ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) တမန်တော်ရှင်ပေတရုနှင့်ရှင်ပေါလုပွဲ ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၉၊ ၆၊ ၂၀၂၂

                ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ ဒီနေ့ဟာတမန်တော်ကြီးရှင်ပေတရုနှင့်ရှင်ပေါလုတို့ရဲ့ပွဲနေကြီး

 ဖြစ်ပါတယ်။ ယေဇူးဘုရားရှင်ကရှင်ပေတရုကို "သင်သည်ပေတရုဖြစ်၏ ဤကျောက်ပေါ်တွင်ငါ၏အသင်းတော်ကို

ငါတည်ဆောက်မည်"။  ဘာသာသူတို့သင်တို့ဟာကက်သလစ်အသင်းတော်ထဲ့မှာပါဝင်ရတာကိုဂုဏ်ယူမိရဲ့လား။

ဂုဏ်ယူစရားဖြစ်တယ်ဆိုတာရောသိကြပါရဲ့လား။အသင်းတော်ကသင်ကို လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်တော်မူ

တဲ့သခင်ခရစ်တော်ဆီကိုလမ်းညွန်ခေါ်ဆောင်သွားနေ့ပါတယ်။ 

      " ပေတရု" ဆိုတဲ့အမည်ရဲ့အဓါပ္ပါယ်ကကျောက်ဆောင်ဖြစ်ပါတယ်။ ရှင်ပေတရုရဲ့လုပ်ဆောင်ချက်တချို့ကတော့

ကျောက်ဆောင်လိုခိုင်မာပြတ်သားတာမဟုတ်ပေမဲ့ ပေတရုရဲ့ဘုရားအပေါ်မှာထားရှိတဲ့ယုံကြည်ခြင်း၊ ချစ်ခြင်းတွေက

ကျောက်ဆောင်လိုခိုင်မာနေပါတယ်။ရှင်ပေတရုကကြောက်လို့ သခင်ယေဇူးကို(၃) ခါငြင်းခဲ့ပေမဲ့ "တပည့်တော်သည်

ကိုယ်တော်ကိုချစ်ကြောင်းကိုယ်တော်သိပါပါတယ်" လို့(၃) ခါတိတိဖွင့်ဟပြောဆိုခဲ့ပါတယ်။ သခင်ယေဇူးရဲ့တရားတော်ကို

ကျင့်ကြံနေထိုင်ရာမှာမသိနားမလည်တဲ့အရာတွေကိုရှင်ပေတရု ကမေးမြန်းခဲ့တယ်။ (ဥပမာ) "လူတစ်ယောက်ကတပည့်တော်

ကို ပြစ်မှားထိခိုင်ရင် သူကိုဘယ်နှစ်ခါခွင့်လွှတ်ရမှာလဲ" တပည့်တော်တို့ဟာရှိသမျှကိုစွန်လွတ်ပြီးကိုယ်တော်နောက်သို့လိုက်

ခဲ့ကြပါပြီး။ တပည့်တော်တို့ဘာရမှာလည်း"တဲ့" ရိုးသားတဲ့တံငါသည်ကြီးဖြစ်တဲ့ရှင်ပေတရုကိုအသင်းတော်ရဲ့ဦး

ဆောင်သူအဖြစ်ခန့်အပ်တာဟာထိုက်တန်ကြောင်း သခင်ယေဇူးသိမြင်တော်မူပါတယ်။ နောက်ဆုံမှာရှင်ပေတရုဟာ

"ငါ့ကိုငါ့သခင်ရဲ့ပုံစံအတိုင်းလက်ဝါးကားတိုင်မတင်ကြပါနဲ့။ ငါဟာမထိုက်တန်ပါဘူး ငါ့ကိုလက်ဝါးကားတိုင်တင်တဲ့အခါ

ဇောက်ထိုးထားပြီးတင်ပါလိုတောင် တောင်းဆိုခဲ့တဲ့အထိသက်သေခံခဲ့ပါတယ်။ 

       ရှင်ပေါလုဟာလည်းမိရိုးဖလာ ဂျူးထုံးစံတွေနဲ့မကိုက်ညီတဲ့ခရစ်ယာန်တွေကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ခဲ့ပေမဲ့ ယေဇူး

ဘုရားရှင်နဲ့တွေ့ကြုံခံစာရပြီးတဲ့အခါ ဘာသာပတွေကိုတောင် တရားဟောတဲ့တမန်တော်ကြီးဖြစ်လာခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့

ထောင်သွင်းအကျဉ်းချထားတာခံနေရတာတောင် သာသနာအုပ်စုအသီသီးထံသို့ဆုံမစာစာတွေရေပြီးတရားဟောခဲ့ပါတယ်။

ရှင်ပေါလုရေးတဲ့ အဲ့ဒီဆုံမစာတွေကိုဓမ္မသစ်ကျမ်းစာထဲ့မှာဖေါ်ပြထားပါတယ်။ တမန်တော်ကြီးရှင်‌ပေတရုနဲ့ရှင်ပေါလုတိုရဲ့ဟောပြော

မှုတွေကြောင့် ယနေ့အသင်တော်ကြီးဟာ ယေဇူးဘုရားရှင်ရဲ့ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကိုရင်ဝယ်ပိုင်နိုင်ရပါတယ်။

ရှင်ပေါလုလည်းယေဇူးဘုရားကိုဘယ်လောက်ချစ်မလဲ၊ ယုံကြည်မျှော်လင်သလဲဆိုတာ ဖိလိပိဩဝါဒစာထဲ့မှာတွေ့ရပါတယ်။

ရှင်ပေါလုရေးထာတာက "ငါအသက်ရှင်ခြင်းသည် ခရစ်တော်အတွက်သာဖြစ်၍ သေခြင်းသည်ကောင်းသောအကျိုးကိုရနိုင်ရန်

အတွက်ဖြစ်သည်ဟု ငါခံယူထားသောကြောင့်ဖြစ်၏။ အကယ်၍ငါသည်ကိုယ်ခန္ဓာ၌အသက်ရှင်ရပါလျှာင်အကျိုးရှိသောအမှုကို

ဆောင်ရွက်ရန်အခွင့်အရေးရရှိသည်ဟုခံဘူထား၏။ သို့သော်ငါသည်မည်သည်အရာကိုရွေးချယ်ရမည်ကိုမသိပေ။ ငါသည်ဤနှစ်ခု

အကြားတွင်စိတ်နှစ်ခွဖြစ်လျှက်ရှိ၏။ငါ၏အလိုဆန္ဒသည်ကာ ဤနေရောမှစွန်ခွာ၍ ခရစ်တော်နှစ်အတူရှိရန်ဖြစ်၏။ အကြောင်းမူကာ

ထိုအရာများစွာသာလွန်ကောင်းမွန်၏"။ (ဖိလိပိ၁း၂၁)

       ကျတော်တိုလည်းရှင်ပေါလုလို သေရင်လည်းကောင်းတယ်၊ ရှင်ရင်လည်းကောင်းတယ်။ သေရင်လည်းဘာလို့ကောင်းသလဲ

ကောင်းကင်ဘုံမှာခရစ်တော်နဲ့အတူတူထာဝရအသက်ရမှာမိုလို့ကောင်းတယ်။ ရှင်ရင်လည်းကောင်းတယ် ဘာဖြစ်လို့လည်းဆိုတော့

ခရစ်တော်ရဲ့တရားတော်ကိုဟောပြောသက်သေခံပြီး လူတွေကိုဝမ်း‌မြောက်အောင်လုပ်ပေးရလို့ကောင်းတယ်တဲ့။ သေရင်းလည်း

ကောင်းတယ်၊ ရှင်ရင်လည်းကောင်းတာဘဲဆိုတဲ့ရွေးချယ်စရာ၂ခုမှာ ရှင်ပေါလုအနေနဲ့ သေပြီးထာဝရအသက်ရတာကိုပိုကြိုက်တယ်

ဆိုတာကိုရေးထာပါတယ်။ ရှင်ပေတရုနဲ့ရှင်ပေါလုတိုဟော‌ပြောချက်မျာကိုကျင့်ဆောက်တည်ခြင်းအားဖြင့်လောကမှာအသက်ရှင်စဉ်

ချစ်ခြင်မေတ္တာနဲ့ရှင်ပြီး သေရင်လည်းထာဝရအသက်ကိုရမယ်လို့ယုံကြည်မျှော်လင့်နိုင်ကြပါစေ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်

ရဲ့ကောင်းကြီးမင်္ဂလာများခံစာရပါစေ။

 

 

Add new comment

7 + 4 =