘာအမှားမှမရှိဘူဆိုတဲဖာသိဖာသာမပူမအေ

စိတ်ထားမျိုးရှိတယ်။ စေတနာမရှိဘူတိုးတက်လိုစိတ်မရှိ ဘူး။ ကိုယ်ဘက်ကိုအပြစ်ဆိုဖွယ်မရှိဘူ

ကိုယ်အန္ဒာယယ်ကင်းတယ်။ တကယ်လိုများကိုယ်ကဒီငွေကိုတိုးပွားအောင်လုပ်လိုဆုံရှုံခဲ့ရင်ငါ

အငေါက်ခံရလိပ်မယ်။ အဲဓီလိုစိတ်ထားမျိုးကိုဘုရားကမကြိုတ်ပါဘူး။ ဘုရားကကျတော်တို့ကို

ပေးထားတဲ့အရည်အချင်း၊ ဥစ္စာပစ္စည်း၊ ကျန်းမာရေး၊ အချိန်စတဲ့ကိုယ်ရှိတဲ့အရာအားလုံးကိုဘုရားရဲ့

ဘုန်းဂုဏ်တော်အတွက်အကောင်းအတွက် အသုံးချရမယ်။ တိုးတက်အောင်လုပ်ဖို့ကြိုးစာရမယ်။

တကယ်ဆိုရင်ကျနော်တို့မှာရှိသမျှအရာအလုံးကဘုရား သခင်ရဲ့ကောင်းကြီးမင်္ဂလာတွေပါပဲ။

ဒါတွေကိုဘာမှအသုံးမချပဲမြေကြီးထဲမြှပ်ထာတာကိုဘုရားကမလိုလားဘူးကျနော်တို့အားလုံး

သစ္စာရှိတဲ့အစေခံကောင်းတွေဖြစ်ဖို့ဘုရားသခင်ကအလိုလားပါတယ်။ နားစဉ်သူအားလုံးအပေါ်

ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာမျာခံစားရပါစေ။

Add new comment

13 + 4 =