ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၃)ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၈၊ ၆၊ ၂၀၂၂

ချစ်လုစွာသောညီကိုမောင်နျမအပေါင်းတို့ ဒီကနေ့သာမန်ကာလ(၁၃)ကြိမ်မြောက်အင်္ဂါနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ (ရှင်မာတေဦး ၈း၂၃-၂၇)

ယေဇူးဘုရားရှင်က‌လေမုန်တိုင်းကိုသူတန်ခိုင်းတော်နဲ့ငြိမ်သက်စေလိုက်ပါတယ်။ လေမုန်တိုင်းဟာသဘဝတရားပါ။ လေဟာပူရင်ပွပြီး အပေါ်တက်တယ်၊ ဒီအခါဘေးကလေတွေကဝင်လာပြီးမုန်တိုင်းဖြစ်ပေါ်လာတာပါ။ အက်ဒီသဘာဝတရားကိုလည်း ယေဇူးဘုရားရှင်ကထိမ်းသိမ်းချုပ်ကြိုင်နိုင်တဲ့ဘုရားြဖစ်တော်မူပါတယ်။ လေမုန်တိုင်းတိုက်တဲ့အချိန်မှာ ယေဇူးဘုရားရှင်က လှေထဲ့မှကျိန်စက်နေပါတယ်။ တပည့်တော်ကြီးအများစုကတံငါသည်တွေဖြစ်ပေမဲ့ဒီလေမုန်တိုင်းက အသက်အန္ဒာယယ်ကြီးမှန်သူတိုသိ ကြတယ်။အဲဒါနဲ့သူတိုဟာကြောက်လန့်ပြီးကိုယ်တော်ကိုနှိုးကြာပါတယ်။ ကိုယ်ကမင်းတို့မှာသတ္တိမရှိဘူလားလို့မိန့်တော်မမူခဲ့ပါဘူး။ မင်းတို့ဘယ်လိုလုပ်ရမယ်ဆိုတာဉာဏ်မရှိကြဘူလားလို့မ ငေါက်ခဲ့ပါဘူး။ ကိုယ်တော်မိန့်တော်မူတာက "မင်းတို့မှာယုံကြည်ခြင်းအားနည်းလှချည်လား" လို့မိန့်တော်မူပါတယ်။ ယုံကြည်ရင်ဘာ မဆိုတက်နိုင်ပါတယ်။ ဒီလိုအတွေအကြုံတွေများများဖြတ်သန်းရင် တပည့်တော်ကြီးတွေဟာယုံကြည်ခြင်းတိုးပွားလာတာကိုတွေ့ရပါတယ်။ ကျမ်းစာထဲ့မှာတပည့်တော်ကြီးတွေပင်လယ်မှလေမုန်းတိုင်းမိတဲ့ဖြစ်ရပါနှစ်ခုကိုတွေရပါတယ်။ ပထမဖြစ်ရပ်ကခုဖတ်သွားတဲ့ကျမ်းစာပါ။ ကျမ်းစာရဲ့အဆုံမှာ "သူတိုသည်အံ့ဩကြ၍ ဤသူသည်မည်သို့သောသူဖြစ်သနည်။ လေနှင်ပင်လယ်တို့ပင်လျှင် သူကိုနာခံကြပါသည်တကား ဟုဆိုကြ၏။ အခုပထမဖြစ်ရပ်အဆုံးမှာတပည့်တော်ကြီးတွေက လေနဲ့ပင်လယ်အပေါဩဇာအဏာရှိတဲ့သခင်ယေဇူးကိုအံ့ဩကြတဲ့အဆင့် မှာဘဲ့ရှိကြပါသေးတယ်။ ဒုတိယလေမုန်တိုင်းဖြစ်ရပ်မှာ တပည့်တော်ကြီတွေရဲ့လှေဟာလေမုန်တိုင်းမိနေစဉ်သခင်ယေဇူးကရေပေါ်မှာလမ်းလျှောက်ပြီးလာ တဲ့ဖြစ်ရပ်ပါ။ သခင်ယေဇူးလည်းလှေထဲ့ကိုရောက်ရော လေမုန်တိုင်းငြိမ်သက်သွားပါတယ်။ ဒီဒုတိယဖြစ်ရပ်ရဲ့အဆုံးမှာတော့ တပည့်တော်ကြီ တွေကအံ့ဩတဲ့အဆင့်ထက်တစ်ဆင့်ပိုပြီးတော "အကယ်စင်စစ်ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူတယ်" လို့ပိုပြီးယုံကြည်လာ ပါတော့တယ်။ ကျတော်တို့လည်းနေ့စဉ်ဘဝအတွေ့အကြုံတွေကြားမှာဘုရားရှင်ကိုတွေ့ရှိယုံကြည်ပြီးတနေ့တခြားယုံကြည်ခြင်းတိုးပွားအောင် ကြိုးစာသွားကြပါစို့။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။

Add new comment

1 + 4 =