ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၃)ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၃၀၊ ၆၊ ၂၀၂၂

ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့ ဒီကနေ့သာမန်ကာလ(၁၃)ကြိမ်မြောက်ကြာသပတေးနေ့မှာ ဖတ်ရတဲ့ဧဝ့ဂေလိကျမ်းစာကတော့ (ရှင်မာတေဦး ၉း၁-၈-)ဖြစ်ပါတယ်။ ယေဇူးဘုရားရှင်ကလေဖြတ်နေတဲ့လူနာကိုတန်ခိုးတော်နဲ့ကုသပျောက်ကင်းစေရာမှာ “သင်၏အပြစ်များခွင့်လွတ် ခြင်ခံရလေပြီ” လို့မိန်တော်မူလိုက်ပါတယ်။ ကိုယ်ကာယမှာဖြစ်နေတဲ့ရောဂါဝေဒနာကဒီလောက်အရေးမကြီး ပါဘူး။ ဒါပေမဲ့ဝိညာဉ်မှာဖြစ်နေတဲ့ရောဂါဝေဒနာကသာပိုအရေးကြီးပါတယ်။ ဒါကြောင့်ယေဇူးဘုရားရှင်ကအဲ့ ဒီလူရဲ့ဝိညာဉ်မှာစွဲ့ကပ်နေတဲ့အပြစ်ကိုခွင့်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ ကျတော်တို့နာစေးချောင်းဆိုးနေ မကောင်းထိုင်မသာဖြစ်နေတာတွေကအရေးမကြီးပါဘူး။ ဝိညာဉ်မှာအပြစ်နဲ့ကင်းစေဖို့ကအရေးဆုံးကြီးပါပဲ။ လောကမှာအပြစ်ခွင့်လွတ်ပိုင်ခွင်ရှိတာဟာဘုရားသခင်မှာပဲရှိပါတယ်။ ဘုရားသခင်ကသာလူတို့ရဲ့အပြစ်ကိုခွင့်လွတ် ပိုင်ခွင့်ရှိတာပါ။ ဒါကြောင့်ပဲ ကျမ်းတက်ဆရာတွေကသခင်ယေဇူးကို “ဘုရားသခင်ကိုထိခိုက်တဲ့စကားပြောဆိုတယ်” လို့ စွတ်စွဲကြတယ်။ သခင်ယဇူးကဘုရားသခင်ဖြစ်တယ်ဆိုတာသူတို့မသိကြပါဘူး။ ဒါကြောင့်သခင်ယေဇူးကလူနာကိုရောဂါပြောက်ကင်းစေဖို့ဘယ်လိုစကားသုံးရမှာလည်း “သင်၏အပြစ်များခွင့်လွတ် ခံရပြီ” လို့ပြောရမှာလား? “ထ၍လမ်းသွားလော့” လို့ပြောရမှာလား။ ဘယ်လိုစကာပဲသုံးသုံးလက်တွေ့မှာတောလူနာကရောဂါ ပြောက်ကင်းသွားတဲ့တန်ခိုင်းခံစားလိုက်ရပါပြီး။ ဒါဆိုကုသပျောက်ကင်းစေတဲ့တန်ခိုးပိုင်ရှင်ကဘုရားမဟုတ်ဘူး လား။ ဒါပေမဲ့အခုလို “သင်၏အပြစ်မျာခွင့်လွတ်ခြင်းခံရလေပြီ” လို့စကားသုံးနှုံးတာကဒီလောကမှာဘုရားသခင်က လူတွေရဲ့အပြစ်တွေကိုခွင့်လွတ်ပိုင်ခွင်ရှိကြောင်းသိစေခြင်လို့အဲ့ဒီလိုစကားအသုံးအနှုံးကိုသုံးနှုံးပြလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်လူတွေဟာအပြစ်ကိုခွင့်လွတ်နိုင်တဲ့ဘုရား၊ ရောဂါတွေကိုတန်ခိုးတော်နဲ့ပျောက်ကင်းချမ်းသာ စေနိုင်တဲ့ဘုရားကို လက်တွေသိရှိယုံကြည်လာကြတာဖြစ်ပါတယ်။ ကျတော်တို့လူတွေဘက်ကလည်းဘုရာရဲ့ခွင့် လွတ်ခြင်းခံရစေဖို့နောက်တရကြပါ၊ အခက်ခဲဒုက္ခတွေများပြားလှတဲ့ဒီ‌လောကထဲ့မှာ အားလုံးစုံကိုတက်နိုင်တဲ့ ဘုရားအပေါ်ယုံကြည်မျှော်လင့်နိုင်ကြပါစေ။ နားစဉ်သူအားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများခံစာကြရပါစေ။

Add new comment

7 + 5 =